သစ်တောမြေတွေကို ဌားပြီး စာချုပ်အတိုင်းမလုပ်လို့ ဌားထားတဲ့မြေတွေအနက် ၅ပုံ၎ပုံကို အစိုးရပြန်သိမ်း

သစ်တောမြေတွေကို ဌားပြီး စာချုပ်အတိုင်းမလုပ်လို့ ဌားထားတဲ့မြေတွေအနက် ၅ပုံ၎ပုံကို အစိုးရပြန်သိမ်း
August 31, 2017 Fame Asian

5:07 pm
သစ်တောမြေတွေကို ဌားပြီး စာချုပ်အတိုင်းမလုပ်လို့ ဌားထားတဲ့မြေတွေအနက် ၅ပုံ၎ပုံကို အစိုးရပြန်သိမ်း

 

58

ရန်ကုန် ၊ သြဂုတ် ၃၁

ပုဂ္ဂလိကကို နှစ်(၃၀)မြေဌားဂရန်နဲ့ ဌားရမ်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီးမှ သစ်တောမြေ ၂သောင်းခွဲကျော်အနက် ၂သောင်းကျော်ကို စာချုပ်ပါအတိုင်းမဆောင်ရွက်လို့  ပြန်လည် သိမ်းဆည်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဒီကနေ့ လွှတ်တော်မှာပြော
ပါတယ်။သစ်တောဌာနမှ စိုက်ခင်းမြေအဖြစ်ဌားရမ်းထားတဲ့ မြေများထဲမှာ စာချုပ်ပါအတိုင်းမဟုတ်ဘဲ အခြားလုပ်ငန်းများေ ဆာင်ရွက်နေမှုတွေရှိနေတယ် ဆိုတဲ့အကြောင်း တိုက်ကြီးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ကပြောခဲ့ပြီး ဘယ်လိုေ ဆာင်ရွက်မလဲဆိုတာ ရန်ကုန်တိုင်းအစိုးရကိုမေးမြန်းခဲ့ပါတယ်။အဲဒီမေးမြန်းမှုကို တိုင်းအစိုးရက အခုလိုဖြေကြားခဲ့တာပါ။

၂၀၀၆-၂၀၀၇ ခုနှစ်ကနေ ၂၀၁၆- ၂၀၁၇ ခုနှစ်ထိ (၁၀) နှစ်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ တိုက်ကြီး၊လှည်းကူး၊ကော့မှူးနဲ့ တွံတေးမြို့ နယ်တို့ ရှိ သစ်တောမြေများကို ပုဂ္ဂလိကနဲ့ စာချုပ်ချုပ်ဆိုမှု ၁၀၆ ဦးရှိပြီးတော့ စိုက်ခင်းဧက (၂၅၇၇၄) ဧက ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊စိုက်ပျိုးရေး မွေးမြူရေး သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကပြောပါတယ်။

”စာချုပ်စည်းကမ်းဖောက်ဖျက်လို့စိုက်ခင်းမြေဧကပေါင်း (၂၁၉၄၅)ဧက ကိုဌာနမှ ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။၂၀၁၇ – ၂၀၁၈ ခုနှစ်မှာ စာချုပ်ချုပ်ထားတဲ့ ပုဂ္ဂလိက သစ်မာလုပ်ငန်းစိုက်ခင်းရှင် ၄၉ ဦးရဲ့ (၇၄၂၆) ဧကထဲက စာချုပ်စည်းကမ်းဖောက်လို့  ( ၅၂၄၉) ဧက ကို ပြန်သိမ်းဖို့ ရှိပါတယ် ” လို့ သူကပြောပါတယ်။

တိုင်းလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တဲ့ တိုက်ကြီးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးတင်ရှိန်က ”စာချုပ်ဖောက်ဖျက်တာနေတာတွေကို တွေ့ ရပါတယ်။စာချုပ်ပါအချက်တွေ ဘယ်လိုဖောက်သလဲဆိုတော့ အခိုင်အမာ အဆောက်အဦးများ ဆောက်လုပ်ထားတာတွေ့ ရပါတယ်။ငါးမွေးကန်တွေ လုပ်ထားတာတွေလည်းတွေ ရပါတယ်။အဆောက်အဦးဆောက်ဖို့ အုတ်မြစ်တွေ ဖောင်ဒေးရှင်းချထားတာလည်းတွေ့ ရပါတယ်။စပါးနဲ့ အခြားသီးနှံတွေ စိုက်ပျိုးထားတာလည်းတွေ့ ရပါတယ်။ခြံစည်းရိုးများ အခိုင်အမာခတ်ထားတာလည်းတွေ့ ရပါတယ်။သစ်တောကြိုးဝိုင်းထဲမှာ ရေကူးကန်များ တည်ဆောက်ပြီး အပန်းဖြေနေတာကိုလည်းတွေ့ ရပါတယ်။ အမည်ပြောင်းပြီးေ ရာင်းစားထား တာကိုလည်းတွေ့ ရှိရပါတယ်” လို့ လွှတ်တော်မှာပြောပါတယ်။

သစ်တောမြေများကို ဌားရမ်းစဉ်က စာချုပ်ပါအတိုင်း အမှန်တကယ်စိုက်ပျိုးစေဖို့ အတွက် ၂၀၁၆ ခုနှစ်သြဂုတ်လကစပြီး ဌားရမ်းတဲ့တစ်ဧကကို  လုပ်ငန်းအာမခံငွေငါးသောင်းနဲ့  မြန်မာ့အာမခံလုပ်ငန်းကို ပေးသွင်းစေတယ်လို့ တိုင်းအစိုးရကြေ ပာပါတယ်။ဒါ့အပြင် ဌားရမ်းပြီးမစိုက်ပျိုးတာပဲဖြစ်ဖြစ်၊ စိုက်ပျိုးပေမယ့် ၇၀ ရာခိုင်းနှုန်းအောက် စိုက်ခင်းမအောင်မြင်တာပဲဖြစ်ဖြစ် ပြန်သိမ်းမယ်လို့ ကြေညာထားကြောင်း တိုင်းအစိုးရပြောသွားပါတယ်။

ဒါပေမယ့် တိုင်းအစိုးရ၀န်ကြီး ဖြေကြားခဲ့တဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟာ ပြန်လည်ဝေဖန်ခဲ့ပါတယ်။ ဖြေကြားခဲ့တဲ့ အချက်အလက်တွေဟာ အောက်ခြေက ၀န်ထမ်းတွေတင်ပြတဲ့ စာရင်းဇယားများသာဖြစ်ပြီး သစ်တောဌာနမှ ဌားရမ်းထားမှုဟာ မြေပြင်အခြေအနေတွေနဲ့ ကွာခြားနေတယ်လို့ ဆိုပါတယ်။ ၀န်ကြီးလွှတ်တော်မှာ ပြောသွားတဲ့ ကိန်းဂဏန်းပမာဏကို ၎င်းတို့ လွှတ်တော်ကိုယ်စားလှယ်များမသိခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါကို စနစ်တကျပြန်လည်စိစစ်ဖို့ ပြည်ထောင်စုအစိုးရကို တင်ပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုပြောကြားတဲ့အပေါ် ၀န်ကြီးက ရရှိထားတဲ့အချက်အလက်များဟာ ပြည်စုံလုံလောက်မှုမရှိဘူးလို့ ၎င်းလည်း ခန့်မှန်းသိရှိကြောင်းပြောခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*