စက်ယန္တရားသုံး ရတနာ တူးဖော်မှုတွေကို ထိန်းချုပ် ကန့်သတ်ပေးဖို့ အမတ်တွေ တိုက်တွန်းပြောဆို

စက်ယန္တရားသုံး ရတနာ တူးဖော်မှုတွေကို ထိန်းချုပ် ကန့်သတ်ပေးဖို့ အမတ်တွေ တိုက်တွန်းပြောဆို
August 28, 2017 Asian Fame

12:47 pm
စက်ယန္တရားသုံး ရတနာ တူးဖော်မှုတွေကို ထိန်းချုပ် ကန့်သတ်ပေးဖို့ အမတ်တွေ တိုက်တွန်းပြောဆို

k(နေပြည်တော် ၊ သြဂုတ် ၂၈)

မြန်မာနိုင်ငံရဲ့ ရတနာနယ်မြေ အသီးသီးမှာ စက်ယန္တရား အသုံးပြု တူးဖော်မှုတွေကို ထိန်းချုပ် ကန့်သတ်ဖို့ တားဆီးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ တိုက်တွန်းပြောကြား ကြပါတယ်။

စက်ယန္တရားတွေ နဲ့ နေ့မနား ညမအား တူးဖော် ထုတ်လုပ်လိုက်တဲ့အခါ ဖားကန့်ဒေသ အပါအ၀င် မြန်မာနိုင်ငံ ထဲက တစ်ခြားသော ရတနာ နယ်မြေတွေဟာ အခုအခါ လုံးဝ ပျက်စီးနေရပြီဖြစ်တယ် လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ဗန်းမော် မဲဆန္ဒနယ်အမတ် ဦးအောင်သိန်းက “အ၀ီစိကို တူးနေသလားတောင် အောက်မေ့ရပါတယ် ခင်ဗျာ” လို့ဆိုပါတယ်။

ဒါ့အပြင် အရင် အစိုးရတွေမှားခဲ့သလို အမှားမျိုးမမှားဖို့ လိုအပ်တယ် လို့လည်း ဦးအောင်သိန်းက သတိပေးပြောဆိုခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း “ယန္တရားကြီးတွေ နဲ့ တူးဖော် ထုတ်လုပ်မှုတွေကို ရပ်လိုက်ဖို့ လိုပါတယ်။ ထုတ်ပြီးသား ကျောက်စိမ်းတွေ က နောက်ထပ် ၁၀ နှစ်တောင်ရောင်းကုန်မှာ မဟုတ်သေးပါဘူး” လို့ဆိုပါတယ်။

စေတုတ္တရာ မဲဆန္ဒနယ် အမတ် ဦးကျော်အောင်လွင် တင်သွင်းတဲ့ “နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုင်ဆိုင်သည့် ပေါကြွယ်ဝ လှသော ကျောက်မျက် ရတနာများနှင့် တွင်းထွက် သတ္တုသယံဇာတများအား အနာဂတ်နိုင်ငံတော်နှင့် နောင်လာနောက်သား များ အရှည်သဖြင့် သုံးဆောင် ခံစားနိုင်ရေးအတွက် စနစ်တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်း စောင့်ရှောက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက် တွန်းကြောင်း” အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပြီး အခုလို စက်ယန္တရား အသုံြး့ပု တူးဖော်မှုတွေ ကို ထိန်းချုပ် ကန့်သတ်တာတွေ လုပ်ဖို့ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

လက်ရှိ ဖားကန့်ဒေသမှာ အသုံးပြုနေတဲ့ စက်ယန္တရား စုစုပေါင်း ၆၁၀၉ စီးရှိတယ်လို့ သယံဇာတ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနကနေသိရပါတယ်။

ယခင် က အစီးရေ ၁၀၀၀၀ ကျော် ရှိခဲ့ပြီးြ့ပီးခဲ့တဲ့ ကျောက်စိမ်း တူးဖော် ကာလမှာ အစီး ၄၀၀၀ ကျော်ကို ရပ်နားကန့်သတ် လိုက်တဲ့ အတွက် ၆၀၀၀ ကျော်သာကျန်ရှိတော့တာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*