ပုဂံမှာ နေ၀င်ချိန်ကြည့်ဖို့ နေရာ ၅ ခု သီးသန့်တည်ဆောက်ပြီးပြီ ၊ လကုန်ဖွင့်မည်

ပုဂံမှာ နေ၀င်ချိန်ကြည့်ဖို့ နေရာ ၅ ခု သီးသန့်တည်ဆောက်ပြီးပြီ ၊ လကုန်ဖွင့်မည်
September 7, 2017 Fame Asian

2:09 pm
ပုဂံမှာ နေ၀င်ချိန်ကြည့်ဖို့ နေရာ ၅ ခု သီးသန့်တည်ဆောက်ပြီးပြီ ၊ လကုန်ဖွင့်မည်

 

Untitled-2

ပုဂံ ၊ စက်တင်ဘာ ၇

နေ၀င်ချိနှ်ရှူခင်းများကြည့်ရှူရန် နေရာ ၅ ခု တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ပုဂံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်ကပြောသည်။

အဆိုပါနေရာ ၅ ခုမှာ ပိုမောက်ကန် ၊ ညောင်လက်ဖက်ကန် ၊ စူဌာမဏိကန် ၊ အိုးထိန်းကုန် ၂ ကုန်း တို့ဖြစ်ကြောင်း သိရသည်။”ဒီနေရာတွေ ဆောက်လုပ်ပြီးစီးသွားပြီ။ တက်ကြည့်နိုင်မယ့် လူဦးရေပမာဏကတော့ ထောင်ဂဏန်းမရှိဘူး” ဟု ၎င်းကဆိုသည်။

ယခု ညနေနေ၀င် ချိန်ရှူခင်းများ ကြည့်နိုင်ရန် သီးသန့် နေရာ၅ ခု တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့်အတွက် နောင်တွင် ပုဂံဘုရားများပေါ်သို့ တက်ကြည့်ရန်မလိုတော့ဘဲ တက်ရောက်ကြည်ရှူခွင့်ကိုလည်းပိတ်ပင်သွားတော့မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းဆိုသည်။

ယခု နေရာ ၅ ခု ကို ယခုလကုန်မှ စတင်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသား ၊ ကမ္ဘာလှည့်ခရီးသွား မည်သူတစ်ဦး တစ်ယောက်ကိုမှ ၀င်ကြေးတစ်စုံတစ်ရာကောက်ခံမှုပြုမည်မဟုတ်ကြောင်း သိရသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*