ကာရံဖို့ကျန်တဲ့ ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးနဲ့ လက်ရှိခြံစည်းရိုး အဆင့်မြှင်ဖို့ ၅ ဘီလီယံပေးထား

ကာရံဖို့ကျန်တဲ့ ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးနဲ့ လက်ရှိခြံစည်းရိုး အဆင့်မြှင်ဖို့ ၅ ဘီလီယံပေးထား
September 13, 2017 Fame Asian

6:06 pm
ကာရံဖို့ကျန်တဲ့ ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးနဲ့ လက်ရှိခြံစည်းရိုး အဆင့်မြှင်ဖို့ ၅ ဘီလီယံပေးထား

နေပြည်တော် ၊ စက်တင်ဘာ ၁၃

ရခိုင်နယ်စပ် ခြံစည်းရိုးတွေအတွက် ဘတ်ဂျက် ၅ ဘီလီယံနဲ့ လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ချုပ် ဦးဇော်ဌေးက ပြောပါတယ်။ဒီကနေ့ နိုင်ငံတော်သမ္မတရုံးမှာပြုလုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောခဲ့တာပါ။

ခြံစည်းရိုးအတွက် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ အတွင်းမှာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိ အပေါက်တွေ ၊ အပျက်တွေဖြစ်နေတဲ့ မိုင်တိုင် ၃၀ နဲ့ ၄၇ ကြာကို ပြုပြင်နေပြီး ကာယံဖို့ကျန်ရှိနေတဲ့ ခြံစည်းရိုး မိုင်လေးဆယ်ကိုလည်းဆက်လုပ်သွားမှာဖြစ်ကြောင်း ၊ ဘတ်ဂျက်ကို ပထမအဆင့် ၊ ဒုတိယအဆင့် ၊ တတိယအဆင့် စတဲ့ အဆင့်သုံးဆင့်နဲ့ စုစုပေါင်း ၅ ဘီလီယံ ပေးထားကြောင်း ၊ ဒါ့အပြင် လက်ရှိခြံစည်းရိုးကို အဆင့်မြှင့်ဖို့ ခြံစည်းရိုးအမြင့်နဲ့ ခိုင်မာမှုတွေကိုလည်း ထပ်မံလုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

လက်ရှိမှာလည်း နယ်စပ်ရေးရာ ၀န်ကြီးကိုယ်တိုင် နယ်စပ်ခြံစည်းရိုးကိစ္စနဲ့ပတ်သတ်ပြီးသွားရောက်ကြည့်ရှူနေပါတယ်။

YL/ TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*