”မုံးကိုးအထကကျောင်း ပြန်လည်ထူထောင်ဖို့ အလှူငွေပေးအပ်”

”မုံးကိုးအထကကျောင်း ပြန်လည်ထူထောင်ဖို့ အလှူငွေပေးအပ်”
September 18, 2017 Fame Asian

3:06 pm
”မုံးကိုးအထကကျောင်း ပြန်လည်ထူထောင်ဖို့ အလှူငွေပေးအပ်”

1မုံးကိုး၊စက်တင်ဘာ၁၈

မုံးကိုးဒေသမှာဖြစ်ပွားခဲ့တဲ့ ရက်သတ္တနှစ်ပတ်ကြာတိုက်ပွဲအတွင်း ဆိုးဆိုးရွားရွားပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ မုံးကိုးအထကကျောင်း ပြန်လည်ထူထောင်ဖို့ နဲ့ ကျောင်းသားကျောင်း သူတွေရဲ့လိုအပ်ချက်တွေဖြည့်တင်းဖို့အတွက်ဆိုပြီး စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းက နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ မူဆယ်ဗဟိုစီးပွားရေးဇုံစီမံကိန်းမှ အလှူငွေနဲ့ကျောင်းသုံး စာရေးကိရိယာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

“လာတုန်းကတော့ ကလေးတွေကို စာရေးကိရိယာလှူဖို့ လာတာပါ၊ ဒီရောက်တော့ ကျောင်းရဲ့အခြေအနေကိုမြင် တော့ အရမ်းစိတ်မကောင်းဖြစ်သွားတယ်၊ ဒါနဲ့ပဲ ကျောင်းအတွက်အလှူငွေပါ တစ်ခါထဲလှူဖြစ်သွားတာပါ၊ မုံးကိုးမြို့နယ်ထဲကကျောင်းတွေအတွက်လည်း တစ်ခါထဲ လှူခဲ့ပါတယ်”လို့ လှူဒါန်းဖြစ်ခဲ့ပုံနဲ့ ပတ်သက်လို့ နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် ဥက္ကဌဦးကျော်ကျော်ဝင်း က ပြောပါတယ်။

3

နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီအနေနဲ့ ကျောင်းအဆောက်အဦးအတွက် အလှူငွေကျပ်သိန်းငါး ဆယ် နဲ့ ကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိတဲ့ စာရေးကိရိ ယာတွေလှူဒါန်းခဲ့တာဖြစ်ပြီး ဗလာစာအုပ်ဒါဇင် ၂၅၀၀၊ ကွန်ပါဗူး ၂၅၀၀၊ ဘောပင် ၁၅၀၀ ပါဝင်တယ်လို့သိရပါ တယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မုံးကိုးမြို့မှာ ပြီးခဲ့နှစ်နိုဝင်ဘာလက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ တာမှာ တပ်မတော်ဘက်က လေကြောင်းပစ်ကူနဲ့ပါ တိုက်ခိုက်ခဲ့ရတဲ့အထိအခြေအနေဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ မုံးကိုးအထကကျောင်းရဲ့ ပင်မအဆောက် အဦး ဆိုးဆိုးရွားရွားထိခိုက်ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါတယ်။

အခုအခါမှာတော့ နယ်မြေအခြေအနေအထိုက်အလျောက် အေးချမ်းနေပြီဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေး အတွက် ပြင်ဆင်နေချိန် နယူးစတားလိုက်ဆောက်လုပ် ရေးကုမ္ပဏီက ဦးဦးဖျားဖျားသွားရောက်လှူဒါန်းခဲ့တာ လည်း ဖြစ်ပါတယ်။

5
“ဒီကအခြေအနေကို နယူးစတားလိုက်ကုမ္ပဏီဆီ ဆက်သွယ်ပြီး လှူပေးဖို့ ကျွန်တော်ကပြောတော့ ဦးကျော် ကျော်ဝင်းက မုံးကိုးတင်မဟုတ်ဘူး မူဆယ် ၁၀၅ မိုင် ဒေသက လိုအပ်တဲ့ကျောင်းတွေအတွက်ပါ လှူပေးပါမယ် ဆိုပြီး အခုလိုကျွန်တော်တို့ လိုအပ်တဲ့နေရာတွေမှာ လိုက် လှူပေးနေတာပါ” လို့ ရှမ်းပြည်နယ်လွှတ်တော်၊ မူဆယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးကိန်မိုင်က ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ နောက်တစ်ရက်(စက်တင်ဘာ ၁၈ ရက်) မှာလည်း ပန်ဆိုင်း(ကြူ ကုတ်)၊ မုံးပေါ် နဲ့ ၁၀၅ မိုင်ဒေသ အတွင်းက အခြေခံပညာအထက်တန်း ကျောင်း ၂၆ ကျောင်းဆီ သွားရောက်လှူဒါန်းခဲ့ကြပြီး နှစ်ရက်တာ ကျောင်း ၄ ကျောင်းအတွက် လှူဒါန်းခဲ့တဲ့ စာရေးကိရိယာ တွေရဲ့တန်ဖိုးဟာ ကျပ်သိန်းလေးရာခန့်ရှိတယ်လို့သိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*