11:21 am
ရန်ကုန် ၊ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးမှာ စက်တင်ဘာလ ၁၀ ရက်နေ့ မှ စတင်၍ အရေးကြီးကာလအဖြစ်သတ်မှတ်ပြီး လုံခြုံရေးကို အင်အားပြည့်အသင့်အနေအထားနဲ့ လှည့်လည်ဆောင်ရွက်နေတယ်လို့ အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ ခွဲ ၊ စစ်ကြောင်း(၂)မှ ဒုရဲမှူးသက်နိုင်ဦးကပြောပါတယ်။ အခုလိုဆောင်ရွက်ရတာဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကောလာဟလသတင်းမျိုးစုံထွက်ပေါ်နေတဲ့အတွက် အခုလိုအင်အားတိုးဆောင်ရွက်နေရခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။
” ကျွန်တော်တို့ ကတော့ အေးချမ်းသာယာရေးနဲ့ ပတ်သက်ပြီးပြသာနာအဖြစ်မခံနိုင်ပါဘူး ဆူပူမှုတွေမရှိအောင်လှည့်လည်ဆောင်ရွက်နေပါတယ်။ အရေးကြီးကာလက ရက်အတိအကျတော့ သတ်မှတ်မထားဘူး ။ အခြေအနေအပေါ်မူတည်ပါတယ်။ ရကဖ(၂)အောက်က တပ်ရင်းတွေအကုန်လုံးကို အသင့်အနေအထားနဲ့ စုဖွဲ့ ဆောင်ရွက်နေပါတယ်။အရင်ကတော့ တပ်ခွဲလောက်နဲ့ အခြေပြုပြီးပုံမှန်ဆောင်ရွက်တယ်။ အခုကတော့ ကင်းလောက်ပဲချန်ထားပြီး ကျန်တဲ့အင်အားအကုန်လုံးကို အင်အားပြည့်ဆောင်ရွက်တယ်။ လူအင်အားကော လက်နက်အင်အားရော ဖြည့်တင်းဆောင်ရွက်နေတယ်” လို့ ဒုရဲမှူးသက်နိုင်ဦးကပြောပါတယ်။
အမှတ်(၂) လုံခြုံရေးရဲ ကွပ် ကဲမှုအဖွဲ အောက်က အမှတ်(၇)လုံခြုံရေးတပ်ဖွဲ့ ခွဲ့ ဟာ ကောလာဟလတွေထွက်ပေါ်နေခဲ့တဲ့ မနေ့ က စက်တင်ဘာလ ၁၁ ရက်နေ့ ညမှာ ရန်ကုန်မြို့ တော်ခမ်းမတစ်ဝိုက်၊ ဗိုလ်တစ်ထောင်စေတီတော်အနီးတစ်ဝိုက်၊ လှည်းတန်းတစ်ဝိုက်နဲ့ သီရီ မင်္ဂလာဈေးသစ်အနီးတို့ မှာ လှည့်ကင်းလှည့်လည်ဆောင်ရွက်ခဲ့ကြပါတယ်။ပုံမှန်ရှိနေတဲ့ လုံခြုံရေးအဖွဲ့ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တယ်လို့ သိရပါတယ်။အခုလိုဆောင်ရွက်တာဟာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ နဲ့ ရကဖ(၂) နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အခြားတိုင်းဒေသကြီးများမှာလည်း ရကဖ(၂) ရဲ့ စီမံမှုနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း၊ ဓါတ်ပုံ – ဖြိုးထက်အောင်