”မန္တလေးမလွန်ဈေးဆန်လှူ အသင်းရဲ့ ဓာတ်လှေကားပြုတ် ကျလို့ လူတစ်ဦးသေဆုံး”

”မန္တလေးမလွန်ဈေးဆန်လှူ အသင်းရဲ့ ဓာတ်လှေကားပြုတ် ကျလို့ လူတစ်ဦးသေဆုံး”
August 28, 2017 Fame Asian

1:30 pm
”မန္တလေးမလွန်ဈေးဆန်လှူ အသင်းရဲ့ ဓာတ်လှေကားပြုတ် ကျလို့ လူတစ်ဦးသေဆုံး”

ds

မန္တလေး၊သြဂုတ်၂၈

မန္တလေးမြို့မှာ ဒီနေ့(သြဂုတ် ၂၈ ရက်) မနက်ပိုင်းက မန္တလေးမလွန်ဈေးဆန်လှူ အသင်းရဲ့ ဓာတ်လှေကားပြုတ် ကျလို့ လူတစ်ဦးသေဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာ နယ်မြေ သတင်းတပ်ဖွဲ့တွေဆီကသိရပါတယ်။

ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအနောက်ရပ် ကွက် ၃၂ လမ်း၊ ၈၅ လမ်း နဲ့ ၈၆ လမ်းကြားက မလွန်ဈေး ဆန်လှူအသင်းရဲ့ အာစီလေးထပ်တိုက်မှာ တပ်ဆင်ထား တဲ့ ကုန်တင်ဓာတ်လှေကား ဒီနေ့မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ပြုတ်ကျခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ ဓာတ်လှေကား အတွင်းပါလာသူ အသက် ၂၅ နှစ်ခန့်အရွယ် မောင်ထွန်းအေးဆိုသူ အသက်သေဆုံးခဲ့ရတာပါ။

မောင်ထွန်းအေးက မန္တလေး ချမ်းအေးသာစံမြို့နယ် မီးရထားတိုက်တန်း တိုက်အမှတ် ၁၀၊ အခန်းအမှတ် C 9 နေသူဖြစ်ပြီး ၃၅ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားက National ဂက်စ်ဆိုင်က၀န်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။

“ကုန်တင်ဓာတ်လှေကားဆိုတော့ အကာအရံမပါဘူးပေါ့၊ ဓာတ်လှေကားတက်သွားပြီး ခဏနေတော့ ၀ုန်းဆိုပြုတ် ကျရာကနေ လူလည်းအရှိန်နဲ့လွင့်ကျသွားတာပါ၊ သူက ဂက်စ်အိုးလာပို့တာပါ” လို့ မျက်မြင်တွေ့မြင်လိုက်ရသူ တစ်ဦးကပြောပါတယ်။

ဓာတ်လှေကားဟာ မြေညီထပ်ကနေ တတိယထပ်ကြား အရောက် ရုတ်တရတ်ရပ်တန့်သွားရာကနေ တစ်မိနစ် ခန့် အကြာမှာ အောက်ကိုပြုတ်ကျခဲ့တာလို့သိရပြီး အဲဒီဖြစ်စဉ် ကြောင့် နှာခေါင်းနဲ့ပါးစပ်သွေးထွက်ဒဏ်ရာ၊ ရင်ဘတ်ပွန်းခြစ်ဒဏ်ရာ၊
ယာခြေသလုံး စုတ် ပြတ်ကြေမွဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာလို့လည်း သိရပါ တယ်။

သေဆုံးသူရဲ့အလောင်းကို စစ်ဆေးမှုတွေပြုလုပ်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီတင်ပို့ခဲ့ရာ ပီအာ ၁၂ နဲ့လက်ခံထားတယ်လို့ သိရပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကိုတော့ ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်ဆောင်ရွက်ထားတယ်လို့ စခန်းတာဝန်ကျ ရဲအရာရှိကပြောပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*