September 13, 2017
12:01 pm
12:01 pm
”အရှေ့တောင်အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲကို မြန်မာက အားကစားနည်း ၁၂မျိုးနှင့် ၀င်ပြိုင်မည်”
(ရန်ကုန်၊ စက်တင်ဘာ၁၃)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ( ၉ ) ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ က အားကစားနည်း (၁၂ ) မျိုးနှင့် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်၍ လက်ရှိ အချိန်၌ ပြိုင်ပွဲဝင်မည့် အားကစားသမား များမှာ အပြင်းအထန် လေ့ကျင့်နေကြသည်။
စခန်းတွင်းလေ့ကျင့်မှု များနှင့်အတူ တရုတ်နိုင်ငံသို့ ပါ သွားရောက် လေ့ကျင်ခဲ့ကြသည့် ယင်း မသန်စွန်း အားကစားသမား တို့သည် ဘောလုံး၊ ပြေးခုန်ပစ် နှင့် ရေကူး အပါအ၀င် ကစားနည်း ( ၁၂ ) မျိုး တို့တွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဟုသိရသည်။
သွားရောက် ယှဉ်ပြိုင်ကြမည့် မသန်စွမ်း အားကစားကမား အရေအတွက်သည် ၁၂၀ဖြစ်ပြီး၊ ( ၉ ) ကြိမ်မြောက် အရှေ့တောင် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံ တွင် ယခုလ ၁၇ ရက်နေ့မှ စကာ ၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
ဓါတ်ပုံ-သားဒွေး