ဒလတံတား ဆောက်တော့မှာလား ကြာဦးမှာလား

ဒလတံတား ဆောက်တော့မှာလား ကြာဦးမှာလား
September 8, 2017 Fame Asian

4:03 pm
ဒလတံတား ဆောက်တော့မှာလား ကြာဦးမှာလား
21371330_1552640334798243_3934670100743683264_n

။ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ တရားဝင် ထုတ်ပြန် ထားသော ဒလတံတားပုံ ဒီဇိုင်း၊

ရန်ကုန် ၊ စက်တင်ဘာ ၈

၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အပြီးဆောက်လုပ်သွားမယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးမှ ကတိပေးထားတဲ့ ရန်ကုန်-ဒလတံတား စီမံကိန်းကို မြန်မာ့စက်မှု ဆိပ်ကမ်း(MIP) က နိုင်ငံ့စီးပွားရေးထိခိုက်နိုင်တယ်ဆိုပြီး ကန့် ကွက်ထားတယ်လို့ ဒလမြို့ နယ်မှ လွှတ်တော် ကိုယ်စားလှယ်များကပြောပါတယ်။ တံတားဆောက်လုပ်လိုက်မယ် ဆိုရင် မြစ်ကြောင်းပြောင်းလဲကာ ဆိပ်ကမ်း၇ ခုမှာ သောင်းထွန်းနိုင်တယ်ဆိုပြီး ကန့် ကွက်တာဖြစ်တယ်လို့ ဒလမြို့ နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ပြောပါတယ်။

ဒါ့အပြင် တံတားဆောက်လုပ် လိုက်မယ်ဆိုရင် နိုင်ငံတကာက လာမယ့် သဘောင်္ကြီးတွေ အနေနဲ့ အခက်အခဲဖြစ်နိုင်တာမို့ နိုင်ငံတကာ ၀င်ငွေ လည်း ထိခိုက်နိုင်တယ်ဆိုပြီး ကန့် ကွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”ဒါကသူတို့ ကပြောတာပေါ့လေ။ဒါပေမယ့်တံတားစီမံကိန်းကတော့ ရှေ့ ဆက်တိုးနေပြီလို့ ပြောချင်ပါတယ်။ ဆောက်လုပ်ရေး ၀န်ကြီးဌာန ကလည်း ဆောက်မယ်လို့ သဘောတူပြီးသား စီမံကိန်းကို အခုမှ နိုင်ငံ့ဝင်ငွေထိခိုက်စေနိုင်တယ်ဆိုတော့ ဒါက လူကြီးတွေ ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါက အရင်အစိုးရ ကော အခုအစိုးရပါခွင့်ပြုပြီးသား ခိုင်မာတဲ့စီမံကိန်း”လို့ ဒေါက်တာစိန်မြအေးက ပြောပါတယ်။

ရန်ကုန်-ဒလတံတားစီမံကိန်းဟာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေနဲ့ ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ထည့်ဝင်
ငွေ ၃ဝ ဒသမ ၃၄၁ သန်းတို့ နဲ့ မတည်တည်ဆောက်တာပါ။ခန့် မှန်းကုန်ကျနိုင်ငွေ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျနိုင်ချေရှိတယ်လို့ ခန့် မှန်းထားကြတာဖြစ်ပါတယ်။

တံတားစီမံကိန်းနဲ့ မလွတ်တဲ့နေအိမ်များအတွက် ပြီးခဲ့တဲ့ ၂၀၁၆၊ဖေဖော်ဝါရီလ၁၇ ရက်နေ့ က ခုနှစ်ကမြေယာလျော်ကြေးများ ပေးလျော်ထားပြီး မလွတ်ကင်းတဲ့ သာသနိက အဆောက်အအုံ များလည်း ပြောင်းရွှေ့ခွင့် ကျထားပြီးဖြစ်ပါတယ်။ပေ (၄ဝ x ၆ဝ) မြေတစ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာ/ အခွန်မှ သတ်မှတ်ဈေးနှုန်း သိန်း ၁၅ဝ ၊နဲ့  မြို့မြေဖြစ်တာကြောင့် သိန်း ၄၅ဝ နှုန်း လျော်ကြေးသတ်မှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။မလွတ်ကင်းတဲ့ မြေကွက် ၆၈ ကွက်ရှိပါတယ်။ပြီးခဲ့တဲ့ လအနည်းငယ်က တံတားစီမံကိန်းအတွက် လိုအပ်တဲ့မြေသားစမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြတာတွေ့ရပေမယ့် အခုအခါမှာတော့ ကန့် ကွက်ခံရတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကို ရန်ကုန်-ဒလတံတားစီမံကိန်းကို မြန်မာ့စက်မှုဆိပ်ကမ်း(MIP) က ကန့် ကွက်စာပို့ ခဲ့တဲ့အပေါ် ယင်းကောမတီမှအဖွဲ့ ဝင် ဆိပ်ကမ်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က”ကော်မတီက ဆိပ်ကမ်းအဖွဲ့ တွေကို ခေါ်ပြီး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအနေနဲ့ နှစ်ရှည်ဌားရမ်းထားမှုအခြေအနေတွေ၊ အာမခံကိစ္စ ၊ ရင်းနှီးမြှုပ်နှံထားမှုအခြေအနေတွေ ဒါတွေ မေးမြန်းပါတယ်။သူတို့ ပြောတာတော့ သူတို့ ဆိပ်ကမ်းမှာ သုံးနေတဲ့ ကရိန်းတို့ ဘာတို့ ဆိုတာက နိုင်ငံတကာကမှာပြီး ဒီမှာဆင်ရတာဖြစ်တဲ့အတွက် တံတားဆောက်လိုက်ရင် မလွတ်တွေဖြစ်မယ်ပေါ့ ။

နိုင်ငံတော်ကိုလည်း ၀င်ငွေရှာပေးနေတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာသဘောင်္ကြီးတွေအနေနဲ့ အတင်အချတွေ အခက်အခဲရှိနိုင်တယ်။ ပြီးတော့ရန်ကုန်မြစ်ကလည်း ရေစီးသန်တယ်။ဆောင်းတွင်းကျရင်လည်း နှင်းအရမ်းကျတယ်။ ဒီတော့ သဘောင်္တွေအတွက်အခက်အခဲဖြစ်နိုင်တယ်ဆိုပြီးတော့ပါ။ ကျွန်တော်တို့ အနေနဲ့ တော့ အချက်အလက်တွေကို အစီရင်ခံအနေနဲ့ ပြည်ထောင်စုတင်ပြသွားမှာပါ။ ဒါကိုတာဝန်ရှိသူတွေဆုံးဖြတ်ပေါ့။ ပြန်လည်စီစစ်လို့ ကြာဦးမလားတော့ ကျွန်တော်တို့ တော့ မပြောတက်ဘူး” လို့ ပြောပါတယ်။

တံတားစီမံကိန်းကို ရန်ကုန်ဘက်ခြမ်းက လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့၊ ဒလဘက်ခြမ်းက ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ပြီးဆောက်မှာဖြစ်ပါတယ်။ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြည်သူများရဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ ဒေသခံတွေယုံကြည်ထားကြတဲ့ ယင်းတံတားစီမံကိန်းကြောင့် ဒေသခံမြေဈေးတွေတက်ခဲ့တယ်လို့ မီဒီယာများကို ဖြေကြားထားမှုတွေအရသိရပါတယ်။ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်း တံတား ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၊ ပုဂ္ဂလိက ဆိပ်ကမ်း လုပ်ငန်းရှင်တို့ ဟာ တွေ့ ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီး တံတားအမြင့်ကို ၄၉ မီတာထားဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

”ဒီဇိုင်းအတွက် အစည်းအဝေးလုပ်တော့ သူတို့ လည်း(ဆိပ်ကမ်းအဖွဲ့ များ) ပါတဲ့ဟာ။ အခုမှ တံတားကို နေရာပြောင်းဆောက်ဖို့ တို့ ၊ အမြင့်ပေထပ်တိုးပေးဖို့ တို့ ဆိုတာက အခုကျမှပြောတာကတော့ မကောင်းဘူးပေါ့ဗျာ။ အစောကြီးကတည်းကပြောကြပါလား။ဒါပေမ
ယ့် ဒီမိုကရေစီဆိုတော့လည်း အားလုံးရဲ့အသံပါအောင်နားထောင်တာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း သူတို့ အလုပ်သူတို့ ဆက်လုပ်လိ့မ်မယ်။ ဒီဇင်ဘာဆို ကုမဏီရွေးလိ့မ်မယ်။ ၂၀၁၈ ဆိုရင် စဆောက်ကြတော့မှာ။”လို့ ဒလမြို့ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးက ပြောပါတယ်။

ဆောက်လုပ်သွားမယ့် တံတားအမျိုးအစားဟာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းတံတား အရှည် ၆၁၄၃ ပေ၊ ပင်မတံတား အရှည် ၁၉၃၆ ပေရှိပြီး လေးလမ်းသွားတံတားဖြစ်ပါတယ်။ရန်ကုန်ဘက်ကမ်းချဉ်းကပ်တံတားအရှည်၂ဝ၂၆ ပေ၊ဒလ ဘက်ကမ်း ချဉ်းကပ် တံတားအရှည်မှာ ၂၁၈၂ ပေရှိပြီး လှိုင်မြစ်အတွင်းသွားလာနေသော တန်ချိန် ၁၅ဝဝဝ ရှိ DWT Cargo သင်္ဘောကြီးများ ရေလမ်းကင်းလွတ်စွာ သွားလာနိုင်ရန် ရေလမ်းကင်းလွတ်အမြင့်ပေ ၁၆ဝ၊ ရေလမ်းကင်းလွတ်အကျယ် ၅၂၅ ပေ ဒီဇိုင်းတွက်ချက်ရေးဆွဲထားပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅ တန်ဖြစ်တယ် လို့နိုင်ငံပိုင် သတင်းစာမှာ ပါရှိပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကတော့ ဒီကိစ္စကို နိုင်ငံတော်သမ္မတထံကို တင်ပြသွားမယ်လို့ အစည်းအဝေးတစ်ခုမှာပြောကြားထားကြောင်းဦးစံကျော်ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*