အင်ကြင်းကျောက်နဲ့ဖန်တီးတည်ဆောက်ထားတဲ့ ရေတံခွန်ငယ်

အင်ကြင်းကျောက်နဲ့ဖန်တီးတည်ဆောက်ထားတဲ့ ရေတံခွန်ငယ်
August 29, 2017 Fame Asian

4:31 pm
အင်ကြင်းကျောက်နဲ့ဖန်တီးတည်ဆောက်ထားတဲ့ ရေတံခွန်ငယ်

img2

မန္တလေး၊သြဂုတ်၂၉

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန ဘူမိဗေဒကျောက်ဥယျာဉ်မှာတည်ဆောက်ထားတဲ့ ရေတံခွန်ဖွင့်ပွဲအခမ်းအနားကို ဒီနေ့(သြဂုတ် ၂၉ ရက်) မနက်ပိုင်းက အဲဒီရေတံခွန်ရှေ့မှာကျင်းပပြုလုပ်သွားခဲ့ပါတယ်။

img1

တက္ကသိုလ်ကျောင်းရဲ့ဂုဏ်အင်္ဂါတစ်ခုအဖြစ် ခန့်ညားလှပစွာတည်ဆောက်ထားတဲ့ ဒီရေတံခွန်ဟာ အင်ကြင်းကျောက်နဲ့ဖန်တီးတည်ဆောက် ထားတဲ့ ရဲတံခွန်ငယ်လေးတစ်ခုပဲဖြစ်ပြီး အထူးသဖြင့် ဘူမိဗေဒကျောက်ဥယျာဉ်မှာလာရောက်လေ့လာသူကျောင်းသားကျောင်းသူတွေ အတွက် ဘူမိဗေဒဆိုင်ရာလေ့လာမှတ်သားစရာတစ်ခုဖြစ်သလို ကျောင်းရဲ့ဂုဏ်အင်တစ်ခုလည်းဖြစ်ပါတယ်။

ဒီရေတံခွန်အတွက် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်က အင်ကြင်းကျောက်လုပ်ငန်းပိုင်ရှင်တစ်ဦးက လှူဒါန်းတည်ဆောက်ပေး တာလို့သိရပြီး ဒါနဲ့ပတ်သက်လို့လည်း အဲဒီလုပ်ငန်းပိုင်ရှင်ဖြစ်သူ Tree Jade အင်ကြင်းကျောက်လုပ်ငန်းပိုင်ရှင်ဦးမင်းရွှေက
သူရဲ့ကိုယ်ပိုင် ကျောက်တုံးတွေကို သူကိုယ်တိုင်ဌာနအထိသယ်ဆောက်လာပြီး စိတ်ကြိုက်ရေတံခွန်ဒီဇိုင်းရေးဆွဲလှူဒါန်းပေးခဲ့တာပါလို့ ပေါ်ပြူလာနယူးစ် နဲ့တွေ့ဆုံစဉ်ပြောပါတယ်။

img3

ဖွင့်ပွဲအခမ်းအနားမှာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသီတာဝင်း၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ကျော်သင် ဒုတိယပါ မောက္ခချုပ်ဒေါက်တာတင်ထွန်းအောင် နဲ့ ကျောင်းတာဝန်ရှိသူတွေ သီးခြားအလှူရှင်တွေတက်ရောက်ကြပြီး ပါမောက္ခချုပ်ဒေါက်တာသီ တာဝင်းက အဖွင့်အမှာစကားပြောကြားတာမှာ ဒီနေတံခွန်ကို နိုင်ငံတကာတက္ကသိုလ်များနည်းတူ တက္ကသိုလ်တစ်ခုရဲ့ဂုဏ်အင်္ဂါတစ်ခုအဖြစ် နဲ့ အလှဆင်ဖန်တီးတည်ဆောက်ခဲ့တာလို့ ပြောသွားပါတယ်။

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနရဲ့ဘူမိဗေဒကျောက်ဥယျာဉ် (Geological Rock Garden) ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ အဲဒီကျောက်ဥယျာဉ်နဲ့ တက္ကသိုလ်ကိုအလှဆင်တဲ့အနေနဲ့ အင်ကြင်းကျောက်ရေတံခွန်တစ်ခု
ထပ်မံဖန်တီးတည် ဆောက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*