မြို့မအပျော်တမ်း တူရိယာအသင်း ရဲ့ ဧည့်ခံဖျော်ဖြေမှု အစီအစဉ်တိုင်းမှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းရဲ့ တေးသီချင်းတွေ စာသား သံစဉ်တွေ သီဆိုဖျော်ဖြေ တီးမှုတ်ခွင့် မပြုတော့

မြို့မအပျော်တမ်း တူရိယာအသင်း ရဲ့ ဧည့်ခံဖျော်ဖြေမှု အစီအစဉ်တိုင်းမှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းရဲ့ တေးသီချင်းတွေ စာသား သံစဉ်တွေ သီဆိုဖျော်ဖြေ တီးမှုတ်ခွင့် မပြုတော့
September 5, 2017 Asian Fame

3:32 pm
မြို့မအပျော်တမ်း တူရိယာအသင်း ရဲ့ ဧည့်ခံဖျော်ဖြေမှု အစီအစဉ်တိုင်းမှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းရဲ့ တေးသီချင်းတွေ စာသား သံစဉ်တွေ သီဆိုဖျော်ဖြေ တီးမှုတ်ခွင့် မပြုတော့

MMN3(မန္တလေး ၊စက်တင်ဘာ ၅)

မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်း တူရိယာအသင်း ရဲ့ဧည့်ခံဖျော်ဖြေမှု အစီအစဉ်တိုင်းမှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းရဲ့ တေးသီချင်းတွေ စာသား သံစဉ်တွေ သီ ဆိုဖျော်ဖြေ တီးမှုတ်ခွင့်မပြုတော့ဘူးလို့ မြို့မငြိမ်းရဲ့ မိသားစုဝင်တွေက ဒီနေ့ပဲကြေညာ ချက် ထုတ် လိုက်ပါတယ်။

“သီဆိုတီးမှုတ်ခွင့် မပြုဘူး ဆိုတာက လက်ရှိမြို့မမှာ ဦး ဆောင်လမ်းညွှန်နေတဲ့ နာယကတွေ အလုပ်အမှုဆောင် တွေလက်ထက် မှာကိုပြောတာပါ၊ အဲဒါလေး လွဲမှားမှာတော့ စိုးရိမ်ပါတယ်၊ လက်ရှိ တာဝန်ယူ နေတဲ့ နာယက နဲ့အီးစီအဖွဲ့ဝင်တွေ ရှိနေတဲ့ကာလကိုပဲ ဆိုလိုတာပါ” လို့ ဆရာမြို့မငြိမ်းရဲ့မြေးဖြစ်သူကို ဘာမထီ ရွှန်းကပြောပါတယ်။

MMN1ဒီနေ့ (စက်တင်ဘာ ၅ ရက်)ထုတ် မန္တလေးနေ့စဉ် သတင်း စာပါ ကြေညာချက် နဲ့ပတ်သက်လို့ ဆရာ မြို့မငြိမ်းရဲ့ မိသား စုဝင်ဆီ တယ်လီဖုန်း နဲ့ ဆက်သွယ်မေးမြန်းမှု အပေါ် ကိုဘာမထီရွှန်း က ပြန်လည်ဖြေဆိုလိုက်တာပဲဖြစ်ပါတယ်။

မန္တလေးမြို့မ အပျော်တမ်း တူရိယာ အသင်း ဥက္ကဌနဲ့ နာယ ကတို့ရဲ့ သြဂုတ် ၂၅ ရက် ကြေညာချက် နဲ့ပတ်သက်တဲ့ နောက် ဆက်တွဲ ကိစ္စ တစ်ခုပဲဖြစ်ပြီး အသင်း အနေနဲ့ အဲဒီ နေ့က ကြေညာချက် မှာ ဆရာ မြို့မငြိမ်းရဲ့သားဖြစ်သူ မြို့မ ရဲ့ပညာရေး ဥက္ကဌ ဂီတစာဆို ဦးရွှန်းမြိုင်ဟာ အချက် ၆ ချက် ဖောက်ဖျက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တာဝန်ကနေ ရပ်ဆိုင်းစေ လိုက်တယ် လို့ပါ ရှိပါတယ်။

အဲဒီကြေညာချက်နဲ့ပတ်သက်လို့ ဦးရွှန်းမြိုင် ဦးဆောင်တဲ့ ဆရာမြို့မငြိမ်း မိသားစုဝင်တွေဟာ စက်တင်ဘာ ၂ ရက်က Mandalay Communication Center မှာ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ခဲ့တာမှာ ဆရာမြို့မငြိမ်းရဲ့သားဖြစ်သူ ဂီတစာဆို ဦးရွှန်းမြိုင်က ““ဒီသတင်း ကြားရတာ တော်တော်စိတ်မကောင်းဘူး၊ မြို့မ ဘာလဲမသိ မြို့မဘယ်လဲ မသိသူတွေက သိက္ခာရှိရှိ သတင်းပေးရမယ့် အစား မန္တလေးသား မန္တလေး သူ တစ်နိုင်ငံလုံးက မြို့မချစ်သူတွေ စိတ်မကောင်းဖြစ် အောင် လုပ်တာတော့မကောင်းပါဘူး၊ ကျွန်တော် တို့က ဂီတနဲ့ အလုပ်လုပ်နေတာပါ၊ ငွေကြေးနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

ဦးရွှန်းမြိုင်အပေါ် မြို့မအသင်းရဲ့ကြေညာချက်မှာ ဦးရွှန်းမြိုင်ဟာ အမှုဆောင်အဖွဲ့ရဲ့ သဘောတူ ခွင့်ပြုချက် မရှိဘဲ တယော သင်တန်းသားတွေ ကို အခြားသင်တန်း ဆီရွှေ့ပြောင်းစေတာ၊ အသင်းရန်ပုံငွေ ကနေငွေကြေးတောင်းခံတာ၊ ငွေကြေးတွေကို လိုအပ်တာ ထက်ပိုသုံးတာ၊ သင်တန်း ၃ မျိုးအနက် ၁ မျိုးပဲ ခွင့်ပြုထားပေမယ့်လည်း လက်မခံတာ၊ အသင်းရဲ့ အခကြေးငွေ ယူတီးတဲ့ပွဲတွေမှာ နန်းတော်ရှေ့ဆရာတင် နဲ့ဆရာမြို့မငြိမ်း ရဲ့တေးသီချင်းတွေကို ကိုယ်ကျိုး အတွက် ငွေတောင်းတာ၊ ရန်ကုန်မှာ လုပ်မယ့် ပွဲတစ်ခုမှာ ဆရာ မြို့မငြိမ်းနဲ့ နန်းတော်ရှေ့ဆရာတင် တို့ရဲ့ သီချင်း ၁၄ ပုဒ် အတွက် ငွေတောင်းခံတာ ဆိုတဲ့အချက် ၆ ချက်ကြောင့် တာဝန်တွေကနေ ရပ်ဆဲလိုက်တယ် လို့ပါရှိပြီး ဒီသတင်း ထွက်ပေါ်ပြီးနောက်ပိုင်း မြို့မဥက္ကဌဒေါက်တာ လှခိုင်ဆီ ဆက်သွယ်မေးမြန်းရာ မှာ ဥက္ကဌ ကပြန်ဖြေလို စိတ်မရှိဘူး လို့ပဲပြောပါတယ်။

MMN2မြို့မ နဲ့ မြို့မငြိမ်းရဲ့သားဖြစ်သူ တို့ရဲ့ ကိစ္စဟာ လူသိရှင်ကြား ဖြစ်လာပြီး နောက်ပိုင်း ဆရာ မြို့မငြိမ်း ရဲ့မိသားစုဝင်တွေ ဘက် က သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့သလို နောက်ထပ် ၃ ရက် အကြာ ဒီနေ့ မှာတော့ မိသားစုဝင်တွေ ဘက်က ရှေ့နေရှေ့ရပ် နဲ့တစ်ကွ သတင်းစာ ကနေ အတိအလင်း ကြေညာချက် ထုတ်ပြန် ခဲ့ တာပါ။

အဲဒီ ကြေညာချက်မှာ ဆရာ မြို့မငြိမ်း ရဲ့မိသားစုဝင်တွေ ဘက်က မြို့မ အသင်း ရဲ့လက်ရှိ ဦးဆောင် လမ်းညွှန်နေသူ တွေ အသင်းမှာ တာဝန် ယူနေချိန် တစ်လျှောက်လုံး ဆရာမြို့မငြိမ်း ရဲ့ဥာဏ ပစ္စည်း ဆိုင်ရာ မူပိုင်ခွင့် ရှိတဲ့ တေးသီချင်းတွေ စာသားတွေ သံစဉ်တွေကို မြို့မ အသင်း ရဲ့ သီဆိုဖျော်ဖြေမှု တွေမှာ အသုံးပြုခွင့် မပေး တော့ဘူးဆိုတဲ့ အကြောင်း ပါရှိပြီး မလိုက်နာရင် တရား ဥပဒေကြောင်း အရဆောင်ရွက် သွားမှာ ပဲဖြစ်တယ် လို့ ကြေညာ ထားပါတယ်။

“သတင်းစာပါ အတိုင်းပါပဲ၊ လိုက်နာမှုမရှိရင် ဥပဒေ အတိုင်းဆောင်ရွက် သွားမှာပါ၊ ခွင့်မပြုဘူး ဆိုတာနဲ့ ပတ်သက်လို့တော့ နားလည်မှု မလွဲစေချင်ပါဘူး၊ လက်ရှိ အသင်းမှာ ဦးဆောင်နေတဲ့နာယကတွေ အီးစီတွေ တာဝန်ယူနေသမျှ ကာလပတ်လုံး ခွင့်မပြုတာပါ” လို့ ကိုဘာမထီရွှန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*