5:54 pm
နေပြည်တော် ၊ စက်တင်ဘာ ၁၃
အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသမှာ ရွာ၂၅ ရွာကို မူလနေရာပြန်အခြေချပြီးပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ချုပ် ဦးဇော်ဌေးက ပြောပါတယ်။ဒီကနေ့ နိုင်ငံတော်သမ္မတရုံးမှာပြုလုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်နှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောခဲ့တာပါ။
စက်တင်ဘာ ၇ ရက်နေ့ကစပြီး လုံခြုံရေးတည်ငြိမ်လာတဲ့ဒေသရွာတွေကိုပြန်လည်အခြေချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ARSA အကြိမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့လည်းဦးဇော်ဌေးက ဆိုပါတယ်။
“၆ ရက်နေ့ကနေ ၁၂ ရက်နေ့ ထိ ထိတွေ့မှုမရှိဘူး။ ဒါကြောင့် လုံခြုံရေးကပုံမှန်အနေထားတော့မရောက်သေးပေမယ့် တည်ငြိမ်စပြုလာပြီလို့ပြုလို့ရတယ်” လို့ သူက ဆိုပါတယ်။
ARSA အကြမ်းဖက်အဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့မှုအနေနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုစတင်ဖြစ်ပွားတဲ့ သြဂုတ်လ ၂၅ ရက်နေ့က ၃၈ ကြိမ် ၊ သြဂုတ်လ ၂၆ ရက်နေ့က ၁၃ကြိမ် ၊ သြဂုတ်လ ၂၇ ရက်နေ့က ( ၁၉ )ကြိမ် ၊ သြဂုတ်လ ၂၈ ရက်နေ့က ၁၀ကြိမ် ၊ သြဂုတ်လ ၂၉ ရက်နေ့က ( ၁ )ကြိမ် ၊ ၃၀ ရက်နေ့မှာ ၈ ကြိမ် ၊ ၃၁ ရက်နေ့ မရှိ ၊ စက်တင်ဘာာ ၂ / ၃/၄ / ၅ ရက်နေ့တွေမှာ တစ်ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါဒေသမှာရှိတဲ့ ဘင်္ဂလီရွာပေါင်း ၄၇၁ ရွာမှာ ဒေသခံတစ်ချို့တစ်လေထွက်ပြေးပြီး တစ်ချို့တစ်လေကျန်ခဲ့တဲ့ ရွာ ၃၄ ရွာရှိကြောင်း ၊ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်မှု ၁၇၆ ရွာရှိခဲ့ပြီး လုံးဝထွက်ပြေးမှု မရှိတဲ့ ရွာ ၂၆၀ ရှိခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
YL/ TH