အမုန်းစကား တားဆီး ကာကွယ်​​ရေး ဥပ​ဒေကြမ်းကို သာ/ယဉ် ၀န်ကြီးဌာနက လွှတ်​​တော်​ တင်​ရန်​ စီစဉ်​​နေ

အမုန်းစကား တားဆီး ကာကွယ်​​ရေး ဥပ​ဒေကြမ်းကို သာ/ယဉ် ၀န်ကြီးဌာနက လွှတ်​​တော်​ တင်​ရန်​ စီစဉ်​​နေ
September 11, 2017 Asian Fame

4:28 pm
အမုန်းစကား တားဆီး ကာကွယ်​​ရေး ဥပ​ဒေကြမ်းကို သာ/ယဉ် ၀န်ကြီးဌာနက လွှတ်​​တော်​ တင်​ရန်​ စီစဉ်​​နေ

(နေပြည်တော် ၊ စက်တင်ဘာ ၁၁)

အမုန်းစကား တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်တင်ရန် စီစဉ်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောခွင့်ရ လက်ထောက်အတွင်းဝန် ဦးအောင်ဆန်းဝင်းက Popular News ကို ပြောပါတယ်။

“လွှတ်တော် တင်ဖို့ လုပ်နေပြီ ၊ ဒီဥပဒေမှာ နိုင်ငံတကာ အမြင်တွေလည်း ထည့်ထားတယ်” လို့ သူကဆိုပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်ထံ အမြန်ဆုံး တင်နိုင်ရန် အတွက်သာ ကြိုးစားနေပြီး၊ မည်သည့် အချိန်တွင် တင်နိုင်မည်ကို အတိအကျ မပြောနိုင်ကြောင်း သူကထပ်ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ကတော့ အမုန်းစကား တားဆီး ကာကွယ်ရေးဥပဒေကို ယခုနှစ် အကုန်မှာ ပြဌာန်းဖို့ မျှော်လင့်တယ်လို့ သတင်းမီဒီယာတွေကို လွှတ်တော် အတွင်းမှာ ပြောကြားထားဖူးပါတယ်။

ဒီဥပဒေကြမ်းဟာ ဆိုရင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား ဘာသာတစ်ခုနဲ့ တစ်ခုကြား အမုန်းစကားများနဲ့ အမုန်းတရားမပွားအောင် တားမြစ်တဲ့ ဥပဒေကြမ်း တစ်ခုလည်း ဖြစ်ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*