အမှိုက်သိမ်းတဲ့လုပ်ငန်းတွေကို တစ်နေ့(၂)ကြိမ်ထက် မနည်းတိုးမြှင့်လုပ်ဆောင်ရန်မလိုသေးဟု ရန်ကုန်မြို့တော်ဝန်ဆို

အမှိုက်သိမ်းတဲ့လုပ်ငန်းတွေကို တစ်နေ့(၂)ကြိမ်ထက် မနည်းတိုးမြှင့်လုပ်ဆောင်ရန်မလိုသေးဟု ရန်ကုန်မြို့တော်ဝန်ဆို
September 20, 2017 Fame Asian

3:00 pm
အမှိုက်သိမ်းတဲ့လုပ်ငန်းတွေကို တစ်နေ့(၂)ကြိမ်ထက် မနည်းတိုးမြှင့်လုပ်ဆောင်ရန်မလိုသေးဟု ရန်ကုန်မြို့တော်ဝန်ဆို

 

 

 

 

aaaa

ရန်ကုန် ၊ စက်တင်ဘာ ၂၀

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့ နယ်တွေမှာ အမှိုက်သိမ်းယာဉ်တွေ အရေအတွက်တိုးမြှင့်ချထားပေးဖို့ နဲ့ လူဦးရေထူထပ်တဲ့ မြို့ နယ်များမှာ အမှိုက်သိမ်းစနစ်ကို တစ်နေ့ (၂)ကြိမ်ထက်မနည်း သိမ်းဆည်းဆောင်ရွက်ပေးဖို့ ရှိမရှိမေးမြန်းမှုနဲ့ပတ်သက်လို့ ပြည်သူတွေကို အသိပညာပေးလုပ်ငန်းတွေလုပ်သွားမှာဖြစ်ပြီး အကြိမ်ရေတိုးမြှင့်ပေးဖို့ မလိုဘူးလို့ ရန်ကုန်မြို့ တော်ဝန်ဦးမောင်မောင်စိုးက ဒီကနေ့ လွှတ်တော်မှာပြောပါတယ်။ ငါးကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ (၆)ရက်မြောက်နေ့ မှာ မရမ်းကုန်းမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက အထက်ပါမေးခွန်းကို မေးမြန်းခဲ့တဲ့အတွက် ၎င်းကပြန်လည်ဖြေကြားခဲ့တာပါ။

”အမှိုက်စွန့့်ပစ်ခြင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေကို ပိုပြီးကျယ်ကျယ်ပြန့် ပြန့် ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်ရင် သတ်မှတ်ရက်အလိုက် အမှိုက်သိမ်းဆည်းနိုင်ရင် အကြိမ်တိုးမြှင့်ပြီးသိမ်းဆည်းဖို့ အတွက် လိုအပ်မှာမဟုတ်ပါဘူး။ အမှိုက်သိမ်းတဲ့လုပ်ငန်းတွေကို တစ်နေ့ (၂)ကြိမ်ထက် မနည်းတိုးမြှင့်လုပ်မယ်ဆိုရင် အခုလက်ရှိဆောင်ရွက်နေတဲ့ လုပ်သားအင်အား၊ယာဉ်ယန္တရား၊စက်သုံးဆီတွေကို တိုးမြှင့်ရမှာမို့ ရန်ပုံငွေဘတ်ဂျတ်ရထားချက်တွေတိုးမြှင့်လာဖို့ လိုမှာဖြစ်
ပါတယ် အကယ်၍လိုအပ်မယ်ဆိုရင်တော့ ဘတ်ဂျတ်ရထားမှုအပေါ်မူတည်ပြီး တိုးမြှင့်ဆောင်ရွက်ပေးပါမယ်” လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

မေးခွန်းမေးမြန်းတဲ့လွှတ်တော်ကိုယ်စားလှယ်ကတော့ လူနေထူထပ်တဲ့ရပ်ကွက်တွေနဲ့ ဈေးများအနီးတစ်ဝိုက်မှာတော့ တစ်နေ့ တစ်ကြိမ်နဲ့ မလုံလောက်ဘဲ နှစ်ကြိမ်လောက်သိမ်ပေးနိုင်မှ အမှိုက်ကင်းစင်မယ့်အနေအထားမှာရှိတယ်လို့ ပြောပါတယ် ။ ”အကြောင်းတစ်ခုခုကြောင့် အမှိုက်သိမ်းယာဉ်မလာရောက်နိုင်လို့ ပဲဖြစ်ဖြစ် အမှိုက်သိမ်းယာဉ်လာချိန်မှာ အိမ်မှာ လူရှိချိန်မတိုက်ဆိုင်တာပဲဖြစ်ဖြစ် ဈေးတွေရှိတဲ့နေရာတွေမှာကျ အမှိုက်က တစ်နေ့ လုံးထွက်နေတဲ့အခါကျတော့ လုံလောက်တဲ့အမှိုက်သိမ်းစနစ်တစ်ခုကို မဆောင်ရွက်နိုင်သေးတာကို တွေ့ ရတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိမြို့ နယ်များမှာ တစ်နေ့ ကို အမှိုက်တန်ချိန် ၂၅၀၀ လောက်နေ့ စဉ်သိမ်းဆည်းနေရတယ်လို့ သိရပါတယ်။ယင်းအမှိုက်များကို အမှိုက်သိမ်းယာဉ် ၄၁၁ စီးနဲ့ လှည့်လည်သိမ်းဆည်းနေပြီး ၂၀၁၁-၁၂ ခုနှစ်မှ၂၀၁၆-၁၇ အထိ ၁၉၁ စီးဖျက်သိမ်းခဲ့ပြီး ၁၁၅ စီးအသစ်ဝယ်ယူဖြည့်တင်းခဲ့တယ်လို့ ရန်ကုန်မြို့ တော်ဝန်ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*