အိမ်အကူ ဥပဒေပြဌာန်းပေးဖို့ ပြည်ထောင်စု အစိုးရထံ ရန်ကုန်တိုင်း အစိုးရ တိုက်တွန်း

အိမ်အကူ ဥပဒေပြဌာန်းပေးဖို့ ပြည်ထောင်စု အစိုးရထံ ရန်ကုန်တိုင်း အစိုးရ တိုက်တွန်း
September 5, 2017 Asian Fame

5:11 pm
အိမ်အကူ ဥပဒေပြဌာန်းပေးဖို့ ပြည်ထောင်စု အစိုးရထံ ရန်ကုန်တိုင်း အစိုးရ တိုက်တွန်း

Innwa1(ရန်ကုန် ၊ စက်တင်ဘာ ၅)

အိမ်အကူ အဖြစ် လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေ နဲ့ ကလေးငယ်တွေ ရဲ့ အခွင့်အရေး အတွက် ပြည်ထောင်စု အစိုးရအနေနဲ့ အိမ်အကူ ဥပဒေ တစ်ရပ်ပြဌာန်းပေးဖို့ လိုနေပြီိလို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကပြောလိုက်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာနှင့် အလုပ်သမား ၀န်ကြီး ဦးဇော်အေးမောင် က ပြောဆိုခဲ့တာပါ။

မရမ်းကုန်းမြို့ နယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ” မိသားစု အဆင်မပြေလို့ ၊ ကျွေးမွေးစောင့်ရှောက်မယ့် လူမရှိလို့ ဆိုတဲ့ အချက်တွေ နဲ့ လုပ်ငန်းခွင်တွေ နဲ့ အိမ်တွေမှာ အိမ်ဖော်အဖြစ် အသက်မွေး ၀မ်းကျောင်းပြုနေတဲ့ မိန်းကလေးတွေ၊ ကလေးငယ်တွေ ကို အိမ်ရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုမှ ကင်းဝေးစေဖို့ တိုင်းအစိုးရ အနေနဲ့ ရပ်ကွက် အလိုက်လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တွေဖွဲ့ ပြီး စည်းကမ်းတွေ ချမှတ်ပေးဖို့ ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးပေးဖို့ အစီအစဉ်ရှိ /မရှိ ” မေးခွန်းကို ရန်ကုန်တိုင်း အစိုးရကိုမေးမြန်းခဲ့ပါတယ်။

မေးခွန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ က ပြန်လည်ဖြေကြားရာမှာ ဒီလိုပြဿနာတွေ အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေး ၊ပြည်သူ့ အင်အား ဦးစီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ တိုင်းအစိုးရ စတဲ့ ဌာနကြီးတွေမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

”၀မ်းနည်းဖို့ ကောင်းတာ တစ်ခုက ကျွန်တော်တို့ နိုင်ငံမှာ အိမ်အကူနဲ့ ပတ်သတ်တဲ့ ဥပဒေပြဌာန်းချက် အခုထိမရှိသေးပါဘူး။ ဒါကို လူကယ်ပြန်ကပဲဖြစ်ဖြစ် အလုပ်သမား ၀န်ကြီးဌာနကပဲဖြစ်ဖြစ် ပြည်ထောင်စုမှာ ပြဌာန်း ရမှာဖြစ်ပါတယ်။ ဒီလိုဥပဒေပြဌာန်းပြီးမှ ဒီအိမ်အကူ များကို လွှတ်တော်ကိုယ်စားလှယ်မေးတဲ့ ဆောင်ရွက်ချက် များကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ဥပဒေပြဌာန်းဖို့ ကိုလည်း ကျွန်တော် ဒီမှာ မေးခွန်းဖြေရင်းနဲ့ သတင်းစကားပေးပါတယ် ” လို့  ဦးဇော်အေးမောင်ကပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး များအနေနဲ့ ဘယ်အိမ်မှာ ဘယ်စက်ရုံမှာ ကလေး လုပ်သားတွေခိုင်းနေတယ် ၊ ဘယ်ကလေးကို ဘယ် လိုနှိပ်စက်နေတယ် ဆိုတာကို အစိုးရအဖွဲ့ ကိုသတင်းပေးပို့ ဖို့ တာဝန်ပေးထားကြောင်းနဲ့ ရရှိလာတဲ့ သတင်း အချက်အလက်တွေ ကို အချိန် နဲ့ တပြေးညီကာကွယ်ဆောင်ရွက် သွားရမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးကပြောပါတယ်။

၂၀၁၆ ခုနှစ်ကပြဌာန်းခဲ့တဲ့ အခကြေးငွေပေးချေရေးဥပဒေမှာ အလုပ်သမား အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲ အိမ်အကူပါပေမယ့် ရရှိမယ့် လုပ်ခ လစာ အတွက်သာ ဥပဒေရှိပြီး အိမ်အကူတွေအတွက် အခွင့်အရေး၊ အလုပ်ချိန်၊ နားချိန်၊ နားရက်စတဲ့ခံစားခွင့်တွေကို အကာ အကွယ်ပေးဖို့ အိမ်အကူ ဥပဒေ တစ်ရပ်ပြဌာန်းဖို့ လိုနေတာဖြစ်တယ် လို့ ဦးဇော်အေးမောင်ကပြောခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*