တိုက်ခိုက်ခံလိုက်ရသည့် ရခိုင်ဒေသက ကျောင်းအချို့ကို ယာယီပိတ်

တိုက်ခိုက်ခံလိုက်ရသည့် ရခိုင်ဒေသက ကျောင်းအချို့ကို ယာယီပိတ်
August 25, 2017 Fame Asian

3:09 pm
တိုက်ခိုက်ခံလိုက်ရသည့် ရခိုင်ဒေသက ကျောင်းအချို့ကို ယာယီပိတ်

21078656_1579044202154313_1878767741631294409_n

နေပြည်တော်၊သြဂုတ်၂၅

မောင်တော၊ဘူးသီးတောင် နှင့် ရသေ့တောင် မြို့နယ် တို့က အခြေခံပညာကျောင်းအချို့ ကို ယာယီပိတ်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး က ပြောသည်။

ယနေ့မှစတင်ကာ ယာယီပိတ်လိုက်ခြင်း ဖြစ်ပြီး၊လုံခြုံရေးစိတ်ချရသည့် အခြေအနေအထိ ဖြစ်သည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး က ပြောသည်။

”ကျောင်းအားလုံးပိတ်လိုက်တာတော့ မဟုတ်ပါဘူး”ဟု ညွှန်ကြားရေးမှုးချုပ်က ဆက်ပြောသည်။

အစိုးရက လက်ရှိထုတ်ပြန်ထားသော တိုက်ခိုက်ခံရမှု ဒေသ က ကျောင်းများနှင့် အနီးပတ်ဝန်းကျင်က ကျောင်းများကို ပိတ်လိုက်ခြင်းဖြစ်သည်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ကြ၍ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက် ၊လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံး ၊ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၆ လောင်း ရရှိထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*