အဝေးပြေးလမ်းမများပေါ်တွင် ယာဉ်အချက်ပြစနစ်ကို မှန်ကန်စွာ မလိုက်နာကြသည့်အတွက် ယာဉ်မောင်းအချို့ အခက်အခဲဖြစ်နေ

အဝေးပြေးလမ်းမများပေါ်တွင် ယာဉ်အချက်ပြစနစ်ကို မှန်ကန်စွာ မလိုက်နာကြသည့်အတွက် ယာဉ်မောင်းအချို့ အခက်အခဲဖြစ်နေ
September 5, 2017 Fame Asian

10:41 am
အဝေးပြေးလမ်းမများပေါ်တွင် ယာဉ်အချက်ပြစနစ်ကို မှန်ကန်စွာ မလိုက်နာကြသည့်အတွက် ယာဉ်မောင်းအချို့ အခက်အခဲဖြစ်နေ
21371173_1815801292014178_2605066731281246747_n

အမြန်လမ်းမကြီးပေါ်တွင်နောက်ယာဉ်ကျော်တတ်ရန်အတွက်အချက်ပြစနစ် အမှားကိုအသုံးပြုနေသည့် ယာဉ်တစ်စီး

နေပြည်တော် စက်တင်ဘာ ၅

ယခုလ(၁)ရက်နေ့မှ စတင်ကာ နောက်ယာဉ်ကျော် တတ်နိုင်ရန်အတွက် အချက်ပြစနစ်ကိုမှန်ကန်စွာပြောင်းလဲကျင့်သုံးရန် သတ်မှတ် ခဲ့သော်လည်း အဝေးပြေး လမ်းမ များပေါ်တွင် ယခင်အတိုင်းသာ နောက်ယာဉ်ကျော်တတ်ရန် လက်ဝဲဖက်အချပြမီးကို ပြနေသည့်အတွက် ယာဉ်မောင်းအချို့ ဒုက္ခရောက်လျက်ရှိနေသည်။

“ခုက ပြောင်းလိုက်မှ အန္တရာယ်ပိုများသွားသလိုဖြစ်နေတာ၊ အရင်ကဆိုကျော်စေချင်ရင် ဘယ်ဖက်မီးပြ၊ရှေ့ကားမရှင်းရင်နောက်မှာဘဲ ဆက်နေဖို့ညာဖက်ပြ ဒီလိုဘဲသုံးနေတော့အခုက ကျော်စေချင်ရင် ညာဖက်မီးပြစနစ်ကအမှန်ဆိုတော့၊တစ်ချို့ကားတွေက စနစ် အမှန်တိုင်းပြတယ်၊ တချို့ကားတွေကအရင်စနစ်အမှားအဟောင်းကိုဘဲသုံးနေတော့ ကားမောင်းရတာအန္တရယ်အတော်များနေတယ်”ဟု ပုသိမ် ရန်ကုန်အဝေးပြေးယာဉ်မောင်း ဦးရဲလင်းကျော်က ဆိုသည်။

ယခုကျင့်သုံးလိုက်သည့် စနစ်ကို အဝေးပြေးလမ်းမများပေါ်တွင် လိုက်နာကျင့်သုံးသည့် ယာဉ်မောင်းများရှိသလို ယခင်စနစ်အတိုင်းသာ ကျင့်သုံးနေသူများလည်း ရှိနေသဖြင့် ရှေ့ယာဉ်ကိုကျော်တတ်ရာတွင် အန္တရယ်ရှိနေကြောင်းသိရသည်။

အဝေးပြေးလမ်းမများပေါ်တွင် မိမိယာဉ်မှရှေ့ယာဉ်ကိုကျော်တတ်လိုလျှင် တစ်ဖက်ယာဉ်ကြောမှမောင်းနှင်လာသောယာဉ်ကိုမမြင်ရသည့်အတွက် ရှေ့ယာဉ်၏အချက်ပြစနစ်ကိုကြည့်ပြီး ကျော်တတ်နေရခြင်းဖြစ်သည်။ယခုအခါ ယာဉ်ကျော်တတ်ရန် အချက်ပြစနစ် အပြောင်းအလဲကြောင့် ရှေ့ယာဉ်အချက်ပြစနစ်ကို အားကိုးလို့မရတော့ဘဲ သတိကြီးစွာထားပြီး ယာဉ်ကျော် တတ်နေရကြောင်း အဝေးပြေးယာဉ်မောင်းများထံမှသိရသည်။

မော်ကွန်းသစ် ခရီးသည်တင် ယာဉ်မောင်း ဦးဝင်းချိုက “အမြန်လမ်းမှာတော့ အချက်ပြစနစ်ကအမှန်ကိုသုံးကြပါတယ်၊ လမ်းဟောင်းတွေမှာတော့ အရင်လိုဘဲကျော်စေချင်ရင် ဘယ်ဖက်မီးပြနေကြတုန်းဆိုတော့ ရှေ့ကားရဲ့မီးပြပုံကိုကြည့်ပြီးမကျော်ရဲဘူး ညာဖက်မီးပြနေပေမယ့် ဒါက ကျော်ဖို့ပြတာလား မကျော်ဖို့ အရင်လိုပြတာလားမသိနိုင်တော့ဘူး”ဟုဆိုသည်။

လက်ယာကပ်မောင်း လမ်းစနစ်တွင် ညာမောင်းကားအမျိုးအစားများကြောင့် ယာဉ်မတော်တဆမှုများစွာဖြစ်ပေါ်နေသည်။ထိုကြောင့် အချက်ပြစနစ်မှန်ကန်စွာသုံးစွဲနိုင်ရန် ယခုလ(၁)ရက်နေ့မှစတင်ပြီးတပြိုင်နက် ပြောင်းလဲခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် ယာဉ်များကြောင့် ယာဉ်ကျော်တတ်ရာတွင် အထူးဂရုစိုက်သတိထားနေကြရသည်

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*