NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု အားနည်းချက်တွေကို RCSS/SSA ပြော

NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု အားနည်းချက်တွေကို RCSS/SSA ပြော
September 15, 2017 Asian Fame

5:29 pm
NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု အားနည်းချက်တွေကို RCSS/SSA ပြော

1(ရန်ကုန် ၊ စက်တင်ဘာ ၁၅)

NLD အစိုးရရဲ့ငြိမ်းချမ်းရေး ဆောင်ရွက်မှု အပိုင်းနဲ့ပတ်သတ်ပြီး အားနည်းချက်တွေကို NCA စာချုပ် လက်မှတ်ရေးထိုး ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ထောက်ပြ ပြောဆိုလိုက်ပါတယ်။ စုစုပေါင်း ၂ ချက် ရှိတယ်လို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုပါတယ်။

ဒါတွေကတော့ NCA အပေါ် သဘောထားနားလည်မှုအားနည်းတာ ရယ် နိုင်ငံရေးဆွေးနွေးမှုမူဘောင် (Policital Frame work for Policital Dialouge) ကိုဆွေးနွေး လာပြီးနောက် အားနည်းချက်တွေ ကိုတွေ့လာတာ NCA ကိုအဆင့် လိုက်မသွားတာ တို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။

NLD အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေ အပေါ် အားမရပေမယ့် အစိုးရကြုံတွေ့နေရတဲံ့ အခက်အခဲတွေ ကိုတော့ နားလည်ပါတယ် လို့ သူက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ပြီး အထက်ပါ အတိုင်းပြောကြား ခဲ့တာဖြစ် ပါတယ်။

2ဒါ့အပြင် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြန်လည် ပြင်ဆင်လိုက်မယ် ဆိုရင်တော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေ ထပ်မံ ရှိလာမှာဖြစ်တယ်လို့ RCSS က ဆိုပါတယ်။

RCSS အနေ နဲ့ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်ပါ အချက် တစ်ချို့ကို ပြန်လည် ပြင်ဆင်စေချင်တယ် လို့ ဆိုပါတယ်။

ဒါတွေကတော့ ပြည်ထောင်စု သဘောတူစာချုပ် Union Acord ကို ရရှိထားသလောက် အစိတ်အပိုင်းအလိုက်လွှတ်တော်မှာ အတည်ပြုတဲ့ အချက်အစား ပြီးပြည့်စုံတော့မှ လွှတ်တော် တင်ပြီး အတည်ပြုစေချင်တာ ၊ ပြည်ထောင်စု သဘောတူ စာချုပ်ကို အကောင် အထည်ဖော်ရာမှာ NCA လက်မှတ်ရေးထိုးထားတဲံ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ(EAOs) တွေရဲ့ အခန်း ကဏ္ဍပျောက်နေ တာ ၊ လက်ရှိ ရှိနေတဲ့ အစုအဖွဲ့ ၇ ဖွဲ့ အစား ၃ ပွင့်ဆိုင်ပဲဖြစ်စေချင်တာ ၊ ဆုံးဖြတ်ချက် ရယူတဲ့အပိုင်း ၊ ပြည်ထောင်စု သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ရာမှာ ပြီးခဲ့တဲ့ ညီလာခံတုန်းက တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ တစ်ဦးသာ လက်မှတ်ရေးထိုး ခဲ့ရသဖြင့် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး လက်မှတ် ထိုးခွင့်ရချင်တာ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီ အစုအဖွဲ့မှာဆိုလည်း ပါတီပေါင်း ၂၃ ခုရှိတဲ့ အထဲမှာ အစုအဖွဲ့ကိုယ်စား ဦးသုဝေ တစ်ဦးသာ လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ တစ်ချို့ အဖွဲ့တွေက သဘော မတူချင်တဲ့အတွက် ကြားထဲမှာ အစာမကြေကြဘူး လို့ RCSS အတွင်းရေးမှူး ၃ ကပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးဆွေးနွေးခွင့် ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း RCSS က အခုလိုပြောပါတယ်။

အစိုးရက သူတို့တောင်းဆိုထားတဲ့ တောင်ကြီးမြို့မှာ လုပ်ခွင့်မပေးဘဲ မိုင်းပန်နဲ့လင်းခေး မှာလုပ်ခွင့်ပြုခဲ့တဲ့ အပေါ် အကြောင်းပြ ချက်တောင်းပေ မယ့် ပြည့်ဝတဲ့ အကြောင်းပြချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။

RCSS ဟာ ဆိုရင် ပြီးခဲ့တဲ့ ၁၀ ရက်နေ့က နေပြည်တော်ကိုရောက်ရှိ လာခဲ့ပြီး ၁၁ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

Ye Lwin
Photo-Phyo Htet Aung

3

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*