အိမ်မဲပညာရေးမှူးရုံးက စာရေးမတစ်ဦး နေအိမ်တွင် အသတ်ခံရ

အိမ်မဲပညာရေးမှူးရုံးက စာရေးမတစ်ဦး နေအိမ်တွင် အသတ်ခံရ
September 5, 2017 Asian Fame

2:49 pm
အိမ်မဲပညာရေးမှူးရုံးက စာရေးမတစ်ဦး နေအိမ်တွင် အသတ်ခံရ

aeinmel(အိမ်မဲ ၊ စက်တင်ဘာ ၅)

အိမ်မဲမြို့နယ် ပညာရေးရုံးက စာရေးမ တစ်ဦးဟာ ဒီကနေ့ မနက်ပိုင်း ၆ နာရီခွဲလောက် က နေအိမ်မှာပဲ အသတ်ခံ လိုက်ရတယ်လို့ အိမ်မဲမြို့မ ရဲစခန်းက တာဝန်ကျ တာဝန်မှူးက ပေါ်ပြူလာ နယူးစ်ကိုပြောပါတယ်

အသတ်ခံရသူဟာ တကောကျေးရွာ ၊ ရိုးကြီး အရပ်မှာရှိတဲ့ သူမရဲ့ နေအိမ်မှာပဲ ပြင်ပဓါးဒဏ်ရာ ၈ ချက်နဲ့ အသတ်ခံ လိုက်ခဲ့ တာဖြစ်ပါ တယ်။

“လောလောဆယ် စစ်ဆေးနေတုန်းပဲ။ ရင်ခွဲရုံက ဆေးစာရမှ သိရမယ်။ လောလောဆယ် သူ့အကိုက လူသတ်မှုနဲ့ တရားလို လုပ်ပြီး အမှုဖွင့်ထားတယ်။ နေအိမ်ကပစ္စည်းတွေခိုးခံရတဲ့ကိစ္စကတော့ ပိုင်ရှင်ကို မေးမြန်းနေတုန်းပဲ” လို့ တာဝန်မှူးကပြောပါတယ်။

လောလောဆယ် ဒီအမှုကို အိမ်မဲမြို့မရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ကနဦးအမှုဖွင့်ထားပြီး တစ်ခြားအမှုအခင်းတွေပေါ်ပေါက်လာခဲ့ရင် ထပ်မံအမှုဖွင့်သွားမယ်လို့ သိရပါတယ်။

YL ၊ TH
Photo- Einme Rescue

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*