ကင်းစောင့်နေတဲ့ ရဲတပ်သားတစ်ဦး မိမိကိုယ်ကိုယ်သတ်သေ

ကင်းစောင့်နေတဲ့ ရဲတပ်သားတစ်ဦး မိမိကိုယ်ကိုယ်သတ်သေ
August 30, 2017 Fame Asian

2:14 pm
ကင်းစောင့်နေတဲ့ ရဲတပ်သားတစ်ဦး မိမိကိုယ်ကိုယ်သတ်သေ

popular-crime-logo

ကာမိုင်း၊ သြဂုတ် ၃၀

ကာမိုင်းရဲစခန်းက ရဲတပ်သားတစ်ဦးဟာ ကင်းတာဝန်ထမ်းဆောင်နေစဉ်မိမိကိုယ်ကို သေနတ်နဲ့ပစ်သတ်ပြီး သတ်သေသွားတယ်လို့ ကာမိုင်းရဲစခန်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့ည ၁၁ နာရီလောက်ကဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ ရဲတပ်သားမိမိကိုယ်ကိုယ်သတ်သေရတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီး ရဲစခန်းက အခုလိုပြောပါတယ်။

“တစ်ခြားအုပ်ချုပ်ရေးကိစ္စတွေနဲ့ပတ်သတ်တဲ့ ပြဿနာတစ်စုံတစ်ခုတော့မရှိဘူး။ ဒါပေမဲ့သူ့မှာ သူ့ချစ်သူနဲ့အဆင်မပြေဘူးလို့တော့သိထားတယ်။ ဒီကိစ္စကြောင့်ဖြစ်မယ်လို့ထင်တယ် ” လို့ စခန်းရဲ့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။

မျက်မြင်သက်သေလည်းမရှိဘူးလို့သိရပါတယ်။

မိမိကိုယ်ကိုယ်သတ်သေသွားတဲ့ ရဲတပ်သားရဲ့ အလောင်းကို ဒီကနေ့မှာ ပဲ သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*