ရန်ကုန်မြို့ တွင်း ၆မြို့ နယ်မဟုတ်တဲ့ အခြားမြို့ နယ်များတွင် ရေကြီးရေလျှံမှုလျော့နည်းဖို့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ဆောင်ရွက်မည်
ရန်ကုန်မြို့ တွင်း ၆မြို့ နယ်မဟုတ်တဲ့ အခြားမြို့ နယ်များတွင် ရေကြီးရေလျှံမှုလျော့နည်းဖို့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ဆောင်ရွက်မည်
August 31, 2017 Fame Asian
5:17 pm
ရန်ကုန်မြို့ တွင်း ၆မြို့ နယ်မဟုတ်တဲ့ အခြားမြို့ နယ်များတွင် ရေကြီးရေလျှံမှုလျော့နည်းဖို့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ဆောင်ရွက်မည်
20953574_873661426114175_9100010925399709039_n
ရန်ကုန် ၊ သြဂုတ် ၃၁
ရန်ကုန်တိုင်း အတွင်းက မြို့ တွင်း၆မြို့ နယ်မဟုတ်တဲ့ အခြားမြို့ နယ်များအတွက် ရေကြီးရေလျှံမှုများလျော့နည်းဖို့ ကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့  ၆ နှစ်အတွင်း စီမံချက်နဲ့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်ုတိုင်းဒေသကြီး အစိုးရက ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ”ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့ နယ်အားလုံးရဲ့ ရေကြီးရေလျှံမှုများမှ ကာကွယ်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ(၁၂၄) သန်းရရှိမှုအပေါ် မည်သည့်လုပ်ငန်းစီမံချက်များ ဆောင်ရွက်ဖို့ ရှိ
”အဲဒီမြို့ နယ်တွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်၊ မိုးရေချိန်၊လိုအပ်တဲ့အသေးစိတ်ပုံစံ ၊ လူထုက သုံးစွဲတဲ့ရေပမာဏတွေ ။ ရေဆိုးတွေ ၊ အချက်အလက်တွေကို လေ့လာဖို့ လိုပါတယ်။နောက် တင်ဒါဆိုင်ရာအချက်အလက်များနဲ့ မြို့ ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ
လေ့လာဆန်းစစ်မှုတွေပြင်ဆင်ဖို့ လည်း နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များလည်းလိုပါတယ် ” လို့ သူကပြောပါတယ်။
ကမ္ဘာ့ဘဏ်က ချေးငွေရရှိထားတဲ့ အမေရိကန်ဒေါ်လာ (၁၂၄) သန်းထဲမှာ အရှေ့ တောင်အာရှ သဘာဝဘေးအန္တရာယ် ဆိုင်ရာရန်ပုံငွေ ထူထောင်ခြင်းမှာပါဝင်ဆောင်ရွက်တဲ့အနေနဲ့ သန်း(၂၀) ၊ ထောက်ပံ့ငွေ(၁) သန်းသတ်မှတ်ထားတယ်လို့ ဦးမောင်မောင်စိုးကပြောပါတ
ယ်။
” မြို့ ပြရေကြီးရေလျှံမှုများ စီမံခန့် ခွဲခြင်းမှာ အမေရိကန်ဒေါ်လာ (၇၇) သန်းဖြစ်ပါတယ်။အကုန်လုံးအတွက် မဟုတ်ပါဘူး။အပိုင်းလိုက်ခွဲထားပါတယ်။နောက် အများပြည်သူဝန်ဆောင်မှုအဆောက်အအုံများဘေးကင်းလုံခြုံမှုရှိစေရန်အတွက်ဆိုပြီး အမေရိကန်ဒေါ်လာ (၂၂)သန်းနဲ့ အသိပညာပေးခြင်းနဲ့ စီမံကိန်းစီမံခန့် ခွဲခြင်းအတွက် ၅ သန်းဖြစ်ပါတယ်။အဲဒါကြောင့် အပိုင်းလိုက် ကြည့်မယ်ဆိုရင် ရတဲ့ချေးငွေဟာ နည်းတောင် နည်းနေပါသေးတယ်။ ရေလျှံမှုအန္တရာယ် အတွက်က ဒေါ်လာ (၇၇) သန်းပဲရမှာပါ” လို့ သူကပြောပါတယ်။
အများပြည်သူဝန်ဆောင်မှု အဆောက်အအုံ ဘေးကင်းလုံခြုံမှုအတွက် လျာထားငွေအမေရိကန်ဒေါ်လာ (၂၂) သန်း ကို ဂျိုးဖြူရေလှောင်တမံ၊ဗိုလ်တထောင်မြို့ နယ်ရှိ လေမှုတ်စက်ရုံ၊မရမ်းကုန်းမြို့ နယ်ရှိရေတွန်းစက်ရုံ၊ဗိုလ်ချုပ်အောင်ဆန်းဈေး၊ သိမ်ကြီးဈေး (A)(B) ရုံတို့ ကို ဦးစားပေး အစီအဆင့်အလိုက် ပြုပြင်မွမ်းမံသွားမှာ ဖြစ်တယ်လို့ တိုင်းအစိုးရကပြောခဲ့ပါတယ်။
ဖြိုးထက်အောင်
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*