လျှပ်စစ်မီတာခ ပြင်ဆင်သတ်မှတ်ရန် တစ်လအတွင်းလွှတ်တော်တင်မည်

လျှပ်စစ်မီတာခ ပြင်ဆင်သတ်မှတ်ရန် တစ်လအတွင်းလွှတ်တော်တင်မည်
September 15, 2017 Fame Asian

5:38 pm
လျှပ်စစ်မီတာခ ပြင်ဆင်သတ်မှတ်ရန် တစ်လအတွင်းလွှတ်တော်တင်မည်

1

နေပြည်တော် စက်တင်ဘာ ၁၅

လက်ရှိကောက်ခံနေသောလျှပ်စစ်မီတာခနှုန်းထားများကို အသေးစိတ်တွက်ချက်မှုများပြုလုပ်နေပြီး တစ်လအတွင်းလွှတ်တော်သို့တင်ပြ အတည်ပြုချက်ရယူသွားရန်စီစဉ်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

“မီတာခတွေကို သုံးစွဲတဲ့ယူနစ်အလိုက် ကောက်ခံတဲ့နေရာမှာ မီးတစ်ပွင့်ထဲသုံးတဲ့သူနဲ့ရေခဲစက်ကြီးတွေလုပ်နေတဲ့သူကိုတသတ်မှတ်ထဲကောက်လို့မရပါဘူး၊ကျနော်ပြောတာပြင်ဆင်မယ်လို့ပြောတာနော်၊တိုးမယ်လို့မပြောဘူး၊အသေးစားအလတ်စား SMEလုပ်ငန်းတွေအတွက်လည်း ထည့်စဉ်းစားရအုံးမယ်”ဟု ၎င်းဝန်ကြီးဌာနမှဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဆိုသည်။

မီတာခများကို လက်ရှိကောက်ခံနေသည့်ပုံစံမျိုးထက် ပိုမိုတိကျပြီး အသုံးပြုသည့် အခြေအနေအလိုက် တစ်ယူနစ်ဈေးနှုန်းများကို ကောက်ခံသွားရန်စီစဉ်နေကြောင်း သိရသည်။

လျှပ်စစ်မီတာခများကို ပြင်ဆင်သတ်မှတ်ရာတွင် နိုင်ငံတော်အတွက်လည်း အကျိုးရှိစေပြီးပြည်သူလူထုများလည်း ဝန်ထုတ်ဝန်ပိုး မဖြစ်စေမည့် အခြေအနေမျိုး ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးဌေးအောင်က ထည့်သွင်းပြောဆိုခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*