အစွန်းရောက်အကြမ်းဖက်မှု အပေါ် မောင်တောမြို့နယ်ရှိ အစ္စလာမ် ဘာသာဝင်များ၏ သဘောထားအမြင်များ

အစွန်းရောက်အကြမ်းဖက်မှု အပေါ် မောင်တောမြို့နယ်ရှိ အစ္စလာမ် ဘာသာဝင်များ၏ သဘောထားအမြင်များ
September 14, 2017 Asian Fame

11:20 am
အစွန်းရောက်အကြမ်းဖက်မှု အပေါ် မောင်တောမြို့နယ်ရှိ အစ္စလာမ် ဘာသာဝင်များ၏ သဘောထားအမြင်များ
4သြဂုတ် ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ရက်အတွင်း မောင်တောမြို့ပေါ်တွင် လုံခြုံရေးကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၆ ရက်က မောင်တောဒေသသို့ ရောက်ရှိလာသည့် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောကြားသည်။

မောင်တောမြို့ပေါ်၌ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ရာတွင် အကြမ်းဖက်သမားများနှင့် ဆက်စပ်မှု မရှိဟု အာမခံချက် ပေးထားသော အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ကျေးရွာများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကို အေးချမ်းစွာခံယူခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အ္တရာယ်ကို ကြောက်ရွံ့၍ မောင်တောမြို့ပေါ်တွင် လာရောက် နေထိုင်သည့် ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် များအား နေရာရှစ်နေရာခွဲ၍ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး အကြမ်းဖက်သမားများနှင့် ဆက်စပ်မှု မရှိကြောင်း အာမခံချက်ပေးနိုင်မည့် အစ္စလာမ်ဘာသာဝင်များကိုလည်း စခန်းများဖွင့်လှစ်၍ ကူညီပေး မည်ဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က သတင်းမီဒီယာများကို ပြောကြား ထားသည်။

လက်ရှိအချိန်တွင် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ရွှေဇားကျေးရွာအုပ်စု၊ မောင်နီရွာနှင့် မြို့မကညင်တန်းရပ်ကွက်သည် ARSA အစွန်းရောက်အကြမ်းဖက်များ ဝင်ရောက်ခြင်းမရှိ၍ ထိခိုက် ပျက်စီးမှုမရှိဘဲ နေထိုင်လျက်ရှိနေသည်။

ပြည်တွင်းပြည်ပသတင်းမီဒီယာများသည် မောင်တော ဒေသသို့ စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ သွားရောက်ခဲ့ပြီး သွားရောက်ခဲ့စဉ်အတွင်း အစ္စလာမ်ဘာသာဝင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ သည်။

အစ္စလာမ်ဘာသာဝင်အချို့အား သတင်းအဖွဲ့၏ တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
Untitled-1
ဦးမော်နီအာမတ် (အသက် ၅၄ နှစ်)
ရွှေဇားကျေးရွာအုပ်စု ကပ္ပကောင်းကျေးရွာတာဝန်ခံ

မေး ။ ။ အကြမ်းဖက်ဖြစ်စဉ်ထဲမှာ ဒီရွာက ပါဝင်မှုရှိပါ သလား။

ဖြေ ။ ။ မပါပါဘူး။ ၂ဝ၁၂ တုန်းကရော၊ ၂ဝ၁၆ အောက်တိုဘာတုန်းကပါ ရွှေဇားမှာ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဒီအကြမ်းဖက်ဖြစ်စဉ်မတိုင်မီ အရင်လတုန်းက အစွန်းရောက်အကြမ်းဖက်သမားတွေ ရောက်လာပြီး ကျွန်တော် တို့ဆီမှာ လူလေးယောက်အသတ်ခံရတယ်။ အခြားကျေးရွာ အုပ်စုတွေထဲ မှာလည်း အစွန်းရောက်အကြမ်းဖက်သမားတွေ ရှိတယ်။ 
အခြားရွာတွေက လာလုပ်တာပါ။ အစိုးရနဲ့ ပေါင်းလို့ဆိုပြီး အသတ်ခံရတာပါ။

မေး။ ။ သြဂုတ်၂၅ ရက်နေ့ ဖြစ်စဉ်ကနေ ဒီနေ့အထိ ရွှေဇား 
ကပ္ပကောင်းရွာအုပ်စုရဲ့အခြေအနေကို ပြောပြပါ။

ဖြေ ။ ။ ဒီမှာ စဖြစ်တာက ၂၅ ရက်နေ့ကပါ။ မနက် ၂ နာရီ လောက် ဖြစ်မယ်။ သေနတ်ပစ်သံကြားတယ်။ ဘယ်နေရာကမှန်း မသိဘူး။ သေနတ်သံတွေ အများကြီးကြားရတယ်။ အစွန်းရောက် အကြမ်းဖက်သမားတွေက ကင်းစခန်းကို ဝင်တိုက်တယ် ကြားတယ်။ ဒီမှာက နယ်ခြားစောင့်ရဲကင်းစခန်းရှိတယ်။ ကျွန်တော်တို့ရွာက အခုထိတော့ တည်ငြိမ်အေးချမ်းဆဲပဲ။ ကျွန်တော်တို့ အခု အေးအေးဆေးဆေးသွားလို့ရတယ်။ မောင်တောမြို့ပေါ်ကိုတော့ သွားလို့မရသေး ဘူး။ သွားလို့ရ မယ်လို့တော့ သတင်းရတယ်။ ကျွန်တော်က ရွှေဇားမှာပဲ မွေးတာပါ။ လူဦးရေက ၁၅ဝဝဝ လောက်ရှိပါတယ်။ ဒီမှာ အရင်ကတည်းက ဘာမှမဖြစ်ခဲ့ပါဘူး။

မေး။ ။ စက်တင်ဘာ ၅ ရက်နေ့ညက ဒီဘက်မှာ မီးရှို့မှု ဖြစ်တယ်ကြားတယ်။ ဘယ်လိုကြောင့်ပါလဲ။

ဖြေ ။ ။ မနေ့က မီးလောင်တာက ဂုံညာရွာမှာပါ။ အိမ်ခြေ ၃၈ လုံး မီးလောင်ပါတယ်။ အဲဒီမှာလည်း အစွန်းရောက် အကြမ်းဖက်သမားရှိတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ အုပ်စုနဲ့ နည်းနည်းဝေးတယ်။ ကျွန်တော်တို့ ရွှေဇားကျေးရွာ အုပ်စုမှာ ရွာ ၁၂ ရွာရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေနေတဲ့ ရွာတစ်ရွာ၊ ဟိန္ဒူဘာသာဝင်တွေ နေတဲ့ရွာတစ်ရွာ၊ အစ္စလာမ် ဘာသာဝင်တွေနေတဲ့ရွာက ၁ဝ ရွာ ရှိတယ်။ ၉ ရွာ က ဒေသ အာဏာပိုင်တွေနဲ့ သဘောတူညီမှု လုပ်ထားတယ်။ ဒါပေမယ့် ဂုံညာရွာက အဲဒီအထဲမှာ မပါဘူး။ အစွန်းရောက်အကြမ်းဖက် မရှိဘူးဆိုရင် ဆက်သွယ်ပါပြောထားတယ်။

မေး။ ။ အာဏာပိုင်အဖွဲ့နဲ့ ဘယ်လိုသဘောတူထားပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ရွာမှာ အစွန်းရောက်အကြမ်းဖက်သမား မရှိဘူး။ အဲဒါကို ကျွန်တော်တို့ ရွာတာဝန်ခံတွေက တာဝန်ယူ ထားတယ်။ ရွာမှာ အစွန်းရောက်အကြမ်းဖက်သမားမရှိဘူး။ ပြဿနာလည်းမရှိဘူး။ ပြဿနာမဖြစ်အောင်နဲ့ ဘာမှမဖြစ် အောင်နေဖို့ ထိန်းသိမ်းထားတယ်။ ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပြီး ၂၇ ရက်နေ့မှာ ကျွန်တော်တို့ ဒေသအာဏာပိုင်တွေနဲ့ ဆက်သွယ်တယ်။ ဒီမှာရှိတဲ့ နယ်ခြားစောင့်တပ်ကလည်း ကျွန်တော်တို့ကို အကာအကွယ်ပေးတယ်။ ဒီလိုလုပ်တာက ရွာကသူတွေအားလုံးနဲ့ သဘောတူပြီး အေးအေးချမ်းချမ်း နေချင်လို့ ဆောင်ရွက်တာပါ။ ရွာမှာ ဗလီ ၁၆ ခုရှိတယ်။ ဝတ်ပြုခွင့်လည်း ရပါတယ်။ ကျွန်တော်တို့ ရွှေဇားမှာ ဈေးလေး တစ်ခုရှိပါတယ်။ သွားလို့လာလို့ရပါတယ်။


ဦးရော်ရှီးအာမတ် (အသက် ၅၉ နှစ်)
ရွှေဇားကျေးရွာအုပ်စု၊ ဂုံနားရွာ

မေး ။ ။ လက်ရှိ ရွာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။အေးအေးဆေးဆေးပါ။ မနေ့ကတော့ ဂုံညာဆိုတဲ့ ရွာမှာ ဆူဆူပူပူဖြစ်ပြီး မီးရှို့တယ် လို့ကြားတယ်။ ဂုံညာက ရွှေဇား အပိုင်ပါ။ ဘယ်သူရှို့တာလဲ မသိရပါဘူး။

မေး ။ ။ အခုရွာမှာနေထိုင်ရတာ စိုးရိမ်မှု မရှိဘူးလား။

ဖြေ ။ ။ ညဘက် ၆ နာရီထိုးရင် အိမ်ထဲမှာနေတယ်။ ရွာ လူကြီးတွေက စိုးရိမ်စရာမရှိဘူးလို့ ပြောထားတယ်။ ကိုယ့်အိမ် မှာပဲ အေးအေးဆေးဆေးနေဖို့ ပြောပါတယ်။ ကျွန်တော့် မိသားစုလည်း အိမ်မှာပဲရှိပါတယ်။ မိသားစု ၁၂ ယောက်ရှိ ပါတယ်။

မေး ။ ။ ဒီရွာမှာ အခြားကို ထွက်ပြေးတဲ့သူများ ရှိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့အပိုင်းမှာတော့ ထွက်ပြေးတဲ့သူ မရှိဘူး။ အချို့ရွာတွေမှာတော့ ထွက်ပြေးတဲ့သူရှိပါတယ်။ ကြောက်လို့ပြေးတာရှိသလို ကျန်တာက ဘာကြောင့် ပြေးသလဲ မသိပါဘူး။ ဆူတဲ့သူ၊ အကြမ်းဖက်ချင်တဲ့သူတွေ အဲဒီရွာတွေမှာ ရှိချင်ရှိမယ်။ ကျွန်တော်တို့ဘက်မှာတော့ မရှိပါဘူး။
မေး ။ ။ အစွန်းရောက်အကြမ်းဖက်သမားတွေ လာရောက် စည်းရုံးတာ ရှိပါသလား။

ဖြေ ။ ။ကျွန်တော်တို့ရွာမှာ ဒီနေ့အထိတော့ လာတာလည်း မရှိပါဘူး။ အကြမ်းဖက်မှုတွေ လုပ်တာလည်း မရှိပါဘူး။ အခြားရွာကသူတွေလည်း ကျွန်တော်တို့ရွာမှာ လာမနေပါဘူး။

မေး ။ ။ ဒီရွာမှာနေတာ ကြာပြီလား ။ ပြောပြပေးပါဦး။

ဖြေ ။ ။ ရွာမှာနေတာ ကျွန်တော့်မိဘလက်ထက်ကတည်း ကပါ။ 
မွေးကတည်းကနေတာ အခု ကျွန်တော့်အသက် ၅၉ နှစ် ရှိပါပြီ။ ရွှေဇားအုပ်စုမှာ လူဦးရေ ၁၅ဝဝဝ လောက်ရှိတယ်။ အချို့က လယ် လုပ်တယ်။ အချို့က ဈေးရောင်းတယ်။ အမျိုးမျိုးပါပဲ။ မောင်တောမြို့မှာ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ မူဆလင်ရွာတွေ အများကြီးရှိပါတယ်။ အခုဖြစ်တာက အခြားမှာ ဖြစ်ကြတာပါ။ ဒီဘက်နဲ့ ဝေးပါတယ်။ သွားလာလို့ရရင်၊ ဈေးရောင်းလို့ရရင်၊ အလုပ်တွေ ပြန်လုပ်လို့ရရင် အေးအေး ချမ်းချမ်း ဖြစ်သွားမယ်လို့ ထင်ပါတယ်။ အရင်က ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ အတူတူ နေခဲ့ကြတာပါ။


ဦးတော်ရုဒ် (အသက် ၅၉ နှစ်)
မောင်တောမြို့မ၊ ကညင်တန်းရပ်ကွက်

မေး ။ ။ ကညင်တန်းဈေးကို ဘယ်တုန်းက ပိတ်လိုက်တာလဲ။ ဘာကြောင့် ပိတ်ခဲ့တာလဲ။

ဖြေ ။ ။ ဈေးကို အကြမ်းဖက်ဖြစ်စဉ် ဖြစ်တဲ့နေ့က ပိတ်လိုက် တာပါ။ အကြမ်းဖက်မှုဖြစ်ပြီး တစ်ပတ် လောက်မှာတော့ ယာယီဖွင့်ပြီး နည်းနည်းပါးပါးရောင်းတယ်။ ရောင်းစရာ ကုန်ရင်ပိတ်ပါတယ်။ အပြင်မှာလည်း ချရောင်းပါတယ်။ အခု မြင်တဲ့အတိုင်းပါပဲ။

မေး ။ ။ အကြမ်းဖက်ဖြစ်တဲ့အကြောင်းလေး သိသလောက် ပြောပါဦး။

ဖြေ ။ ။ ညဘက်ဖြစ်တယ်ဆိုတော့ ဘယ်မှာဖြစ်မှန်းတောင် မသိဘူး။ ဒီလိုဖြစ်လာဖို့ကိုလည်း ကျွန်တော်တို့ စိတ်မကူးပါဘူး။ မမျှော်လင့်ထားဘဲ ဘယ်လိုဖြစ်လာမှန်းမသိဘူး။ ဒီဘက်မှာ မီးရှို့တာမရှိပါဘူး။ ခရိုင်ရုံးနောက်က ကညင်တန်းမြို့မမှာတော့ မီးရှို့တာရှိပါတယ်။ အစွန်းရောက်အကြမ်းဖက်သမားတွေက မီးရှို့ပြီး ဖျက်ဆီးတယ်လို့ ကြားရတယ်။ ကျွန်တော်တို့ ဒီဘက်အခြမ်းမှာ ဘာမှမဖြစ်ပါဘူး။ အရင်က လူဦးရေ ၁၅ဝဝဝ လောက်ရှိပါတယ်။ အခုတော့ ၁ဝဝဝဝ ကျော်လောက်တော့ ကျန်ဦးမယ်။ အချို့က ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားကြတယ်။ အချို့ကလည်း အနီးအနားရွာကို သွားပါတယ်။ စိုးရိမ်စိတ်တွေ ရှိနေကြတယ်။

မေး ။ ။ ဘာကြောင့် စိုးရိမ်စိတ်ရှိသလဲ။

ဖြေ။ ။ တစ်ဖက်က အကြမ်းဖက်မှုတွေရှိတော့ လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေးလုပ်တယ်။ အဲဒီလို ရှင်းလင်းတဲ့အထဲ ပါသွားမလား၊ ဖမ်းဆီးမလားဆိုတဲ့ စိတ်တွေ ရှိတယ်။ မပါတဲ့သူတွေကလည်း စိုးရိမ်ကြတယ်။ ဒီမှာ ဘာမှမဖြစ်တော့၊ ဒီကသူတွေပါမယ်လို့တော့ ကျွန်တော် မယူဆပါဘူး။ လူတွေက စိုးရိမ်စိတ်တော်တော်ဖြစ်တယ်။ တိုက်ပွဲဖြစ်မယ်လို့လည်း ကြားနေရလို့ပါ။

မေး ။ ။ မောင်တောမြို့ထဲမှာဈေးတွေပြန်ဖွင့်ဖို့ ခွင့်ပြုပြီလား။

ဖြေ ။ ။ ခွင့်ပြုပြီလို့ ကြားပါတယ်။ မနေ့က မြို့အဝင်လမ်းဆုံ နာရီစင်နားမှာ ဆိုင်နှစ်ဆိုင်၊ သုံးဆိုင် ပြန်ဖွင့်တယ်လို့ ကျွန်တော့် သူငယ်ချင်းက ပြောတယ်။ သူက ဆေးဆိုင်ဖွင့်တာပါ။ တစ်နာရီ၊ နှစ်နာရီလောက်ဖွင့်ပြီး ပြန်ပိတ်လိုက်တယ်ကြားပါတယ်။ လူတွေက စိုးရိမ်စိတ်နဲ့ဆိုတော့ သိပ်ပြီး မစည်ဘူး။ ဈေးတွေ ပြန်ဖွင့်မယ်။ ဘယ်ကိုမှ ထွက်မသွားကြနဲ့လို့ ရွာသားအချင်းချင်း ပြောတာ ကြားပါတယ်။

မေး ။ ။ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာများပြော ချင်ပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ စိတ်မကောင်းဘူး။ အကြမ်းဖက်ပြီး အခွင့်အရေးဆိုတာ မရနိုင်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတဲ့ နည်းနဲ့ပဲ ကောင်းပါတယ်။ ဒါပေမယ့် သူတို့က အကြမ်းဖက်မှ ရမယ်ဆိုတဲ့ ထင်ကြေးနဲ့လုပ်တာလား မသိပါဘူး။ အခွင့်အရေး အတွက်ဆိုပြီး လူတွေကို သူတို့ပြောကြမယ်။ ဒီလိုလုပ်ရင် အခွင့် အရေးက ပိုပြီးဝေးသွားမယ်။ ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ။ အခုလို တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် ပြည်သူတွေအများကြီး နစ်နာ ပါတယ်။ ဘာလို့ ဒီလိုလုပ်တာလဲ။ တစ်ဖက်က အကြမ်းဖက်ရင် တစ်ဖက်က ရှင်းလင်းမယ်။ အဲဒီမှာ ပြည်သူတွေ ပါထိခိုက်ပါတယ်။

တွေ့ဆုံမေးမြန်း-သတင်းအဖွဲ့
Source - Information Committee

5

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*