ခါကာဘိုရာဇီ ရေခဲတောင်တက်မည့် တောင်တက်သမား ၃ဦး နီပေါသို့ သင်တန်းသွားတက်မည်

ခါကာဘိုရာဇီ ရေခဲတောင်တက်မည့် တောင်တက်သမား ၃ဦး နီပေါသို့ သင်တန်းသွားတက်မည်
September 6, 2017 Asian Fame

2:42 pm
ခါကာဘိုရာဇီ ရေခဲတောင်တက်မည့် တောင်တက်သမား ၃ဦး နီပေါသို့ သင်တန်းသွားတက်မည်

Trekking1(ရန်‌ကုန်‌၊စက်‌တင်‌ဘာ ၆)

ခါကာဘိုရာဇီ‌ရေခဲတောင် ‌‌တက်မည့် ‌တောင်‌တက်‌သမား ၃ဦးကို ထူး‌ဖောင်‌‌ဒေးရှင်းမှ အ‌မေရိကန်‌‌ဒေါ်လာ ၃၅၀၀၀ ပံ့ပိုးကူညီကာ နီ‌ပေါ သို့ သင်‌တန်း တက်‌‌ရောက်‌‌စေမည်‌ဟု ထူး‌ဖောင်‌‌ဒေးရှင်း အမှု‌ဆောင်‌အရာရှိချုပ်‌ ဦး‌ပေါ်မြင့်‌ဦးက‌ပြောသည်‌။

“၂၀၁၈ ခုနှစ်‌မှာ မြန်‌မာနိုင်‌ငံက ‌တောင်‌တက်‌ သမားသုံးဦး ခါကာဘိုရာဇီ‌တောင်‌‌ပေါ်ကို အဆင်‌‌ပြေ‌ပြေ တက်‌‌ရောက်‌နိုင်‌ဖို့ နီ‌ပေါနိုင်‌ငံ ကို‌စေလွှတ်‌မှာပါ။ ဟိုမှာရှိတဲ့ ‌တောင်‌‌သုံးလုံးကို နီ‌ပေါနိုင်‌ငံက ဆရာ‌တွေနဲ့ တူတူတက်‌ကမှာပါ “ဟု ဦး‌ပေါ်မြင့်‌ဦး က‌ပြောသည်‌။

လာမည့်‌ စက်‌တင်‌ဘာ ၂၈ ရက်‌‌နေ့တွင်‌ မြန်‌မာနိုင်‌ငံမှ ‌တောင်‌တက်‌ သမားသုံးဦး နီ‌ပေါနိုင်‌ငံသို့ ထွက်‌ခွာမည်‌ဖြစ်‌ပြီး နီ‌ပေါရှိ ‌ပေ၆၀၀၀ အမြင့်‌ ရှိ‌သော ‌တောင်‌ ၃လုံး ကို ‌ယင်းနိုင်‌ငံမှ ‌တောင်‌တက်‌ဆရာ များနှင့်‌အတူ‌ လေ့ကျင့်‌ တက်‌‌ရောက်‌မည်‌ ဖြစ်‌သည်‌ဟု ‌တောင်‌တက်‌ အဖွဲ့ မှ ကို‌ဇော်‌ဇင်‌ခိုင်‌က‌ပြောသည်‌။

Trekking2“‌ပေ ၆၀၀၀‌ကျော်‌ အမြင့်‌ရှိတဲ့ ‌တောင်‌‌တွေမှာ ‌လေ့ကျင့်‌ရမယ်‌။ ရက်‌‌ပေါင်း ၃၁ရက်‌ ကြာ‌လေ့ကျင့်‌မှာပါ။‌ သင်‌တန်း ကာလပြီးရင်‌ နီ‌ပေါနိုင်‌ငံ က‌ပေးတဲ့ ‌တောင်‌တက်‌ဆုလဲ ရရှိမှာပါ။ “ဟု ကို‌ဇော်‌ဇင်‌ခိုင်‌က‌ပြောသည်‌။

ခါကာဘိုရာဇီ‌တောင်‌‌ပေါ် သို့ ၂၀၁၈ခုနှစ်‌ သြဂုတ်‌လ ဒုတိယပတ်‌‌လောက်‌ ‌တက်‌‌ရောက်‌မည်‌ဟု လျာထား‌ကြောင်းနှင့်‌ ‌လေ့ကျင့်‌ချိန်‌ ၁နှစ်‌‌ နီးပါး ရရှိဟု ၎င်းကဆိုသည်။

၂၀၁၈ခုနှစ်‌ ခါကာဘိုရာဇီ‌တောင်‌တက်‌ ခရီးစဉ်‌ သတင်းစာ ရှင်းလင်းပွဲနှင့်‌ ပံ့ပိုး ကူညီ‌ငွေ‌ပေးအပ်‌ခြင်း အခမ်းအနားကို ယနေ့ စက်‌တင်‌ဘာ ၆ ရက်‌‌နေ့ မနက်ပိုင်းက ကန်‌‌တော်‌ကြီးပဲ‌လေ့စ်‌ ဟိုတယ်‌တွင်‌ ကျင်းပခဲ့‌သည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*