မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်(မန္တလေး) ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်(မန္တလေး) ဖွင့်ပွဲအခမ်းအနားကျင်းပ
September 15, 2017 Fame Asian

3:14 pm
မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်(မန္တလေး) ဖွင့်ပွဲအခမ်းအနားကျင်းပ

 

1

မန္တလေး၊စက်တင်ဘာ၁၅

မြန်မာ့ဒီမိုကရေစီပွဲတော်အထိမ်းအမှတ် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်(မန္တလေး)ကို ဒီနေ့မနက်ပိုင်းကစပြီး မန္တလေးမြို့ ၀င်းလိုက်ရုပ်ရှင်ရုံမှာ စတင်ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။၇ ရက်တိုင်တိုင် ရုပ်ရှင်ဇာတ်ကား ၅ ကားပြသသွားမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားနဲ့စတင်ခဲ့တဲ့ ဒီပွဲတော်အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သူ့အစိုးရအဖွဲ့ဝင် ၀န်ကြီးအကြီးအကဲတွေနဲ့ဖွင့်လှစ်ပေးခဲ့ပါတယ်။

2
စက်တင်ဘာ ၁၅ ရက် မှ ၂၁ ရက်အထိ နိုင်ငံတစ်ဝှမ်းကရုပ်ရှင်ရုံ ၄၇ ရုံမှာ တစ်ပြိုင်နက်တည်းပြသသွားမှာလို့လည်းသိရပြီး စက်တင်ဘာ ၁၅ ရက် ဒီနေ့ တစ်ရက်လုံးအတွက်ကိုတော့ အခမဲ့ပြသသွားမှာဖြစ်ပါတယ်။“ဒီနေ့တစ်ရက်တော့ ၀င်ကြေးပေးစရာမလိုပါဘူး၊ ဘယ်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်၊ နောက်ရက်တွေကိုတော့ သတ်မှတ်ဈေးနှုန်းအတိုင်း လက်မှတ်ဝယ်ကြည့်ရမှာပါ၊ ဒါလည်း ကုန်ကျစရိတ်ကြောင့်ပါ၊ ဇာတ်ကား ၅ ကားကို တစ်ရက် ၅ ပွဲနှုန်းနဲ့ အဆင်ပြေတဲ့အချိန်ဝင်ကြည့်နိုင်ပါတယ်၊ အလှည့်ကျပြသသွားမှာပါ” လို့ ၀င်းလိုက်အဆင့်မြင့်ရုပ်ရှင်ရုံတာဝန်ရှိသူကပြောပါတယ်။

ရုပ်ရှင်ဂီတသဘင်အနုပညာရှင်တွေရဲ့ပါဝင်ကူညီမှုနဲ့ရိုက်ကူးထားတဲ့ နေခြည်မှာရွှေရည်လောင်း၊ သရာစောထီး၊ ကြီးမြတ်သောမြန်မာ၊ တိမ်ပြာသောနေ့၊ ဒီမိုရပ်ကွက် စတဲ့ရုပ်ရှင်ဇာတ်ကား ၅ ကားပဲဖြစ်ပြီး ဒီဇာတ်ကားတွေကဒီမိုကရေစီအနှစ်သာရတွေအပြည့်ပါဝင်တဲ့ဇာတ်ကားတွေပဲဖြစ်တယ်လို့သိရပါ တယ်။ဒါနဲ့ပတ်သက်လို့လည်း ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “မိမိတို့နိုင်ငံဟာ ဒီမိုကရေစီကူးပြောင်းချိန်ဖြစ်တာကြောင့် ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အများပြည်သူသိသင့်သိထိုက်တဲ့အကြောင်းအရာတွေ၊ ရှိသင့်ရှိထိုက်တဲ့ဒီမိုကရေစီစိတ်ဓာတ်နဲ့ သဘောထားအမြင်တွေကို ဖြည့်တင်းပေးနိုင်ဖို့ အနုပညာ ရသတွေနဲ့ဖန်တီးထားတဲ့ဇာတ်ကားတွေဖြစ်တယ်” လို့ အခမ်းအနားမှာပြောသွားပါတယ်။

မြန်မာ့ဒီိမိုကရေစီကိုအထိမ်းအမှတ်ပြုကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ဒီနေ့မနက်ပိုင်းကစလို့ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကျင်းပနေကြတယ်လို့သိရပြီး ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာမှာလည်းကျင်းပနေပါတယ်။မြန်မာ့ဒီမိုကရေစီပွဲတော်အဖြစ် ဒီမိုကရေစီရုပ်ရှင်ပွဲတော်၊ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲနဲ့ ဒီမိုကရေစီပဒေသာကပွဲ(ရုပ်ရှင် ဂီတ သဘင်) ဆိုပြီး အစီအစဉ် ၃ မျိုး နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားဖို့စီစဉ်ထားတာမှာ မန္တလေးတိုင်းဒေသကြီးမှာ ပဒေသာကပွဲမလုပ်နိုင်ခဲ့ပေမယ့်လည်း အငြိမ့်ပြိုင်ပွဲတော့လုပ်ခဲ့ပြီး အခု ရုပ်ရှင်ပွဲတော်ဆက်လက်ကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*