SME လုပ်ငန်းရှင် တစ်ဦးကို ကျပ်သိန်း ၁၀၀၀ ထိထုတ်ချေးတော့မယ်

SME လုပ်ငန်းရှင် တစ်ဦးကို ကျပ်သိန်း ၁၀၀၀ ထိထုတ်ချေးတော့မယ်
August 28, 2017 Asian Fame

5:28 pm
SME လုပ်ငန်းရှင် တစ်ဦးကို ကျပ်သိန်း ၁၀၀၀ ထိထုတ်ချေးတော့မယ်

21078656_1579044202154313_1878767741631294409_n(နေပြည်တော် ၊ သြဂုတ် ၂၈)

မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းရှင်တွေကို (၁) ဦးလျှင် အများဆုံး ကျပ်သိန်း(၁,၀၀၀) အထိ ထုတ်ချေးတော့မည် လို့ စက်မှုဝန်ကြီး ဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အုတ်တွင်း မဲဆန္ဒနယ် အမတ် ဒေါ်ချိုချို မေးမြန်းတဲ့ ” ပြည်တွင်းအသေးစား၊ အလတ်စား လုပ်ငန်း (SME) များ ယိုင်နဲ့ ရပ်ဆိုင်းနှောင့်နှေးခြင်းများ မဖြစ်ပေါ် စေရန်နှင့် ပိုမိုဖွံ့ဖြိုး တိုးတက်ခိုင်မာစေရန်အတွက် လိုအပ်ချက် အရပ်ရပ်ကို ပံ့ပိုးကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ ” မေးခွန်းကို ပြန်လည်ဖြေကြားရာ မှာ ၀န်ကြီးက အခုလိုပြောကြားခဲ့ တာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ကနေစတင်ပြီး ချေးငွေတွေ ထုတ်ချေးပေးဖို့ စီစဉ်ထားပြီး အဆိုပါ အစီအစဉ်ကို ဂျာမနီနိုင်ငံ အစိုးရရဲ့ ယူရိုငွေ (၄.၄၅) သန်း( မြန်မာငွေကျပ် ၆.၈ ဘီလီယံ) ကို ဂျာမနီနိုင်ငံအခြေစိုက် Kfw ဖွံ့ဖြိုးရေးဘဏ်နဲ့ သမဝါယမဘဏ်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ချေးငွေ ထုတ်ချေးရာမှာ အပေါင်ပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထုတ်ချေးပေး သွားမှာ ဖြစ်ပြီး တိုင်းဒေသကြီး /ပြည်နယ် အားလုံးမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း စတင် လုပ်ကိုင်သူတွေ ကိုလည်း လုပ်ငန်း ခိုင်မာမှုရှိရင် ထုတ်ချေးပေး သွားမှာဖြစ်တယ် လို့သိရပါတယ်။

အသေးစားနှင့် အလတ်စား လုပ်ငန်းတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ နည်းပညာ နဲ့ ငွေကြေး အရင်းအနှီးရရှိရေးကို ဦးစားပေးပံ့ပိုး ကူ ညီဆောင်ရွက်ပေးလျက် ရှိ ကြောင်း၊ နည်းပညာဆိုင်ရာ လွှဲပြောင်းပေးမှု (၃၈) ခုအပါအဝင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု Program (၁,၂၅၃) ခုကို SME လုပ်ငန်းရှင် (၂၉,၁၈၄) ဦးတို့အား လက်တွေ့ ထုတ်လုပ်မှု နည်းပညာ နဲ့ စီးပွားရေး လုပ်ငန်း အထောက်အကူပြု စီမံခန့်ခွဲမှု နည်းပညာတွေ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း ကိုလည်း ၀န်ကြီးက ထပ်လောင်း ဆိုပါတယ်။

စက်မှု ဝန်ကြီးဌာန အနေဲ့ ပြည်တွင်း အသေးစား၊ အလတ်စား လုပ်ငန်း (SME) တွေ ယိုင်နှဲ့ ၊ ရပ်ဆိုင်း၊ နှောင့်နှေးခြင်းတွေ မဖြစ်ပေါ်စေ ဖို့ ၊ ပိုမိုဖွံ့ဖြိုး တိုးတက်ခိုင်မာစေဖို့ အဓိကလိုအပ်ချက်တွေကို စတင်ပံ့ပိုး ကူညီ ဆောင်ရွက်ပေးနေပြီး စက်မှုကဏ္ဍအပြင် ဝန်ဆောင်မှု လုပ်ငန်းတွေ၊ အိမ်တွင်းမှု လုပ်ငန်းတွေနဲ့ အခြား SME လုပ်ငန်းတွေကိုပါ ပိုမိုဖွံ့ဖြိုး တိုးတက်စေဖို့ ၊ SME တွေ ရှင်သန်ရပ်တည်နိုင်မယ့် ပတ်ဝန်းကျင် (Enabling Environment) ဖြစ်ပေါ်လာစေဖို့ နည်းပညာ၊ ငွေကြေး အရင်းအနှီးနဲ့ လူသားအရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို လုပ်ငန်းစဉ်တွေချမှတ်ပြီး ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ ၀န်ကြီး ကပြောကြား ခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*