ရန်ကုန်တိုင်း စာသင်ကျောင်းပရ၀ုဏ်တွေထဲက ကျူးကျော်အိမ်များနဲ့ ကျူးကျော်ဆိုင်ခန်းများကို ရှင်းတော့မည်

ရန်ကုန်တိုင်း စာသင်ကျောင်းပရ၀ုဏ်တွေထဲက ကျူးကျော်အိမ်များနဲ့ ကျူးကျော်ဆိုင်ခန်းများကို ရှင်းတော့မည်
September 20, 2017 Fame Asian

3:11 pm
ရန်ကုန်တိုင်း စာသင်ကျောင်းပရ၀ုဏ်တွေထဲက ကျူးကျော်အိမ်များနဲ့ ကျူးကျော်ဆိုင်ခန်းများကို ရှင်းတော့မည်

21616401_1552017854842174_8941573503808467581_n

ရန်ကုန် ၊ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စာသင်ကျောင်းပရ၀ုဏ်များထဲက ကျူးကျော်အိမ်များနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးပေမယ့် မဖယ်ပေးဘဲဆက်ရှိနေတဲ့ သက်သာဆိုင်ခန်း(ကျူးကျော်ဆိုင်ခန်း) များကို လာမယ့်ကျောင်းဖွင့်ရာသီနောက်ဆုံးထားပြီး ဖျက်သိမ်းဖယ်ရှားသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးမှ စာသင်ကျောင်းတွေမှာရှိနေတဲ့သက်သာဆိုင်ခန်းအားလုံးကို ဖျက်သိမ်းဖယ်ရှားဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အစည်းအဝေးအမှတ်စဉ် ၁၄/၂၀၁၇ ဆုံးဖြတ်ချက်အပိုဒ် ၄၄ အရ ယခုနှစ်ကျောင်းမဖွင့်မီကာလအတွင်း ဖျက်သိမ်းဖို့ ကျန်နေတဲ့အခန်းတွေကို ၁၉၅၅ ခုနှစ်အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်းဥပဒေအညီဆောင်ရွက်ပြီးပြန်လည်တင်ပြဖို့ တိုင်းပညာရေးမှူးရုံးတွေကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီကနေ့ ကျင်းပတဲ့
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။

ငါးကြိမ်မြောက်ပုံမှန် အစည်းအဝေးကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ (၆)ရက်မြောက်နေ့ မှာ လှိုင်သာယာမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ” လှိုင်သာယာမြို့ နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျူးကျော်အိမ်များနဲ့ ကျူးကျော်ဆိုင်ခန်းများကို ဖယ်ရှားပေးရန်အစီအစဉ်ရှိမရှိမေးမြန်းခဲ့ပါတယ်။ ” ကျောင်းခြံစည်းရိုးအပြင် စည်ပင်ရေမြောင်းကိုပါ ကျော်လွန်ပြီးတော့ အရှေ့ လမ်းမပေါ်တွေထိ ဆိုင်ခန်းတွေက ရောက်ရှိနေပါတယ် ကျောင်းကအိမ်သာတွေနဲ့ ပါ တစ်ဆက်ဆက်တည်းဖြစ်နေပါတယ်” လို့ သူကပြောပါတယ်။

လှိုင်သာယာမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေမှာတော့ ကျူးကျော်အိမ် ၃၄ လုံးနဲ့ ကျူးကျော်ဆိုင်ခန်း ၁၈၆ ခန်းရှိတယ်လို့ ဦးနိုင်ငံလင်းက လွှတ်တော်မှာတင်ပြပါတယ်။” သက်သာဆိုင်ခန်းတွေကို ၂၀၁၄ ခုနှစ်အောက်တိုဘာလကုန်အထိသာ ဆိုင်ခန်းလခပေးသွင်းပြီး စာချုပ်ကုန်ရင် ဆက်မချုပ်တော့ဘဲ ဆိုင်ခန်းတွေကို အပြီးအပိုင်ဖျက်သိမ်းကြဖို့ ညွှန်ကြားခဲ့ပေမယ့် သက်သာဆိုင်ခန်းဌားရမ်းထားသူတွေက လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ရန်ကုန်တိုင်းတစ်တိုင်းလုံးဖယ်ရှားမှသာ ဖယ်ပေးမယ်လို့ သိရတယ်” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။

လက်ရှိမှာ ဖယ်ရှားဖို့ ကျန်နေတဲ့ အချို့ ဆိုင်ခန်းတွေမှာ ကျောင်းသားကျောင်းသူများရှိနေတာကြောင့် ပြောင်းရွေ့ ဖို့ အခက်အခဲဖြစ်နေပြီး ၂၀၁၈ ခုနှစ် မတ်လအကုန်မှာ အားလုံးပြောင်းရွေ့ နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လူမှုရေးဝန်ကြီးကပြောပါတယ်။ဒါ့အပြင် လက်ရှိမပြောင်းရွေ့ သေးတဲ့ ကျူးကျော်ဆိုင်ခန်းများမှ ပြည်သူများကိုလည်း ပြောင်းရွေ့ ဖို့ ပြင်ဆင်ထားရန် မေတ္တာရပ်ခံလိုတယ်လို့ သူကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*