၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ့်နေ့ ကို အရင်ရွေးကောက်ပွဲများထက် အချိန်စောကြေညာမယ်လို့ UEC ပြော

၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ့်နေ့ ကို အရင်ရွေးကောက်ပွဲများထက် အချိန်စောကြေညာမယ်လို့ UEC ပြော
September 14, 2017 Fame Asian

5:58 pm
၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ့်နေ့ ကို အရင်ရွေးကောက်ပွဲများထက် အချိန်စောကြေညာမယ်လို့ UEC ပြော

aa

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ့်နေ့ ကို ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကထက် အချိန်စောကြေညာပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

ရန်ကုန်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအရပ်ဖက်အဖွဲ့ အစည်းများအပါအ၀င် အရပ်ဘက်အဖွဲ့ အစည်း ၁၀၀ နီးပါးတို့ က ” ၂၀၂၀ အထွေထွေရွေးကောက်ပွဲများနဲ့ ရွေးကောက်ပွဲသမာသမတ်ကျမှုကိုမြှင့်တင်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့  ၂
ရက်တာဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးအပြီးမှာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအရပ်ဘက်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ PACE မှ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က UEC အနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ့်နေ့ နဲ့ အချိန်ဇယားကို အခုကတည်းက ကြိုတင်ကြေညာသင့်ပြီလို့ ပြောကြားမှုနဲ့ ပတ်သတ်လို့  Popular News က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ် မေးမြန်းရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

”ကျွန်တော်တို့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနေ့ ကို ၆ လစောပြီးကြေညာပေးခဲ့ပါတယ်။ ပြီးတော့ ဘာတွေလုပ်သွားမယ်ဆိုတာကိုလည်း ကြိုတင်ထုတ်ပြန်ပေးခဲ့ပါတယ်။အရင်က ၃ လလောက်အကြိုကပြောခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးတော့ လုပ်ငန်း
စဉ်တွေပိုပြီး တိုးတက်ကောင်းမွန်လာမယ်လို့ ပြောချင်ပါတယ်။ ၂၀၁၇ ခုနှစ်ကထက် ပိုပြီး စောစောအသိပေးကြေညာသွားမှာဖြစ်ပါတယ်” လို့ ဦးတင်ထွန်းကပြောပါတယ်။

PACE မှဦးစိုင်းရဲကျော်စွာမြင့်ကတော့ ရွေးကောက်ပွဲနေ့ ကို အချိန်စောပြီးကြေညာထားသင့်တာဟာ အာဏာရပါတီအနေနဲ့ နိုင်ငံရေးကစားလို့ မရအောင်လို့ ပြောပါတယ်။

”ဒေသအတွင်းမှာရော နိုင်ငံတကာမှာပါ ရွေးကောက်ပွဲအချိန်ဇယားသတ်မှတ်ထားတာ ကောင်းတဲ့အတွေ့ အကြုံတစ်ခုပဲ။ဒါမှ အာဏာရတဲ့ပါတီက အာဏာရတဲ့အစိုးရက နိုင်ငံရေးကစားဖို့ ပိတ်ပင်ရာရောက်မယ်။ဥပမာ ရွေးကောက်ပွဲနေ့ ကို ဘယ်နေ့ သတ်မှတ်ထားပြီဆိုကတည်းက ဘယ်ပါတီမဆို ရွေးကောက်ပွဲနေ့ ဟာ ဘယ်နေ့ ရှိမယ်ဆိုတာ သိပြီးတော့ စပြီးတော့ ပြင်ဆင်လို့ ရတယ်။ဒါကောင်းတဲ့အလေ့အထပါ။ ပွင့်လင်းမြင်သာဖို့ အတွက်ကို ရွေးကောက်ပွဲကော်မရှင်က သူ့ ရဲ့ပွင့်လင်းမြင်သာမှုကိုပြချင်တယ်ဆိုရင် အကောင်ဆုံးနည်းလမ်းတွေထဲကတစ်ခုပဲ ” လို့ ဦးစိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။

ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်တဲ့အရပ်ဘက်လူ့ အဖွဲ့ အစည်းတွေက UEC ကိုအကြံပြုထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သတ်တဲ့အချက်တွေ၊ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ စောင့်ကြည့်လေ့လာခွင့်၊မဲဆန္ဒရှင်စာရင်း၊စတဲ့ကိစ္စရပ်များနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုပြင်ဆင်ဖို့ ကိစ္စတွေကို UEC အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲထားသလဲမသိရသေးဘူးလို့ PACE ကပြောပါတယ်။ဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း(လားရှိုး)မှ ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက

”ဒုက္ခသည်စခန်းတွေက မဲပေးခွင့်ရှိရဲ့သားနဲ့ မဲမပေးနိုင်တဲ့လူတွေရဲ့ ကိစ္စတွေဆွေးနွေးခဲ့တယ်။ဆရာတစ်ယောက်ပြောသွားတာဆိုရင်အရမ်းကောင်းတယ် လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းက ၀င်ပြိုင်စရာမလိုဘဲ နေရာရနေတာဖြစ်တဲ့အတွက် အဲဒီ၂၅ ရာခိုင်နှုန်းရဲ့နောက်မှာရှိနေတဲ့ စစ်တပ်အနေနဲ့ မဲပေးစရာမလိုဘူးပေါ့ ။ နောက်တစ်ခုက သာသနာပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဖာသာတို့ ဘုန်းကြီးတို့ အနေနဲ့ စိတ်ပေါ့သွပ်သူတွေမဲမပေးရဘူးဆိုတဲ့အထဲမှာ တစ်တန်းတည်းအထားခံရတယ်ပေါ့ အဲဒါတွေဆွေးနွေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မဲဆွယ်စည်းရုံးမှုဆိုင်ရာ အသုံးစရိတ်သတ်မှတ်မှုမှာ မဲဆန္ဒနယ်အရွယ်အစားပေါ်အခြေမခံဘဲ တစ်သတ်မတ်တည်းသတ်မှတ်ထားတာ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့ အစည်းတစ်ခုချင်းစီအလိုက် ထည့်ဝင်လှူဒါန်းနိုင်တဲ့ အမြင့်ဆုံးပမာဏ သတ်မှတ်ထားမှုမရှိတာတို့ ဟာ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့မျှတမှုနဲ့ အရွေးခံကိုယ်စားလှယ် ရဲ့ လွတ်လပ်မှု၊အမှီအခိုကင်းမှုတို့ အတွက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ UEC ကအကောင်အထည်ဖော်ရမယ့်အချက်တွေဖြစ်တယ်လို့ ဆွေးနွေးပွဲဖိုရမ်က ထုတ်ပြန်ထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*