မဏိပူရရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်နိုင်ရေး အစီရင်ခံစာကို ပြည်ထောင်စုအစိုးရထံပေးပို့

မဏိပူရရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်နိုင်ရေး အစီရင်ခံစာကို ပြည်ထောင်စုအစိုးရထံပေးပို့
September 8, 2017 Fame Asian

4:38 pm
မဏိပူရရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်နိုင်ရေး အစီရင်ခံစာကို ပြည်ထောင်စုအစိုးရထံပေးပို့

21369548_1954467251473512_8915830419472732825_n

နေပြည်တော် ၊ စက်တင်ဘာ ၈

ဒေသခံတွေ ရဲ့ ကန့်ကွက်မှုတွေများစွာကြုံရပြီး နိုင်ငံတော်အစိုးရက ခေတ္တရပ်ဆိုင်းခဲ့တဲ့ မဏိပူရရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့ အစီရင်ခံစာကို ချင်းပြည်နယ်အစိုးရအဖွဲ့ကနေ နိုင်ငံတော်အစိုးထံကို ပြီးခဲ့တဲ့ရက်ပိုင်းက ပေးပို့လိုက်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့အဆင့်မြှင့်တာဝန်ရှိသူတစ်ဦးက”ပြန်ပြီးတော့များ လုပ်ခွင့်ရမလားပေါ့။ အစီရင်ခံစာထဲမှာတော့ ပြန်အကောင်အထည်ဖော်ရင် ချင်းပြည်နယ်အတွက်လိုအပ်နေတဲ့ လျှပ်စစ်မီးရော ၊ မကွေး ၊ စစ်ကိုင်း တွေမှာရှိတဲ့ ဆည်ရေသောက်ဧရိယာတွေအတွက် ရေပေးနိုင်မယ့်အကြောင်း ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပီး စက်တင်ဘာ ၇ ရက်နေ့က ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနဲ့ပတ်သတ်ပြီး စီမံကိန်းအတွက် MOU ထိုးထားတဲ့ China Gezhouba Group (CGGC)က ကိုယ်စားလှယ်တွေဟာ ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်ဝန်ကြီးကို လာရောက်တွေ့ဆုံခဲ့ပါသေးတယ်။

ဒီ မဏိပူရရေအားလျှပ်စစ်စီမံကိန်းဟာ နန်းကသဲခေါ် မဏိပူရ မြစ်ပေါ်မှာတည်ရှိတာဖြစ်ပြီး ပြီးစီးသွားရင်တော့ လျှပ်စစ် ၃၈၀ မဂ္ဂါဝပ် ရနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

စီမံကိန်းအတွက် ဆည်တည်ဆောက်ရေးဆောင်ရွက်ခဲ့စဉ်တုန်းက ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု ၊ တမံရဲ့ ရေ၀ပ်ဧရိယာတွေကိစ္စတွေနဲ့ ပတ်သက်ပြီး အပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။

တစ်စုံတစ်ရာသဘာဝဘေး ငလျင်ဒဏ် ၊ တမံကတစ်စုံတစ်ရာချွတ်ချော်မှုတွေဖြစ်လာခဲ့ရင် တမံအောက်ခြေမှာရှိနေတဲ့ ဒေသခံရွာတွေဟာ မိနစ်ပိုင်းအတွင်းမှာပဲ ရေဖုံးလွှမ်းသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်တွေကိုလည်းေ ဒသခံတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ကန့်ကွက်မှုတွေ ဆက်တိုက်ဖြစ်လာလို့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက မဏိပူရရေအား လျှပ်စစ်စီမံကိန်းကို ခေတ္တရပ်ဆိုင်းခဲ့တာ ဒီကနေ့အထိပဲဖြစ်ပါတယ်။

မဏိပူရတမံဟာဆိုရင် ကလေးမြို့နယ်ထဲမှာ တည်ရှိတာဖြစ်ပြီး မဏိပူရေအားလျှပ်စစ်စီမံကိန်းဧရိယာကတော့ ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာတည်ရှိတာဖြစ်ပါတယ်။

မဏိပူရ မြစ်အထက်ပိုင်းတော်တော်များများဟာ အိန္ဒိယနိုင်ငံထဲမှာ ဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်းရေအားလျှပ်စစ် ၂ ခုပြုလုပ် အသုံးပြုထားတယ်လို့သိရပါတယ်။

မဏိပူရစီမံကိန်းနဲ့ပတ်သတ်ပြီး ၂၀၁၆ ခုနှစ်တုန်းက ပြည်သူ့လွှတ်တော်မှာ ကလေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး ကမေးခွန်းမေးမြန်းခဲ့ဖူးပါတယ်။

ဒီမေးခွန်းကို မကြာသေးခင်က အနားယူသွားခဲ့ပြီဖြစ်တဲ့ လျှပ်စစ်ဝန်ကြီး ဦးဖေဇင်ထွန်း က ပြန်လည်ဖြေကြားခဲ့ရာမှာ စီမံကိန်းဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ပြောကြားခဲ့ပါတယ်။

မဏိပူရ ရေလှောင်တမံရဲ့ အလျားကတော့ (၂၄၄၄) ပေ၊ အမြင့် (၅၂၇) ပေ ရှိပြီး ကျောက်ဖြည့်တာတမံအမျိုးအစား ၊ ဧကပေ (၁,၂၆၀,၀၀၀) သိုလှောင်နိုင်ပြီး လယ်မြေဧက (၅၀၀၀၀) ခန့် ကို စိုက်ပျိုးရေပေးဝေနိုင်မယ်လို့သိရပါတယ်။

YeLwin

Photo-Si Houng Thar

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*