နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာကိုဖီအာနန် တို့တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာကိုဖီအာနန် တို့တွေ့ဆုံ
August 24, 2017 Fame Asian

3:43 pm
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာကိုဖီအာနန် တို့တွေ့ဆုံ

21077655_1538316609563949_1504639899018731761_n

နေပြည်တော်၊သြဂုတ်၂၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များအား ယနေ့ မနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မစ္စတာကိုဖီအာနန်က အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ တင်ပြပေးအပ်ခဲ့ပြီး၊ အစီရင်ခံစာပါ ကော်မရှင်၏ သုံးသပ်တွေ့ရှိချက်များနှင့် အကြံပြုချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

20953903_1538316612897282_6589261149276114830_n

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မစ္စတာကိုဖီအာနန် အပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းနှင့် အကြံပြုချက်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*