တစ်လင်တစ်မယားဥပဒေ ဖြင့် အမှုဖွင့်ခံထားရသော ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးဟောင်း ၏ အမှုကို သက်သေမခိုင်မာသဖြင့် ပိတ်သိမ်းလိုက်ပြီ

တစ်လင်တစ်မယားဥပဒေ ဖြင့် အမှုဖွင့်ခံထားရသော ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးဟောင်း ၏ အမှုကို သက်သေမခိုင်မာသဖြင့် ပိတ်သိမ်းလိုက်ပြီ
September 18, 2017 Fame Asian

12:36 pm
တစ်လင်တစ်မယားဥပဒေ ဖြင့် အမှုဖွင့်ခံထားရသော ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးဟောင်း ၏ အမှုကို သက်သေမခိုင်မာသဖြင့် ပိတ်သိမ်းလိုက်ပြီ

21743226_1550149841695642_6476904926927688817_n

နေပြည်တော်၊ စက်တင်ဘာ ၁၈

တစ်လင်တစ်မယားစနစ်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရသော အငြိမ်းစား ရဲမှူးကြီးတစ်ဦး၏ အမှုကို သက်သေမခိုင်မာသဖြင့် ရဲက တရားရုံးတင် တရားစွဲဆိုခြင်း မပြုတော့ဘဲ အမှုကို ပိတ်သိမ်းလိုက်ပြီဟု သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။

လွန်ခဲ့သည့် ၂လကျော်လောက်က အမျိုးသမီးတစ်ဦးမှ အငြိမ်းစား ရဲမှူးကြီးတစ်ဦးကို တစ်လင်တစ်မယားစနစ်ဥပဒေ နှင့် အရေးယူပေးပါရန် ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ ပုသိမ်ရဲစခန်းက တိုင်တန်းမှုကို လက်ခံခဲ့ပြီး အမှုဖွင့်ပေးခဲ့သည်။

အမှုဖွင့်ခံထားရသည့် အငြိမ်းစား ရဲမှူးကြီးသည် ရဲတပ်ဖွဲ့ဌာနချုပ်မှုခင်းဌာန ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ယင်းမှတဆင့် ရဲတပ်ဖွဲ့မှူးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကာ မကြာသေးခင်ကမှ တာဝန်မှနေ၍ သက်ပြည့် အငြိမ်းစားယူခဲ့သူဖြစ်သည်။

ရဲက ဖမ်းဆီးစစ်ဆေးနိုင်ရန် တိုင်တန်းမှု မှန်/မမှန်စုံစမ်းပြီး သက်ဆိုင်ရာ ဥပဒေအကြံပေးထံသို့ သဘောထားမှတ်ချက် တောင်းခံရာတွင် ဥပဒေအကြံပေးက သက်သေမခိုင်မာသည့်အတွက် တရားစွဲဆိုခြင်း မပြုသင့်ဘဲ အမှုပိတ်သိမ်းသင့်ကြောင်းပြန်ကြားလာ၍ အမှုကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှူးရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် က Popular News ကိုရှင်းပြသည်။

”တိုင်တဲ့သူက ကာယကံရှင်မဟုတ်တဲ့ တစ်ခြားအမျိုးသမီးပါ။ကျွန်တော်တို့ စုံစမ်းစစ်ဆေးတော့လည်း တိုင်တဲ့သူကလွဲလို့ မှန်ပါတယ်လို့ ထွက်ဆိုမယ့် တခြားသက်သေမရှိဘူးဖြစ်နေတယ်၊ဒီဖြစ်စဉ်ကျူးလွန်ခြင်း ရှိ/မရှိ တည်းခိုခန်းစတာတွေဆီစုံစမ်းတော့လည်း ဒီဖြစ်စဉ်ကို ဟုတ်ပါတယ်လို့လည်း ဘယ်သူကမှ မပြောကြဘူး။ကျွန်တော်တို့ဘက်ကတော့ တိုင်တန်းမှုပါ အချက်အလက်တွေ လိုက်စုံစမ်းပြီး တွေ့ရှိချက်တွေကို ဥပဒေအကြံပေးထံ အကုန်တင်ခဲ့တယ်။ ဥပဒေအကြံပေးဘက်ကတော့ တစ်လင်တစ်မယားစနစ်ဥပဒေပါ အချက်အလက်တွေနဲ့ တိုင်တန်းချက်က မကိုက်ညီဘူးလို့ ပြန်ကြားလာတယ်”ဟု အထက်ပါရဲမှူးကြီးက ပြောသည်။

အမှုကို ပြီးခဲ့သည့် အပါတ်က ပိတ်ခဲ့သည်ဟု ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် ထံမှသိရသည်။

အဆိုပါ အငြိမ်းစား ရဲမှူးကြီးကို အရေးယူပေးရန် တိုင်တန်းခဲ့သူနှင့် Popular News က အဆက်အသွယ်ပြုလုပ်နိုင်ခြင်းမရှိခဲ့၍ တိုင်တန်းသူ၏ သဘောထားမှတ်ချက်ကို မဖော်ပြနိုင်ခဲ့ပါ။

တစ်လင်တစ်မယား ဥပဒေ တွင် အိမ်ထောင်ရှိသူ (ယောက်ျားမိန်းမ) တစ်ဦးဦးက အိမ်ထောင်ရှိလျှက်ဖြင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ လုံးဝ နောက်အိမ်ထောင်ပြုခွင့်မရှိဘဲ အိမ်ထောင်ရှိနေဆဲဖြင့် နောက်အိမ်ထောင်ပြုလျှင် ထောင်(၇) နှစ် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*