စားသုံးဆီများ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိမရှိ သိနိုင်ရန် စိုက်ပျိုးချိန်မှ စတင်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးသည့်အဆင့်ထိ FDA မှကွင်းဆင်း စစ်ဆေးမည်

စားသုံးဆီများ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိမရှိ သိနိုင်ရန် စိုက်ပျိုးချိန်မှ စတင်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးသည့်အဆင့်ထိ FDA မှကွင်းဆင်း စစ်ဆေးမည်
September 5, 2017 Fame Asian

3:22 pm
စားသုံးဆီများ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိမရှိ သိနိုင်ရန် စိုက်ပျိုးချိန်မှ စတင်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးသည့်အဆင့်ထိ FDA မှကွင်းဆင်း စစ်ဆေးမည်

21314462_1815861788674795_7198477097764196095_n

နေပြည်တော် စက်တင်ဘာ ၅

ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်ရောင်းချနေသည့် ပဲဆီ၊နှမ်းဆီ၊မုန့်ညှင်းဆီ၊နေကြာဆီအပါအဝင်စားသုံးဆီအမျိုးမျိုးကို ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိမရှိ သိရှိနိုင်ရန် စတင်စိုက်ပျိုးသည့်နေရာမှစတင်ကာ နောက်ဆုံးအဆင့်ဈေးကွက်ဖြန့်ဖြူးချိန်အထိ အဆင့်အလိုက် စစ်ဆေးမှုများကို ဆီအများဆုံးထွက်ရှိရာမကွေးတိုင်းတွင် ပြုလုပ်သွားမည်ဟု FDAမှသိရသည်။

“ဆီအများဆုံးစိုက်ပျိုးထုတ်လုပ်နေတဲ့မကွေးတိုင်းမှာစပြီးယာထဲ စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းတာ ၊ခြွေလှေ့တာ၊ သိုလှောင်တာ ၊ကြိတ်ခွဲတာ၊နောက်ဘူးတွေ ပုံးတွေထဲ ထည့်တာနောက်ဆုံး ဈေးကွက်တင်ပို့တဲ့အဆင့်အထိအဆင့်အလိုက်စစ်ဆေးသွားမှာပါ၊ဒါက ဘယ်နေရာမှာတော့ ကျန်းမာရေးနဲ့ မညီဘူးဆိုတာ ကိုတိတိကျကျ သိနိုင်ဖို့ဖြစ်ပါတယ်”ဟုFDAမှလက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာဥက္ကာဖြိုးကဆိုသည်။

ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်နေသော စားသုံးဆီအမျိုးမျိုးကို FDAမှ အခါအားလျော်စွာ ဒြပ်ခွဲစမ်းသပ်မှုများပြုလုပ်နေပြီး ထောက်ခံချက်မရှိသည့်  ဆီအမျိုးအစားများကိုထုတ်လုပ်ရောင်းချခွင့်ပိတ်သိမ်းခြင်းများပြုလုပ်လျက်ရှိနေသည်။

ယခုလအတွင်း မကွေးတိုင်းအတွင်းရှိ မြို့ကြီး(၅)မြို့တွင် FDAနှင့် သက်ဆိုင်ရာ စိုက်ပျိုးရေးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊အထွေထွေ အုပ်ချုပ်ရေး၊ရဲတပ်ဖွဲ့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်ဆီလုက်ငန်းရှင်များအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စားသုံးဆီထုတ်လုပ်ရောင်းချပုံ အဆင့်ဆင့်ကိုစစ်ဆေးသွားမည်ဖြစ်သည်။

“FDAက နောက်ဆုံးနာမည်ခံရတဲ့စစ်ဆေးရေး အဖွဲ့အစည်းပါ ၊ဈေးကွက်ထဲေ ရာက်လို့ မကောင်းမှ FDA ဘာလုပ်နေလဲ အလုပ်မလုပ်ဘူးလား စသဖြင့်အမေးခံရပါတယ်၊ဒါကြောင့်ဈေးကွက်ထဲမရောက်ခင် စတင်စိုက်ပျိုးတဲ့အချိန်ကစပြီး ဘယ်နေရာတွေမှာတော့ ဓါတုဆေးတွေ မသုံးသင့်ဘူး၊ ဓါတ်မြေသြဇာတွေကိုဘယ်လိုသုံးသင့်တယ်စသဖြင့်အသေးစိတ်စစ်ဆေးပြီး အရေးယူစရာ ရှိလာရင် အရေးယူမှုတွေ ပါဆက်လုပ်သွားဖို့ ညွှန်ကြားချက် ရထားပါတယ်”ဟု အစားအသောက်နှင့်ေ ဆးဝါး ကွပ်ကဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာ ဥက္ကာဖြိုးကဆိုသည်။

ပြည်တွင်း၌ထုတ်လုပ်ရောင်းချနေသော ဆီများအပြင် ပြည်ပနိုင်ငံများမှဝင်ရောက်လာသည့် ဆီများကိုလည်း ထောက်ခံချက် ရမှသာ တင်သွင်းခွင့်ပြုထားပြီး ထောက်ခံချက်မရှိသည့် ဆီအမျိုးအစားများကို တင်သွင်းရောင်းချပါက အမျိုးသားအစားအသောက်ဥပဒေ ဖြင့်အရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*