ရှောင်တခင်စစ်ဆေးမှုများကြောင့် နေပြည်တော်ရှိရှော့ပင်းစင်တာနှင့်FDAတို့ ပဋ္ဋိပက္ခ ဖြစ်ခဲ့သော်လည်း ပွင့်လင်းမြင်သာစွာ အများပြည်သူရှေ့တွင်သာ ရှောင်တခင်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် FDAစီစဉ်

ရှောင်တခင်စစ်ဆေးမှုများကြောင့် နေပြည်တော်ရှိရှော့ပင်းစင်တာနှင့်FDAတို့ ပဋ္ဋိပက္ခ ဖြစ်ခဲ့သော်လည်း ပွင့်လင်းမြင်သာစွာ အများပြည်သူရှေ့တွင်သာ ရှောင်တခင်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် FDAစီစဉ်
September 6, 2017 Fame Asian

12:01 pm
ရှောင်တခင်စစ်ဆေးမှုများကြောင့် နေပြည်တော်ရှိရှော့ပင်းစင်တာနှင့်FDAတို့ ပဋ္ဋိပက္ခ ဖြစ်ခဲ့သော်လည်း ပွင့်လင်းမြင်သာစွာ အများပြည်သူရှေ့တွင်သာ ရှောင်တခင်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် FDAစီစဉ်

 

 

နေပြည်တော် စက်တင်ဘာ ၆

ယခင်လအတွင်းက  နေပြည်တော်ရှိ  ရှော့ပင်းမောများကို  ရှောင်တခင် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာတွင် ဈေးဝယ်သူများ အထိတ်တလန့် ဖြစ်စေသည်  ဆိုသည့်  အကြောင်းပြချက်ဖြင့်  FDA နှင့်ရှော့ပင်းစင်တာ တစ်ခု ပဋ္ဋိပက္ခဖြစ်ခဲ့သော်လည်း FDAအနေနှင့် နိုင်ငံတကာ စံနှုန်းများ အတိုင်းသာ ပွင့်လင်းမြင်သာမှုရှိစွာ အများပြည်သူရှေ့တွင်ရှောင်တခင်စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုသိရသည်။

“FDAရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူလူထုအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကုန်ပစ္စည်းတွေ သုံးစွဲနိုင်ရေးပါဘဲ၊ any where,any time,no reasonပါ။နေရာမရွေးအချိန်မရွေးအကြောင်းပြချက်ပေးလို့မရပါဘူး၊စစ်မယ် စံနှုန်းမမီရင် သိမ်းဆည်းမယ်၊၊ အားလုံးကို ပွင့်လင်းမြင်သာစွာလုပ်မယ်၊ ဘယ်သူသာစေ၊ ဘယ်သူနာစေလို့FDAမှာမရှိဘူး၊ပြည်သူတွေ ဘေးအန္တရာယ်ကင်းတဲ့ ကုန် ပစ္စည်းတွေ သုံးစွဲနိုင်ရေးသာ FDAရဲ့ ရည်ရွယ်ချက်ပါ”ဟု နေပြည်တော် FDAမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

FDAအနေနှင့် နေပြည်တော်တွင်သာမက ယခုနှစ်တစ်နှစ်လုံးကို PMS(pre market survey)ဟုသတ်မှတ်ထားပြီး အများပြည်သူများ ဝယ်ယူ အသုံးပြုနေသည့် မည်သည့်နေရာများကိုမဆို သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်းကာ ရှောင်တခင် စစ်ဆေးမှုမျာြး ပု လုပ်လျှက်ရှိနေသည်။

“အစထဲက အရည်အသွေးမီတဲ့ ထောက်ခံချက်တွေရှိတဲ့ အစစ်ဆေးခံနိုင်တဲ့ အစား အသောက်နဲ့ ထုတ်ကုန်တွေ သာတင်ပြီးေ ရာင်း ချမယ်ဆိုရင် ဘယ်နေရာမှာ ဘယ်လိုစစ်စစ် အစစ်ဆေးခံနိုင်ရပါမယ်၊ အဲလိုမှမဟုတ်ဘဲ FDAကို ခိုးကြောင်ခိုးဝှက်စစ်ဖို့ လာပြောတာမျိုးကို လက်ကိုမခံပါဘူး ၊ရှောင်တခင်ဘဲ ဈေးကွက်ထောက်လှမ်းပါမယ်”ဟု FDAမှတာဝန်ရှိသူက ဆိုသည်။

FDAအနေဖြင့် ယခင်က ဈေးကွက် ထောက်လှမ်း စစ်ဆေးရာတွင်စာဖြင့်ကြိုတင်အသိပေးခဲ့သော် လည်းေ ခတ်အနေအထားအရ ကြိုတင် အသိပေးပါက စံမမီထုတ်ကုန်များကိုသိမ်းဆည်းခြင်း များရှိနေသဖြင့် ယခုအခါရှောင်တခင်ဈေးကွက်ထောက်လှမ်းခြင်းကိုသာ ပြုလုပ်လျှက်ရှိနေသည်။မြို့တော်စည်ပင်လက်အောက်တွင်ရှိနေသော စည်ပင်သာယာပိုင်ဈေးများကိုပင်စာပို့အကြောင်းကြားခြင်းမရှိဘဲ မြို့တော်ဝန်ခွင့်ပြုချက်ဖြင့်ရှောင်တခင်စစ်ဆေးလျှက်ရှိနေရာ ပုဂ္ဂလိကပိုင်ဈေးဝယ်စင်တာတစ်ခုအနေဖြင့် ဈေးဝယ်များ အနှောင့်အယှက်ြ ဖစ်စေသည် ဆိုသော အကြောင်းပြချက်ဖြင့် FDA၏စစ်ဆေးမှုကို တားမြစ်သည့်အပေါ် လွဲမှားသည့်အယူအဆသာဖြစ်ကြောင်း FDAမှ အရာရှိတစ်ဦးကဝေဖန်ထားသည်။

ဈေးဝယ်စင်တာ ရှော့ပင်းမောများကို FDAမှရှောင်တခင် ဝင်ရောက်စစ်ဆေးမှုအပေါ် ရန်ကုန်မြို့တွင်နေထိုင်သော ယဉ်ကျေးမှု တက္ကသိုလ်နောက်ဆုံးနှစ်ကျာင်းသူ မတင်မိုးလွင်က “အဲလိုစစ်တဲ့အဖွဲ့တွေရှိတာ ကြိုဆိုရမှာပါ၊ မဟုတ်ရင်ရှော့ပင်းမောဆိုတိုင်းလဲ ယုံရတာမဟုတ်ဘူး၊ဒါကြောင့် သူတို့တွေကစစ်ဆေးပြီးမသုံးသင့်ဘူးလို့ကြေငြာရင် ကိုကလည်းေ ရှာင် လို့ရတာပေါ့ အဲပစ္စည်းတွေကို၊ စစ်ဆေးသင့်ပါတယ်”ဟုသူ့အမြင်ကိုပြောဆိုခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*