78 Shopping Mall အဆောက်အဦးဟောင်း အင်္ဂတေ ချပ်ပိမိပြီး အလုပ်သမား တစ်ဦးသေဆုံး

78 Shopping Mall အဆောက်အဦးဟောင်း အင်္ဂတေ ချပ်ပိမိပြီး အလုပ်သမား တစ်ဦးသေဆုံး
August 30, 2017 Asian Fame

5:07 pm
78 Shopping Mall အဆောက်အဦးဟောင်း အင်္ဂတေ ချပ်ပိမိပြီး အလုပ်သမား တစ်ဦးသေဆုံး

rescue1(မန္တလေး၊ သြဂုတ်၃၀)

မန္တလေး မဟာအောင်မြေမြို့နယ် ၃၈ လမ်း နဲ့ ၇၈ လမ်းထောင့်က 78 Shopping Mall အဆောက်အဦးဟောင်းဖြိုချမှုမှာ အင်္ဂတေချပ် ပိမိပြီး အလုပ်သမားတစ်ဦးသေဆုံးခဲ့ပါတယ်။

ဒီနေ့(သြဂုတ် ၃၀ ရက်) မနက် ၁၁ နာရီခွဲ အချိန်ခန့် ကဖြစ်ပွားခဲ့တာဖြစ်ပြီး လုပ်ငန်းခွင် အတွင်း အမြင့်ပေ ၃၀ ခန့် ရှိတဲ့နေရာမှာ အလျား ၁၀ ပေ နဲ့ အနံ ပေ ၂၀ ခန့်ရှိတဲ့ စလစ်ပြင်အင်္ဂတေချပ်ကိုဖြိုချစဉ် အင်္ဂတေချပ် နဲ့အတူ အောက်ပြုတ်ကျ သွားခဲ့တာမှာ လူကအ ရင်မြေပေါ် ကျပြီး အင်္ဂတေချပ် ပိမိခဲ့တာလို့သိရပါတယ်။

ဒီဖြစ်စဉ်မှာ မီးသတ်ကယ်ဆယ်ရေး ၀န်ထမ်းတွေ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေ နဲ့ရောက်လာခဲ့ပေမယ့် လည်း သတင်းပေးပို့ ချိန်ကြာခဲ့တဲ့ အတွက် အသက် ဆုံးရှုံးခဲ့ရတာလို့လည်း သိရပါတယ်။

rescue2

“လုပ်ငန်းခွင်ကလည်း အလုံပိတ်ထားတယ်၊ ဖြစ်ဖြစ်ချင်းမှာ ၀န်ထမ်းတွေ ဘက်ကလည်း ချက်ချင်းပဲ အသိပေးသင့်တယ်၊ ရဲတပ်ဖွဲ့ဆီ ပဲဖြစ်ဖြစ် ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဆီပဲဖြစ်ဖြစ် အသိပေးသင့်တယ်၊ ကျွန်တော်တို့ ချက်ချင်းဆောင်ရွက် ခွင့်ရရင် အခုလို အခြေ အနေဖြစ်လာမှာ မဟုတ်ပါဘူး၊ အခုက ပိမိချိန်ကြာသွားလို့ အသက်ဆုံးရှုံးခဲ့ရတာပါ” လို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးထက်အောင် ကပြောပါတယ်။

သေဆုံးသူကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရင်ခွဲရုံဆီပို့ထားလိုက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကိုတော့ မဟာ အောင်မြေမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၇ နဲ့အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်။

News by ရဲလွင်၊ စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*