မြန်မာသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု ဆက်လက်မြင့်တက်နေ

မြန်မာသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု ဆက်လက်မြင့်တက်နေ
September 15, 2017 Fame Asian

1:53 pm
မြန်မာသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု ဆက်လက်မြင့်တက်နေ

21728335_1957326347854269_7342130963220877638_n

နေပြည်တော် ၊ စက်တင်ဘာ ၁၅

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၂.၂၈ သန်း ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။အဆိုပါနှုန်းထားသည် သြဂုတ်လ အကုန်ထိ ရရှိထားသောစာရင်းဖြစ်သည်။

၂၀၁၇ ခုနှစ် နှစ်စမှ ဇူလိုင်လအကုန်ထိ မြန်မာနိင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၂.၀၁ သန်း ဖြစ်ရာ သြဂုတ်လအတွင်းမြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀.၂၇ သန်း ၀င်ရောက်ခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ဇွန်လ အတွင်းက မြန်မာနိုင်ငံကို လာရောက် လည်ပတ်သူနိုင်ငံခြား ခရီးသွား ၂၄၂၅၀၀ ရှိခဲ့ပြီး ဇူလိုင်လ အတွင်း က ၂၆၀၄၀၀ ထိ မြှင့်တက် ခဲ့ရာ ယခု သြဂုတ်လတွင်လည်း ဆက်လက်မြင့်တက်နေသည်ကြောင်း အဆိုပါ စာရင်းများက ဖော်ပြလျက်ရှိသည်။

ဇူလိုင်လ အတွင်းက ချင်းပြည်နယ် မှအစပြု၍ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ဒေသအချို့တွင် Seasonal Influenza A(H1N1) pdm09 ရောဂါဖြစ်ပွားမှုတွေ ဆက်တိုက်ရှိလာခဲ့သော်လည်း ဇူလိုင်လအတွင်း ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုနှုန်း သည် ယခင် ဇွန်လထက် ၂၀၀၀၀ ခန့်များပြားခဲ့သည်။ အလားတူ သြဂုတ်လအတွင်း ခရီးသွားဝင်ရောက်မှုနှုန်း မှာလည်း ဇူလိုင်လထက်ပင်များပြားခဲ့သည်။

Photo–Ministry of Hotels and Tourism

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*