ကားပါမစ်သက်တမ်းများကို (၁၂)လပိုင်းအထိသာ သက်တမ်းပေးမည်ဆိုခြင်းမှာ ပြင်ပသတင်းများသာဖြစ်ပြီး တိကျသည့်တရားဝင်ကြေငြာချက်ကို ထုတ်ပြန်ပေးမည်ဟုဆို

ကားပါမစ်သက်တမ်းများကို (၁၂)လပိုင်းအထိသာ သက်တမ်းပေးမည်ဆိုခြင်းမှာ ပြင်ပသတင်းများသာဖြစ်ပြီး တိကျသည့်တရားဝင်ကြေငြာချက်ကို ထုတ်ပြန်ပေးမည်ဟုဆို
September 20, 2017 Fame Asian

4:03 pm
ကားပါမစ်သက်တမ်းများကို (၁၂)လပိုင်းအထိသာ သက်တမ်းပေးမည်ဆိုခြင်းမှာ ပြင်ပသတင်းများသာဖြစ်ပြီး တိကျသည့်တရားဝင်ကြေငြာချက်ကို ထုတ်ပြန်ပေးမည်ဟုဆို

21761475_1821705811423726_2871716860097014307_n

နေပြည်တော် စက်တင်ဘာ ၂၀

ယခုနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒနှင့်လျှောက်ထားလာသည့် ကားပါမစ်များ၏သက်တမ်းကို (၁၂)လပိုင်းအထိသာ ခွင့်ပြုပေးမည်ဆိုသည့် သတင်းများမှာ အတည်မပြုနိုင်သေးဘဲ ဝန်ကြီးဌာနမှ တရားဝင်ကြေငြာချက်များကို ထုတ်ပြန်ပေးသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ဆိုသည်။

၎င်းကဆက်ပြီး”ကားနဲ့ပတ်သတ်တဲ့သတင်းတွေကတော့ အမျိုးမျိုးထွက်နေတာပေါ့အပြင်မှာ၊ဒါပေမယ့် (၁၂)လပိုင်းကုန်အထိဘဲ လိုင်စင်သက်တမ်းတွေကိုခွင့်ပြုမယ်ဆိုတာ ခုထိတော့ ဌာနကဘာမှမကြေငြာသေးပါဘူး၊တရားဝင်ကြေငြာပြီးမှဆောင်ရွက်မှာပါ၊အရင်နှစ်ကဆို ဖရီးပါမစ်လျှောက်လွှာတွေကို ဒီဇင်ဘာ(၂၃)ရက်အထိဆိုပြီး ကြေငြာခဲ့ပါတယ်။အခုလဲ ဘယ်နေ့အထိလျှောက်နိုင်မယ်၊ဆိုတာ အတိအကျကြေငြာမှာပါ”ဟု ဆိုသည်။

ယခုနှစ်မူဝါဒနှင့်ကားပါမစ်များသည် ညာမောင်းအမျိုးအစားများဖြစ်ပြီးရှေ့နှစ်တွင်ဘယ်မောင်းကိုသာ ဦးစားပေးမည်ဖြစ်သဖြင့် ကားပါမစ်သက်တမ်းများကိုနှစ်ကုန်အထိသာ ခွင့်ပြုမည်ဆိုသည့်သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကားပါမစ်တစ်စောင်အတွက်သက်တမ်း(၃)လရပြီး၊ပထမအကြိမ်သက်တမ်းတိုးကာလ(၂)လနှင့်ဒုတိယအကြိမ်သက်တမ်းတိုးကာလ(၁)လစုစုပေါင်း သက်တမ်း(၆)လရရှိသည်။ယခုထွက်ပေါ်နေသည့်သတင်းများအရ ပါမစ်သက်တမ်းများကို နှစ်ကုန်အထိသာ ခွင့်ပြုပေးမည်ဆိုခြင်းကြောင့်ရှေ့နှစ်အတွက် ပါမစ်ကြိုတင်လျှောက်ထားမှုများမဖြစ်နိုင်တော့ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် ကားတင်သွင်းခွင့်နှင့်သက်ဆိုင်သည့် မူဝါဒများကို နှစ်ကုန်ခါနီးတိုင်း ပြင်ဆင်သတ်မှတ်လေ့ရှိပြီး ကြိုတင်ကြေငြာချက်များ ထုတ်ပြန်ပေးရန်လည်း ကားလောကအတွင်းမှ လိုလားနေသည်။

“အများသိအောင်အချိန်(၁)လ(၂)လလောက်ကြိုကြေငြာစေချင်ပါတယ်၊မူတွေကို ကြိုသိနိုင်သူတွေအတွက် လုပ်စားလို့ရတဲ့ဂွင်တွေဖြစ်ဖြစ်နေတယ်။တပြေးညီ ကြိုတင်ကြေငြာစေချင်ပါတယ်၊နှစ်ကုန်ခါနီးရင် ကပ်ကပ်ပြီး မူတွေထုတ်တာက ကားတင်သွင်းသူတွေရောဝယ်ယူသူတွေရောလျှောက်ထားသူတွေရော အခက်အခဲဖြစ်ရပါတယ်။”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေငြာချက်များအပေါ် ကားလုပ်ငန်းရှင်တစ်ဦးကဝေဖန်ခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*