ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး ကျောင်းခွဲ(လှိုင်နယ်မြေ ယခင် RC-2)ကို ရန်ကုန်တက္ကသိုလ်ကိုလွှဲပြောင်းသွားတော့မည်

ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး ကျောင်းခွဲ(လှိုင်နယ်မြေ ယခင် RC-2)ကို ရန်ကုန်တက္ကသိုလ်ကိုလွှဲပြောင်းသွားတော့မည်
August 31, 2017 Fame Asian

2:41 pm
ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး ကျောင်းခွဲ(လှိုင်နယ်မြေ ယခင် RC-2)ကို ရန်ကုန်တက္ကသိုလ်ကိုလွှဲပြောင်းသွားတော့မည်

21192476_873606466119671_7808192494207590677_n
ရန်ကုန် ၊ သြဂုတ် ၃၁

ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေးကျောင်းခွဲ(လှိုင်နယ်မြေ ယခင် RC-2)ကို ရန်ကုန်တက္ကသိုလ်ကိုလွှဲပြောင်းသွားတော့မှာဖြစ်ပြီး ပျက်စီး ယိုယွင်းနေမှုများကို ဘဏ္ဍာငွေအပေါ်မူတည်ကာ ပြုပြင်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်မှာပြောပါတယ်။ ယခင်က ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ(RC 2) နေရာရှိ အဆောက်အအုံများဟာ ပျက်စီးယိုယွင်း မှုတွေဖြစ်နေတာကြောင့် ပြင်ဆင်ထိန်းသိမ်းဖို့ အစီအစဉ်ရှိသလားလို့ တိုင်းအစိုးရကို မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြ
ားခဲ့တာပါ။

”ပျက်စီးမှုတွေကို ရန်ကုန်တက္ကသိုလ် အခြေခံအဆောက်အအုံနဲ့ ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး  ကော်မတီက ကွင်းဆင်းစစ်ဆေးပြီးတော့ ဘဏ္ဍာငွေရတဲ့ အပေါ် မူတည်ပြီး  ပြုပြင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” လို့တိုင်းေ ဒသကြီးအစိုးရအဖွဲ့ မှလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းကပြောပါတယ်။

လှိုင်မြို့ နယ်မှ တိုင်းဒေသကြီး လွှ့တ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ”ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များကို အဆင့်အတန်းမီ တက္ကသိုလ်များ ဖြစ်အောင် ပြုပြင်မွမ်းမံပေးဖို့ အစီအစဉ်ရှိမရှိ နဲ့  ယခင်ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ(RC2) ယခု
ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး ကျောင်းခွဲရှိ ပျက်စီးယိုယွင်းနေမှုများကို ပြုပြင်ပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းကို ဒီကနေ့ တိုင်းလွှတ်တော် အတွင်းမေးမြန်းခဲ့ပါတယ်။ တက္ကသိုလ်များ အဆင့်မြှင့်တင်ဖို့ ကိစ္စနဲ့ ပတ်သက် ပြီးတော့လည်း ပညာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကို တင်ပြထားတယ်လို့ သူကဆိုပါတယ်။

”ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ(သြဂုတ်လ ၂၆-၂၇ရက်)မှာ  နေပြည်တော်က ပညာရေးဌာန၊ပြည်ထောင်စုဝန်ကြီးရုံးမှာ ကျင်းပခဲ့တဲ့ ပညာသင်ယူမှု အခွင့်အလမ်းနဲ့ အရည်အသွေးအဆင့်အတန်းမြှင့်တင်ရေးညှိနှိုင်းဆွေးနွေးပွဲမှာလည်း တက္ကသိုလ်များ အဆင့်အတန်းမြှင့်ဖို့ ရယ်၊ သပ်ရှင်း သပ်ရပ်မှုရယ် ရေအိမ်ကအစပေါ့ ပြုပြင် ထိန်းသိမ်းမှုတွေ လုပ်နိုင်ဖို့ တင်ပြခဲ့ပါတယ်” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့တက္ကသိုလ်များဟာ ဝေးကွာလွန်းလှတဲ့ လယ်ကွင်းတွေထဲမှာ အလျင်အမြန် ဆောက်လုပ်ခဲ့ရတာနဲ့ ထိန်းသိမ်း  စောင့်ရှောက်မှု အားနည်းတာတို့ ကြောင့် တက္ကသိုလ်များဟာ တက္ကသိုလ်တစ်ခုမှာရှ်ိရမယ့် အင်္ဂါရပ်တွေနဲ့ မရှိဘူးလို့ လွှတ်
တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ကဝေဖန်ခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*