”ရခိုင်ဒေသပိုမို ကောင်းမွန်တဲ့ လုံခြုံရေးချထားပေးရန်” တိုက်တွန်းကြောင်း အဆို ရှုံးနိမ့်

”ရခိုင်ဒေသပိုမို ကောင်းမွန်တဲ့ လုံခြုံရေးချထားပေးရန်” တိုက်တွန်းကြောင်း အဆို ရှုံးနိမ့်
August 24, 2017 Fame Asian

1:43 pm
”ရခိုင်ဒေသပိုမို ကောင်းမွန်တဲ့ လုံခြုံရေးချထားပေးရန်” တိုက်တွန်းကြောင်း အဆို ရှုံးနိမ့်

20228964_1538244826237794_5760027314181702257_n

နေပြည်တော် ၊ သြဂုတ် ၂၄

ကန့်ကွက်မဲ များတဲ့အတွက် ရခိုင်အမတ်ဒေါ်ခင်စောဝေ တင်သွင်းတဲ့ ”ရခိုင်ဒေသပိုမိုကောင်းမွန်တဲ့လုံခြုံရေးချထားပေးရန်’‘ တိုက်တွန်းကြောင်းအဆို ရှုံးနိမ့် သွားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါ်ခင်စောဝေရဲ့  “ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့်ရသေ့တောင်မြို့နယ် များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂလီလူမျိုးအစွန်းရောက် အဖွဲ့အစည်း များ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေး တို့ကို များစွာထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံများချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်
ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း” အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ အဆိုကိုထောက်ခံတဲ့ ထောက်ခံမဲ ၁၅၀ ၊ ကန့်ကွက်တဲ့မဲ ၂၃၂ မဲ ၊ ကြားနေ ၆ မဲ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်စောဝေရဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးပြီးနောက်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြန်လည်ဖြေကြားရှင်းလင်းပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အမှတ် (၁) ရဲကွပ်ကဲမှုအဖွဲ့ ကတာဝန်ယူရတဲ့နယ်မြေမှာ မောင်တောမြို့နယ် ၊ ဘူးသီးတောင် မြို့နယ် နဲ့ရသေ့တောင်မြို့နယ်တို့ ပါဝင်ကြောင်း ၊ ဒီ အဖွဲ့အောက်မှာ ဒေသ ၄ ခု နယ်မြေ ၁၁ ခုသတ်မှတ်ထားပြီးနယ်မြေရုံး ၁၁ရုံး ၊ နယ်မြေရဲစခန်း ၁၂ ခု ၊ ကင်းစခန်း ၉၅ ခု ၊ ချောင်းဝကင်းစခန်း ၂၇ ခု ၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု စုစုပေါင်း ၁၅၇ နေရာကို တာဝန်ယူနေကြောင်း ဆိုပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ်အောက်တိုဘာ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီးမှာ အမှတ် (၁) ရဲကွပ်ကဲမှုအဖွဲ့ဟာ ကင်းစခန်း ၃၄ ခု နဲ့ လုံခြုံရေးတပ်ဖွဲ့ခွဲ ၃ ခုတို့ကို ထပ်တိုးချထားခဲ့ကြောင်း ၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့လည်း အင်အားထပ်မံဖြည့်တင်းပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။ဒါ့အပြင်တပ်မတော်နဲ့ပူးပေါင်းပြီး နယ်မြေရှင်းလင်းတာတွေလည်းပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။

နတ်မြစ်ကြောင်းလုံခြုံရေးအတွက်လည်း ပင်လယ်ပြင်လှည့်ကင်း ဆောင်ရွက်ထားကြောင်း ၊ ရွာအနီးနားတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေချထားပြီး ချေမှုန်းရေးလက်နက် ၊ ပစ်ကူလက်နက် ၊ လက်နက်တို့ကိုလည်း မျှတစွာခွဲဝေထားတဲ့အပြင်စခန်းတစ်ခုနဲ့တစ်ခု စစ်ကူ ပစ်ကူ အပြန်အလှန်ပေးနိုင်အောင် လည်းစီမံဆောင်ရွက်ထားကြောင်း ၊ အကြမ်းဖက်သမားများကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ ဒေသခံတိုင်းရင်းသားနယ်မြေကျေးရွာများအတွင်း ၀င်ရောက်ခိုလုံနိုင်ခြင်းမရှိအောင်လည်း ဆောင်ရွက်နေကြောင်း ၊ တစ်ချို့ရဲကင်းမရှိတဲ့ကျေးရွာတွေကို လုံခြုံရေးအဖွဲ့ဝင်တွေ စဉ်ဆက်မပြတ်သွားရောက်ပြီး လှည့်ကင်းဆောင်ရွက်ပေးကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။

“သတင်းပေးတိုင်ကြားမှုတွေရှိလာရင်လည်း တာဝန်ကျေသဘောမျိုးမဟုတ်ဘဲ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထား၍ ဥပဒေနဲ့အညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥပဒေနဲ့အညီထိထိရောက်ရောက်နိမ့်နင်းသွားမှာဖြစ်ပါတယ်။

အပြစ်မဲအရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံးရေးတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒါကြောင့် ဒေါ်ခင်စောဝေရဲ့အဆိုကို မှတ်တမ်းတင်သင့်ကြောင်း ပြည်ထဲရေးဝန်ကြီးက ထပ်လောင်းဆိုသွားပါတယ်။

ဒါနဲ့ပတ်သက် ပြီး အဆိုရှင်ဖြစ်သူ ဒေါ်ခင်စောဝေရဲ့ သဘောထားကို မေးမြန်းရာမှာ အဆိုကို အတည်ပြုပေးဖို့ သာ ထပ်မံတိုက်တွန်းခဲ့ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က လုံခြုံရေးယူနေပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရမှု ၊ ၂၃ ရက်နေ့ဖြစ်စဉ်တို့ကို ဥပမာပေးပြီးဒေါ်ခင်စောဝေက အဆိုကိုအတည်ပြုပေးဖို့ မှတ်ချက်ပြုပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး နောက်ဆုံး လွှတ်တော်ရဲ့သဘောထားကို မဲခွဲဆုံးဖြတ်ရာမှာ အဆိုအတည်ပြုဖို့ ထောက်ခံတဲ့မဲဟာ ကန့်ကွက်မဲထက်နည်းတဲ့အတွက် အဆိုရှုံးနိမ့်ပြီး မှတ်တမ်းတင်အဆိုသာဖြစ်ခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*