ပြည်ပမှ ပဲတင်သွင်းခွင့် ကန့်သတ်လိုက်ကြီးနောက် အိန္ဒိယနိုင်ငံအတွင်းပဲဈေးနှုန်းများ သိသာစွာမြင့်တက်လာ

ပြည်ပမှ ပဲတင်သွင်းခွင့် ကန့်သတ်လိုက်ကြီးနောက် အိန္ဒိယနိုင်ငံအတွင်းပဲဈေးနှုန်းများ သိသာစွာမြင့်တက်လာ
August 28, 2017 Fame Asian

4:14 pm
ပြည်ပမှ ပဲတင်သွင်းခွင့် ကန့်သတ်လိုက်ကြီးနောက် အိန္ဒိယနိုင်ငံအတွင်းပဲဈေးနှုန်းများ သိသာစွာမြင့်တက်လာ

ee

နေပြည်တော် သြဂုတ် ၂၈

မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ပဲမျိုးစုံတင်သွင်းခွင့်ကို ကန့်သတ်လိုက်ပြီးနောက် အိန္ဒိယ နိုင်ငံအတွင်းရှိ မတ်ပဲ၊ပဲစင်းငုံနှင့်ပဲတီစိမ်းဈေးနှုန်းများ (၂၀)ရာခိုင်နှုန်းကျော်အထိ မြင့်တက်လျှက်ရှိနေသည်။

“အိန္ဒိယမှာ ပွဲတော်ရာသီတွေမကြာခင်ရောက်ပါတော့မယ်၊နောက်ပြီးရာသီဥတုကလဲ သူတို့အတွက်ပြသနာတွေရှိနေပါတယ်၊အစိုးရက တောင်သူတွေအတွက်အဓိကရည်ရွယ်ပြီး ပဲတင်သွင်းခွင့်ကန့်သတ်လိုက်ပေမယ့် ဝယ်ယူသုံးစွဲရမယ့်သူတွေအတွက်တော့
ဒါက ပြသနာတခုဖြစ်လာမှာပါ”ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

အိန္ဒိယနိုင်ငံအတွင် ယခုလဆန်းက ပဲစင်းငုံတစ်ကီလိုကို (၃၄)ရူပီးသာရှိခဲ့ရာက ယခုအခါ (၄၂)ရူပီးအထိမြင့်တတ်လာခဲ့သည်။ပဲတီစိမ်းနှင့်မတ်ပဲဈေးနှုန်းများမှာလည်း ယခင်ဈေးနှုန်းထက် (၁၀)ရာခိုင်နှုန်းခန့် ပိုမိုမြင့်တတ်လာလျှက်ရှိနေသည်။

ပြည်တွင်း၌ ပဲဈေးကွက်မတည်မငြိမ်ဖြစ်နေသဖြင့် ပဲဈေးများဆက်တိုက်ကျဆင်းနေသော်လည်း အိန္ဒိယနိုင်ငံတွင် တစ်ဖြည်းဖြည်းပိုမိုမြင့်တတ်လျှက်ရှိနေသည်။ထို့အပြင် နိုင်ငံအတွင်း မုတ်သုံမိုးပုံမှန်မရရှိဘဲ ပွဲတော်ရာသီများလည်း
နီးကပ်လာပြီဖြစ်သောကြောင့် အိန္ဒိယ ပဲဈေးကွက်မှာ ဆက်လက်မြင့်တတ်လာနိုင်ကြောင်း အိန္ဒိယကုန်သည်များက ထင်ကြေးပေးလျှက်ရှိနေသည်။

လက်ရှိပြည်တွင်းပဲဈေးကွက်ကိုတော့ ယာယီဈေးနှုန်းထိန်းချုပ်နိုင်ရန်ပိတ်ထားဆဲဖြစ်ကာ ရှေ့လဆန်းတွင် ပြည်တွင်းသို့ အိန္ဒိယဝန်ကြီးချုပ်လာရောက်လည်ပတ်သည့် ခရီးစဉ်၌ အစိုးရဖက်မှဦးဆောင်ကာ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*