လူငယ်တွေအုပ်စုဖွဲ့ပြီး စုံတွဲတစ်တွဲဆီကငွေတောင်းရာမှ တစ်ဦးအသတ်ခံလိုက်ရတဲ့ ဗန်းမော်ကဖြစ်စဉ်

လူငယ်တွေအုပ်စုဖွဲ့ပြီး စုံတွဲတစ်တွဲဆီကငွေတောင်းရာမှ တစ်ဦးအသတ်ခံလိုက်ရတဲ့ ဗန်းမော်ကဖြစ်စဉ်
September 12, 2017 Fame Asian

3:00 pm
လူငယ်တွေအုပ်စုဖွဲ့ပြီး စုံတွဲတစ်တွဲဆီကငွေတောင်းရာမှ တစ်ဦးအသတ်ခံလိုက်ရတဲ့ ဗန်းမော်ကဖြစ်စဉ်

ba

ဗန်းမော်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက ဒုက္ခသည်စခန်းတစ်ခုမှ ၄ တန်း၊၈ တန်း ၊ ၉တန်း ၊ ၁၀ တန်း အရွယ်ကျောင်းသား ၇ ယောက်ဟာ စုံတွဲတစ်တွဲထံမှာ အုပ်စုဖွဲ့ ပိုက်ဆံတောင်းမှု ပြုရာကနေ ဓါးနဲ့ပြန်လည်ခုတ်ခံရပြီး တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ည ပိုင်းက ဗန်းမော်မြို့နယ် ဂေါ်ရာကန်ဆိုတဲ့ အရပ်မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာ စုံတွဲထဲက ကောင်လေးဖြစ်သူရဲ့ဓါးနဲ့ခုတ်မှုကြောင့် အုပ်စုဖွဲ့ပိုက်ဆံတောင်းသူထဲက ၉ တန်းကျောင်းသား ဇော်ဒိန် ဆိုသူ သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အုပ်စုဖွဲ့ပြီး ပိုက်ဆံတောင်းတဲ့ အဖွဲ့က ကျန်ရစ်သူ လူငယ် ၆ ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် တူးနန် ၊ အသက် ၁၅ နှစ်အရွယ် ဇော်လအောင် ၊အသက် ၁၄ နှစ်အရွယ် ဇိုင်းနော်အောင် ၊အသက် ၁၅ နှစ်အရွယ် မိုင်ဂျာအောင် ၊ အသက် ၁၄ နှစ်အရွယ် နော်အောင် နဲ့ အသက် ၁၅ နှစ်အရွယ် မျိုးဆန့် တို့ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အာဏာပိုင်တွေက တွေ့ဆုံ ဆုံးမစကားပြောပြီး ခံဝန်နဲ့ပြန်လည်လွှတ်ပေးလိုက်ပါတယ်။

ဗန်းမော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက “ကလေးတွေက KBC ကဖွင့်ထားတဲ့ camp က ကျောင်းသားလေးတွေ။ လူငယ်တွေချည်းပဲ။ ကျူရှင်သွားမယ်ဆိုပြီး ထွက်ထွက်သွားပြီး အတွဲဆီက ပိုက်ဆံသွားတောင်းတာ။ သွားတောင်းတော့ ဟိုစုံတွဲမှာလည်း ကာကွယ်ဖို့ ဓါးပါခဲ့မယ်နဲ့တူတယ်။ ပြန်ခုတ်လိုက်တာ သေသွားတယ်။ ညကြီးဆိုတော့ သူတို့ကိုယ်တိုင်းလည်းစုံတွဲကိုမမှတ်မိဘူး။ ဓါးနဲ့ခုတ်သူကို အခုထိတော့မဖမ်းမိသေးဘူး။ ဒီတော့ သူတို့မှာ တစ်ယောက်လည်းသေသေးတယ် အဖမ်းလည်းခံရသေးတယ်ဆိုတော့ မဖြစ်သေးဘူး။ ပိုက်ဆံလည်းမရလိုက်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက သူတို့ရဲ့ အုပ်ထိန်းသူ ၊ camp တာဝန်ခံတွေ နဲ့တွေ့ဆုံပြီး နောက်တစ်ခါထပ်ဖြစ်ရင် အရေးယူမယ်။ဒါကြောင့် ထပ်မဖြစ်အောင် စောင့်ရှောက်ပါ ဆိုပြီး ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်တာပါ ” လို့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဝန်ခံလက်မှတ်ရေးထိုးစေပြီး အုပ်ထိန်းသူထံပြန်အပ်နှံပေးခဲ့တဲ့ပွဲကိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလွင်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးဇော်သင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူတွေ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေ ၊ သက်ဆိုင်ရာမိဘတွေ ၊ camp တာဝန်ခံဦးတန်ဂွန်း တို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဦးအောင်သိန်းက “အခုက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ KBC နဲ့က ငြိမ်းချမ်းရေးကိစ္စဆွေးနွေးနေတာတွေလည်းရှိတယ်။ ပြီးတော့ အခုဖြစ်စဉ်မှာလည်း လူငယ် ၇ ဦးအုပ်စုဖွဲ့ပြီးလုပ်တာဆိုပေမယ့် သေတော့လည်းသူတို့ဘက်ကသေတယ်။ ပိုက်ဆံလည်းမတောင်းဖြစ်လိုက်ဘူး။ ပိုက်ဆံလဲ သူတို့လက်ထဲမရောက်ခဲ့ဘူး။ ဒီတော့ ဓါးပြမှုလည်းမမြောက်တော့ဘူးဆိုတော့ တာဝန်ရှိသူတွေနဲ့စုပေါင်းတိုင်ပင်ပြီး ပြဿနာမကြီးမားတော့အောင် လုပ်လိုက်တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ ဓါးနဲ့ခုတ်ပြီးထွက်ပြေးသွားတဲ့ သူကို ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ပြီး ရှာဖွေဖမ်းဆီးနေတယ်လို့လည်း ဗန်းမော်ရဲစခန်းကနေသိရပါတယ်။

Ye Lwin

Comment (1)

  1.ဲကာကြီး 7 years ago

    ဘယ်လိုဘယ်လို အုပ်စုဖွဲ့ ဒါးမြတိုက်တာက အမှန်လား တကယ်စောင့်သုံးကိုမကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ပဲ ဟိုဖက်က လူသတ်မှု ထားပါတော့ ဒီဘက်က ခံဝန်နဲ့ လွှတ်လို့မရဘူးလေ သေစမ်း ကွာ လိုချင်တာက ပညာတတ်အစိုးရ .. ရှိနေတာက ထောင်ထွက်အစိုးရ နဲ့ စစ်တပ်အစိုးရ မြန်မာပြည်က ခွေးဖစ်မယ့် နိုင်ငံပဲ

Leave a reply

Your email address will not be published. Required fields are marked *

*