မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်ဖို့ တရုတ်နိုင်ငံက ပိုမိုပါဝင်ဆောင်ရွက်ပေးရန်”၀” ဦးဆောင်သည့်လက်နက်ကိုင်အဖွဲ့များတောင်းဆို

မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်ဖို့ တရုတ်နိုင်ငံက ပိုမိုပါဝင်ဆောင်ရွက်ပေးရန်”၀” ဦးဆောင်သည့်လက်နက်ကိုင်အဖွဲ့များတောင်းဆို
August 24, 2017 Fame Asian

5:10 pm
မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်ဖို့ တရုတ်နိုင်ငံက ပိုမိုပါဝင်ဆောင်ရွက်ပေးရန်”၀” ဦးဆောင်သည့်လက်နက်ကိုင်အဖွဲ့များတောင်းဆို

20992602_1948010985452472_4381227224490658534_n

ပန်ခမ်း ၊ သြဂုတ် ၂၄

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့ တရုတ်အနေနဲ့ ပိုမိုပါဝင်ဆောင်ရွက်ပေးဖို့ UWSA “၀” အဖွဲ့ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ FPNCC က သူတို့ရဲ့ ပထမအကြိမ်အမြဲတမ်းကော်မတီအစည်းအဝေး အပြီးမှာ တောင်းဆိုလိုက်ပါတယ်။

“၀”အဖွဲ့ UWSA/ UWSP ၊ မိုင်းလားအဖွဲ့ NDAA ၊ ကချင်အဖွဲ့ KIO/ KIA ၊ ရခိုင်အဖွဲ့ AA/ULA ၊ ပလောင် PSLF/TNLA ၊ ရှမ်းအဖွဲ့ SSPP/SSA ၊ ကိုးကန့်အဖွဲ့ MNTJP/ MNDAA စတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ” ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့FPNCC ” ဟာ က သူတို့ရဲ့ ပထမအကြိမ်အမြဲတမ်းကော်မတီအစည်းအဝေး ကို သြဂုတ်လ ၁၈ ရက်နေ့က နေ ၂၄ ရက်နေ့အထိ “၀”အဖွဲ့ UWSA/ UWSP ဒေသ ပန်ခမ်းမြို့မှာ ပြုလုပ်ခဲ့ပြီး အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

20992637_1948010762119161_828737874979977737_n    20992588_1948010758785828_8889947523319097371_n
သူတို့ရဲ့တောင်းဆိုချက်ထုတ်ပြန်ချက်မှာ FPNCC ရဲ့ ဥက္ကဌ-၂ အဖြစ် ကချင်အဖွဲ့ KIO/ KIAမှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုရွေးချယ်ခဲ့ကြောင်း ၊ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရာမှာ FPNCC အနေနဲ့သာတစ်စုတစ်စည်းတည်းဆွေးနွေးသွားမှာဖြစ်ကြောင်း ၊၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို တက်ရောက်ဖို့ အစိုးရဘက်က ဖိတ်ကြားခဲ့ရင် တက်ရောက်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးမှုတွေအမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ပင်လုံဒုတိယအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ထိတွေ့ဆက်ဆံနိုင်မယ့် အစိုးရကိုယ်စားပြုကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းပေးမယ်ဆိုတဲ့ ကတိကိုအမြန်အကောင်အထည်ဖော်ပြီး အဲ့ဒီအဖွဲ့နဲ့ တိုက်ရိုက်နိုင်ငံရေးဆွေးနွေးညှိနှိုင်း မှုတွေ ပြုလုပ်နိုင်ဖို့ တိုက်တွန်းကြောင်း ၊ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေအောင်မြင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ပိုမိုပါဝင်ဆောင်ရွက်ပေးသွားဖို့ မေတ္တာရပ်ခံတယ်ဆိုတဲ့ စတဲ့အချက်တွေ ပါဝင်ပါသေးတယ်။

YL
Photo– UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ နှင့် FPNCC facebook page

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*