အောင်မြင်မှုမရခဲ့သော မြန်မာယူ(၁၈)အသင်းနည်းပြချုပ်နှင့် MFFတို့ လမ်းခွဲရန် နီးစပ်နေ

အောင်မြင်မှုမရခဲ့သော မြန်မာယူ(၁၈)အသင်းနည်းပြချုပ်နှင့် MFFတို့ လမ်းခွဲရန် နီးစပ်နေ
September 18, 2017 Asian Fame

1:56 pm
အောင်မြင်မှုမရခဲ့သော မြန်မာယူ(၁၈)အသင်းနည်းပြချုပ်နှင့် MFFတို့ လမ်းခွဲရန် နီးစပ်နေ

MFFယခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFF Championship U(18)ပြိုင်ပွဲတွင် အောင်မြင်မှု မရရှိခဲ့သည့် မြန်မာယူ(၁၈) အသင်းနည်းပြချုပ် ဘန်လာဘီ ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ စာချုပ် သက်တမ်း ဖျက်သိမ်းရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

မြန်မာလူငယ် အသင်းသည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မလေးရှားကို ရှုံးနိမ့်ခဲ့သလို တတိယနေရာလု ပွဲတွင်လည်း အင်ဒိုနီးရှားအသင်းကို ခုနှစ်ဂိုး တစ်ဂိုးဖြင့် အရှက်ရဖွယ်ရှုံးနိမ့်ခဲ့သဖြင့် အသင်းနှင့် လက်ကျန်စာချုပ် သက်တမ်းကို ဖျက်သိမ်းပြီး လမ်းခွဲရန် စီစဉ်နေကြောင်း ဘောလုံး အဖွဲ့ချုပ် မှသတင်းအချို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြင်သစ်လူမျိုး နည်းပြ ဘန်လာဘီနှင့် စာချုပ်ဖျက်သိမ်းရန် ကိစ္စကို ဘောလုံး အဖွဲ့ချုပ်ရှိ နည်းစနစ် ဒါရိုက်တာ အဖွဲ့ဝင် များနှင့်ညှိနှိုင်းဆောင်ရွက် သွားရန် စီစဉ်နေပြီး လာမည့် အာရှယူ(၁၈)ဘောလုံးပြိုင်ပွဲ အတွက် နည်းပြသစ်တစ်ဦးကို အမြန်ဆုံး အစားထိုးသွားရန် စီစဉ်နေကြောင်း သိရသည်။

Photo ;MFF

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*