အစိုးရနှင့်ပြည်တွင်းရှိ အဖွဲ့အစည်းများတွေ့ဆုံပြီး လတ်တလောဖြစ်ပွားနေသောပဲ ဈေးကွက် အဆင်ပြေစေရန် အတွက် ရှေ့ဆက်လုပ်ဆောင်မည့် အချက်(၁၀)ချက် သဘောတူညီမှုရခဲ့

အစိုးရနှင့်ပြည်တွင်းရှိ အဖွဲ့အစည်းများတွေ့ဆုံပြီး လတ်တလောဖြစ်ပွားနေသောပဲ ဈေးကွက် အဆင်ပြေစေရန် အတွက် ရှေ့ဆက်လုပ်ဆောင်မည့် အချက်(၁၀)ချက် သဘောတူညီမှုရခဲ့
August 25, 2017 Fame Asian

3:29 pm
အစိုးရနှင့်ပြည်တွင်းရှိ အဖွဲ့အစည်းများတွေ့ဆုံပြီး လတ်တလောဖြစ်ပွားနေသောပဲ ဈေးကွက် အဆင်ပြေစေရန် အတွက် ရှေ့ဆက်လုပ်ဆောင်မည့် အချက်(၁၀)ချက် သဘောတူညီမှုရခဲ့

21034174_1811324482461859_5957152102935637687_n

နေပြည်တော် သြဂုတ် ၂၅

လက်တလောဖြစ်ပွားနေသောပဲဈေးကွက် တည်ငြိမ်စေဖို့နှင့်တောင်သူ၊ကုန်သည်များအတွက် ကြီးမားသောဆုံးရှုံးမှု များမဖြစ်ပေါ်စေရန် ယနေ့မနက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊လယ်ယာစိုက်ပျိုးရေးနှင့်ဆယ်မြောင်းဝန်ကြီးအပါအ၀င် မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ၊ဆန်စပါးလုပ်ငန်းရှင်များ အသင်း၊ပဲမျိုးစုံနှင့်နှမ်းလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများနှင့်အတူကုန်စည်ဒိုင်အသီးသီးမှဥက္ကဌများ ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး တောင်သူနှင့်ကုန်သည်များအတွက် ကြီးမားသောဆုံးရှုံးမှုမဖြစ် ပေါ်စေရန် ရှေ့ဆက်လုပ်ဆောင်သွားမည့် အောက်ပါသဘောတူညီချက်(၁၀)ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

(၁)အိန္ဒ္ဒိယသမ္မတနိုင်ငံမှ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှထွက်ရှိသော ပဲများ အန္ဒိယသမ္မတနိုင်ငံသို့တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် ပဲတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ပုဂ္ဂလိကအသင်းအဖွဲ့များမှတာဝန်ရှိသူများနှင့် ဖွဲ့စည်းရန်

(၂)အိန္ဒိယသမ္မတနိုင်ငံနှင့်မြန်မာနိုင်ငံအကြား ပဲရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပဲတင်ပို့မှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ အန္ဒိယသမ္မတနိုင်ငံနှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်

(၃)လက်ကျန်ပဲများအပေါ် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် ရန်(သို့မဟုတ်)ငွေကြေးထောက်ပံ့မှုပေးရေးကိစ္စညှိနှိုင်းဆောင်ရွက်ရန်

(၄)မကြာမီထွက်ပေါ်လာမည့် ပဲစင်းငုံအတွက် တောင်သူများထိခိုက်နစ်နာမှုမရှိစေရေး၊တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ စီစဉ်ဆောင်ရွက်ရန်

(၅)မတ်ပဲနှင့်ပဲစင်းငုံအစား၊ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစုရရှိနိုင်မည့် အခြားပဲနှင့်သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်အအစီအစဉ်များ ဆောင်ရွက်ရန်(ဥပမာ-မျိုး၊အရင်းအနှီး၊နည်းပညာ)

(၆)လက်ကျန်ပဲများအပေါ်ပြည်တွင်းတွင်သုံးစွဲနိုင်ရေးနည်းလမ်းများရှာဖွေဆောင်ရွက်ရန်

(၇)ပဲမျိုးစုံအား Value added ပြုလုပ်ပြီးတင်ပို့နိုင်ေ၇းအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား၊ငွေကြေးအရင်း အနှီးရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးရန်

(၈)သက်ဆိုင်ရာဝန်ကြီးဌာနများ စိုက်ပျိုးထုတ်လုပ်သူများ၊ကုန်သည်လုပ်ငန်းရှင်များ၊Exporterများ ပညာရှင် များအပါအ၀င် ပဲမျိုးစုံကဏ္ဍနှင့်ပတ်သက်၍ Stake holderများပါဝင်သောဆွေးနွေးပွဲတစ်ခုကျင်းပရွေ့ ဖော်ထုတ် ဆောင်ရွက်ရန်

(၉)အိန္ဒိယသမ္မတနိုင်ငံမှ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတတ်မှုအခြေအနေများနှင့် သီးနှံဈေးကွက်အခြေအနေများအား စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် အများပြည်သူသိရှိအောင် ဌာနဆိုင်ရာများနှင့်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ဆောင်ရွက်ပေးရန်

(၁၀)ပဲမျိုးစုံဈေးကွက်သစ်များရရှိရေး အစိုးရနှင့်ပုဂ္ဂလိကကုန်သည်လုပ်ငန်းရှင်များ ပူးပေါင်းရွေ့ ရှာဖွေချိတ်ဆက်ဆောင်ရွက်ရန် စသောအချက်များကိုထုတ်ပြန်ကြေငြာခဲ့ပြီး အစည်းအဝေးကို ယနေ့နေ့လည်(၂)နာရီခန့်တွင် ပြီးဆုံးခဲ့ပါသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*