တရားသူကြီးတွေလိုက်နာရမယ့် ကျင့်ဝတ်စာအုပ်ကို အသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုမှု ဆက်လက်ပြုလုပ်မည်

တရားသူကြီးတွေလိုက်နာရမယ့် ကျင့်ဝတ်စာအုပ်ကို အသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုမှု ဆက်လက်ပြုလုပ်မည်
September 18, 2017 Fame Asian

12:43 pm
တရားသူကြီးတွေလိုက်နာရမယ့် ကျင့်ဝတ်စာအုပ်ကို အသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုမှု ဆက်လက်ပြုလုပ်မည်

e

နေပြည်တော်၊ စက်တင်ဘာ ၁၈

မြန်မာနိုင်ငံတရားသူကြီးတွေလိုက်နာရမယ့် တရားစီရင်ရေးကျင့်ဝတ်စာအုပ်ကို အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆိုမှုလုပ်ပြီး အသိပညာပေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ သိရပါတယ်။

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ဒီ “မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်စာအုပ်” ထဲမှာ တရားစီရင်ရာမှာ ဘက်လိုက်မှုကင်းဖို့ ၊ မျှတစွာဆောင်ရွက်ဖို့ အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

ပြီးတော့ ဒီစာအုပ်ဟာ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းနဲ့ ညီညွတ်တဲ့ တရားစီရင်ရေးကျင့်ဝတ်စာအုပ်ဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ သြဂုတ်လ ၂ ရက်နေ့မှာပြောကြားထားပြီးဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုညွှန်ချုပ်တစ်ဦးက “ဒါကို အသေးစိတ်အနက်အဓိပ္ပာယ်ပြန်ဖွင့်ရမှာပေါ့နော်။ ဥပမာ တရားမျှတမှု ဘက်လိုက်မှုကင်းတယ်ဆိုတာ ဘယ်လိုပေတံမျိုးနဲ့ ဘယ်လိုပေတံမျိုးနဲ့တိုင်းမှာလဲ ။ ဘယ်လိုအခြေအနေမှာလဲ ။ ဒါမျိုးပြန်ရှင်းမှ လိုက်နာမယ့်သူက အဆင်ပြေစွာရှင်းရှင်းလင်းလင်းလိုက်နာလို့ရမှာပါ။ တရားလိုဘက်ကလိုက်ရတိုင်းလည်း တရားမျှတမှုဆိုတာ ရှိတယ်ပြောလို့မရတဲ့အခြေအနေတွေရှိတယ်။ ဒ်ါတွေက အရမ်းသိမ်မွေ့တယ် ။ ဒါကြောင့် ဒါကို ပြန်ရှင်းလင်းအဓိပ္ပာယ်ဖွင့်သွားဖို့ ဆောင်ရွက်နေပါတယ်” လို့ ဆိုပါတယ်။

လောလောဆယ် ဒီစာအုပ်နဲ့ ပတ်သက် ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ဥပဒေအရာရှိတွေကို အသိပညာပေးခြင်းဆောင်ရွက်ရန်ရှိပြီး ပဲခူးတိုင်းမှာတော့ပြုလုပ်ပြီးသွားပြီဖြစ်တယ်လို့သိရပါတယ်။

အသိပညာပေးခြင်းကို ဥပဒေအရာရှိတွေကို အသေးစိတ်ချပြပြီးတော့ ဆက်နွယ်နေတဲ့ ပြည်သူတွေကိုရော ဆက်စပ်အဖွဲ့အစည်းတွေကိုရော အသိပညာပေးခြင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှေ့နေချုပ်ရုံးကဆိုပါတယ်။

ဒီကျင့်ဝတ်စာအုပ်ဟာ မြန်မာနိုင်ငံတရားသူကြီးတွေ ကျင့်ဝတ်ဆိုင်ရာအပြုအမူတွေအတွက် စံချိန်စံနှုန်းတွေသတ်မှတ်ဖို့နဲ့ တရားစီရင်ရေးတာဝန် ထမ်းဆောင်တဲ့အခါ လမ်းညွှန်မှုရရှိစေဖို့ ၊ မျှတပြီးခိုင်မာတဲ့တရားစီရင်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစာအုပ်နဲ့ပတ်သက်ပြီး အသိပညာပေးခြင်း ဆောင်ရွက်တာပြီးရင်တော့ ကျင့်ဝတ်ဖောက်ဖျက်ခြင်းအတွက် အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှေ့နေချုပ်ရုံးကဆိုပါတယ်။ဒီအစီအစဉ်ဟာ ၂၀၁၉ ခုနှစ်အထိ စီမံကိန်းဆိုပေမယ့် တစ်ကယ်တန်း နှစ် ၂၀ စီမံကိန်း ဖြစ်တယ်လို့ သိရပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*