ရခိုင်မှာ တိုက်ခိုက်ခံရတဲ့ကိစ္စ ကို အမေရိကန် ရှုတ်ချ

ရခိုင်မှာ တိုက်ခိုက်ခံရတဲ့ကိစ္စ ကို အမေရိကန် ရှုတ်ချ
August 25, 2017 Fame Asian

4:57 pm
ရခိုင်မှာ တိုက်ခိုက်ခံရတဲ့ကိစ္စ ကို အမေရိကန် ရှုတ်ချ

20993061_1539322216130055_3930934628293883954_n

ရန်ကုန်၊ သြဂုတ် ၂၅

ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကနေကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ထဲမှာ “ညကဖြစ်ပွားခဲ့သော လုံခြုံရေး စခန်းများ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ရှုတ်ချပြီး အသက် စွန့်လွှတ်ခဲ့ ရသူများနှင့် ၎င်းတို့၏ မိသားစုဝင် များအတွက် ဝမ်းနည်းကြေကွဲ ရပါကြောင်း မိမိတို့ ပြောကြားလိုပါသည်။ ယင်းလုပ်ရပ် ကျူးလွန် သူများ ကို လက်ရ ဖမ်းဆီး မိရေးနှင့် နောက်ထပ် အကြမ်းဖက်မှုများ မဖြစ်ပွားရေး အတွက် အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့များက အရေး ယူဆောင်ရွက်ရန် တာဝန် ရှိကြောင်း မိမိတို့ နားလည် အသိအမှတ်ပြုပါသည်။ အပြစ်မဲ့ အရပ်သား အားလုံးကို အကာ အကွယ်ပေးနိုင်ရန် အတွက် ထိုသို့ လက်ရ ဖမ်းဆီးနိုင်ရေးနှင့် နောက်ထပ် အကြမ်းဖက်မှု မဖြစ်ပွားရေးတို့ကို ဆောင်ရွက်ရန် မိမိတို့ တိုက် တွန်းခြင်းဖြစ် ပါသည်။

လူမှု အသိုက်အဝန်း အားလုံးအနေနှင့် ၎င်းတို့၏အပြုအမှု အပြောအဆိုများသည် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည် ရရှိနိုင်ရေး အတွက် ဦးတည်စေလိုကြောင်း ကိုလည်း တိုက်တွန်း ပါသည်။” လို့ဖော်ပြထားပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*