ရှမ်းပြည်တွင် အိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၉၀၀ ခန့်ကျန်ရှိနေသေး

ရှမ်းပြည်တွင် အိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၉၀၀ ခန့်ကျန်ရှိနေသေး
August 24, 2017 Asian Fame

10:54 am
ရှမ်းပြည်တွင် အိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၉၀၀ ခန့်ကျန်ရှိနေသေး

(ရန်‌ကုန်‌၊သြဂုတ်‌ ၂၄)

ရှမ်းပြည်‌နယ်‌ နမ္မတူနှင့်‌ မန်‌တုံမြို့တို့တွင် ကယ်‌ဆယ်‌‌ရေး စခန်းသို့ လာ‌ရောက်‌‌နေထိုင်‌သည့်‌ တိုက်‌ပွဲ‌ရှောင်‌ပြည်‌သူ ၈၉၀ ဦးရှိ‌ကြောင်း လူမှု ဝန်‌ထမ်း ကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာ ချထား‌ရေးဦးစီးဌာန ဦးစီးမှူး ဦးသန်း‌ကျော်‌‌ဌေး က‌ပြောသည်‌။

“မန်‌တုံက သွားလာ‌ရေး ခက်‌ခဲတယ်‌။ ကန့်‌သတ်‌ နယ်‌‌မြေဖြစ်‌လို့ သက်‌ဆိုင်‌ရာ ပူး‌ပေါင်းအဖွဲ့‌တွေ နဲ့ ကယ်‌ဆယ်‌‌ရေး စခန်း‌တွေကို ပစ္စည်း‌တွေ‌ပေးပို့ ရတယ်။ အရင်‌ကထက်‌စာရင်‌ ကယ်‌ဆယ်‌‌ရေး စခန်းလာ‌နေတဲ့ မိသားစု‌တွေ နည်းသွားတာ‌ တွေ့ရတယ်‌” ဟု ဦးသန်း‌ကျော်‌‌ဌေး က‌ပြောသည်‌။

ကယ်‌ဆယ်‌‌ရေး စခန်းများကို နမ္မတူမြို့နယ်‌ ပန်‌ဟိုက်‌ ရပ်‌ကွက်‌ နယ်‌‌မြေ၁ ‌ရွှေမြင်‌သာ ဘုန်းကြီး‌ကျောင်း၊ လီဆူး ဘုရားရှိခိုး‌ကျောင်းနှင့်‌ ကချင်‌နှစ်‌ခြင်း ဘုရားရှိခိုး‌ကျောင်း များတွင်‌ လည်း‌‌ကောင်း၊ မန်‌တုံမြို့နယ်‌ မြို့မကတ်‌သလစ်‌ ဘုရားရှိခိုး‌ကျောင်း၊ ကချင်‌နှစ်‌ခြင်း ဘုရား ရှိခိုး‌ကျောင်း နှင့်‌ မြို့မရပ်‌ကွက်‌တို့တွင်‌ တည်‌‌ဆောက်‌ ထား‌ကြောင်း သိရသည်။

ယင်းကယ်‌ဆယ်‌‌ရေး စခန်းများကို ဇူလိုင်‌ ၂၇‌ရက်‌က စတင်‌‌တည်‌‌ဆောက်‌ခဲ့ပြီး ယင်းသို့ လာ‌ရောက်‌‌နေထိုင်‌‌သော အိမ်‌‌ထောင်‌စုသည်‌ ၅၀၀‌ကျော်‌ ရှိရာမှ ယခုတွင်‌ ၁၀၀‌ကျော်‌‌သာ ရှိ‌တော့သဖြင့်‌ ‌နေရပ်‌ပြန်‌သူများပြား‌ကြောင်း လူမှု ဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌ လည်‌‌နေ ရာ ချထား‌ရေးဦးစီးဌာနမှ သိရသည်‌။

လက်‌ရှိတွင်‌ RCSSနှင့်‌ TNLAကြား ၊ တပ်‌မ‌တော်‌နှင့်‌ TNLA တို့ကြား တိုက်‌ပွဲများဖြစ်‌ပွားနေသည်။

တိုက်‌ပွဲ‌ရှောင်‌ အိမ်‌‌ထောင်‌စု ၁၉၂စုရှိ‌ကြောင်း သြဂုတ်‌၂၄ ယ‌နေ့စာရင်း အရသိရသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*