လုံခြုံ​ရေး စိတ်​မချရတဲ့ ​နေရာ​တွေဆီရောက်နေတဲ့ ပြည်သူတွေကို စိတ်​ချရတဲ့ ​နေရာ​များသို့ ပို့​ဆောင်​​ပေး​နေ

လုံခြုံ​ရေး စိတ်​မချရတဲ့ ​နေရာ​တွေဆီရောက်နေတဲ့ ပြည်သူတွေကို စိတ်​ချရတဲ့ ​နေရာ​များသို့ ပို့​ဆောင်​​ပေး​နေ
September 5, 2017 Fame Asian

1:55 pm
လုံခြုံ​ရေး စိတ်​မချရတဲ့ ​နေရာ​တွေဆီရောက်နေတဲ့ ပြည်သူတွေကို စိတ်​ချရတဲ့ ​နေရာ​များသို့ ပို့​ဆောင်​​ပေး​နေ

21272124_1549723381756605_1743141788059918800_n

ရန်ကုန် ၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်တော မြို့နယ်ထဲက လုံခြုံရေး စိတ်မချရတဲ့ နေရာတွေဆီရောက်နေတဲ့ ပြည်သူတွေကို စိတ်ချရတဲ့ နေရာများသို့ ပို့ဆောင်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အဲ့လို ပို့ဆောင်ရာမှာ တပ်မတော်ကို အကူအညီတောင်းပြီး ပို့ဆောင်ခဲ့တယ်လို့ ၀န်ကြီးက ပြောပြပါတယ်။

21433091_1549723385089938_5093092031339090830_n

“လုံးဝမကယ်နိုင်လို့ ပိတ်မိတာတွေတော့ လက်ရှိမှာမရှိတော့ဘူး ၊ လုံခြုံရေးစိတ်မချရရင် ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို လှမ်းပြီးအကူအညီတောင်းပြီး လုံခြုံတဲ့နေရာ ရွှေ့ပေးနေတယ်”လို့ သူကဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင် ၊ ရသေ့တောင် ၊ မောင်တော ၊ ပုဏ္ဏးကျွန်း ၊ ကျောက်တော် ဒေသများသို့ ရောက်ရှိနေတဲ့ ပြည်သူတွေကို အစားအသောက် ဆေးဝါး အစရှိသည်တို့ကို ဝန်ကြီးဌာနအနေဖြင့်
ထောက်ပံ့ပေးနေတယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းတွင် လူကယ်ပြန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ချုပ်တို့ အလှည့်ကျသွားကာ ကူညီထောက်ပံ့မှုတွေလုပ်နေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပေါ်ပြူလာနယူးကိုပြောပါတယ်၊

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*