လော်စပီကာတွေ ၊ sound box တွေအကျယ်ကြီးဖွင့်နေတာကို ဥပဒေနဲ့တားမြစ်ဖို့ လွှတ်တော်မှာတောင်းဆို

လော်စပီကာတွေ ၊ sound box တွေအကျယ်ကြီးဖွင့်နေတာကို ဥပဒေနဲ့တားမြစ်ဖို့ လွှတ်တော်မှာတောင်းဆို
August 24, 2017 Fame Asian

3:56 pm
လော်စပီကာတွေ ၊ sound box တွေအကျယ်ကြီးဖွင့်နေတာကို ဥပဒေနဲ့တားမြစ်ဖို့ လွှတ်တော်မှာတောင်းဆို

loudspeaker

နေပြည်တော် ၊ သြဂုတ် ၂၄

လေးလုံးပြူး ၊ ငါးလုံးပြူး ၊ ရှစ်လုံးပြူး လော်စပီကာတွေ ၊ sound box တွေ အသံကျယ်လောင်စွာဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေစည်းမျဉ်းကမ်းတွေ ထုတ်ပေးဖို့ ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးက တောင်းဆိုခဲ့ပါတယ်။မွန်ပြည်နယ် မဲဆန္ဒနယ် (၆) အမတ် ဦးဖေတင် က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးရှိ မြို့နယ် အတော်များများမှာ ရှစ်လုံးတပ် လော်စပီက်ာနဲ့တွဲလျက် sound box အလုံးကြီးတွေကို စည်းကမ်းမဲ့အလွန်ကျွံအသုံးပြုလာခြင်းကြောင့် ပြည်သူတိုင်းကိုယ်စိတ်ကျန်းမာရေးကို အထူးထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေဖြစ်တာကြောင့် ထိရောက်စွာကန့်သတ်တားမြစ်ထိန်းကွပ်သွားမယ့် ဥပဒေတစ်ရပ်ထုတ်ပြန်ပေးဖို့ အစီအစဉ် ရှိ /မရှိ ကို ဦးဖေတင်ကမေးမြန်းခဲ့တာဖြစ်ပါတယ်။

ဦးဖေတင်က ” ဒီအသံတွေဟာ ကားမှန်တွေပါကွဲတယ်။ ကားပေါ်ပါတဲ့လူတွေရဲ့ နလုံးအိမ်ကို လက်နဲ့ဆောင့်ရိုက်ခံလိုက်ရသလို တုန်ခါသွားပါတယ်။ အသက်ရှူရပ်သွားလောက်အောင် ခံစားနေရတဲ့အပိုင်းတွေရှိပါတယ်။ ဒီလို မြေကို တုန်ဟီးလောက်အောင်ကို ထုနက်ချက်ပြင်းထန်တဲ့ တုန်ခါမှုများပြားတဲ့ sound box တွေကို စည်းမဲ့ကမ်းမဲ့ အသုံးပြုလာခြင်းအားဖြင့် သက်ကြီးရွယ်အိုတွေနဲ့ နလုံးရောဂါအခံရှိသူတွေဟာ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဘုရားပွဲတွေ ရှင်ြ့ပုပွဲပါမကျန်ဒါတွေကိုသုံးစွဲနေတဲ့အခါ ဒီဒဏ်ကိုမခံနိုင်တော့ ပွဲဖြစ်တော့မယ်ဆိုရင် ယာယီအားဖြင့် အရပ်တစ်ပါးကိုပြောင်းရွှေ့ပြီးတော့ နေထိုင်သွားတဲ့အထိ ဒုက္ခပေးနေတဲ့စက်ကရိယာတွေဖြစ်ပါတယ်။ တစ်ဖက်ကတည်းဒါကိုထိန်းသိမ်းလိုက်မယ်ဆိုရင် သူတို့ရဲ့စီးပွားရေးပျက်သွားပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့က သူတို့ရဲ့စီးပွားရေးလုပ်ငန်းအပေါ်မှာ အတိုင်းအတာတစ်ခုအထိကို ခွင့်ပြုပြီးတော့ အတိုင်းအတာဘောင်က မကျော်လွန်အောင်ထိရောက် ကန့်သတ်နှိပ်ကွပ်နိုင်တဲ့ စည်းကမ်းဥပဒေထုတ်ပေးဖို့ အထူးလိုအပ်နေပြီဖြစ်ပါတယ်။ အောက်ခြေဌာနဆိုင်ရာတွေက ကန့်သတ်သတိပေး ပေမယ့် ကန့်သတ်ချိန်မှာပဲ နားထောင်ပြီးတော့ နောက်ပိုင်းတော့ ထိုနည်းလည်းကောင်းပဲဖြစ်နေတဲ့အတွက် ထိရောက်မှုမရှိပါဘူး။ တိုင်းသူပြည်သားတွေ စိတ်နလုံးချမ်းမြေ့စွာနဲ့သက်တောင့်သက်သာ နားဝင်ပီယံဖြစ်စေမယ့် နှုန်းထားလောက်ကိုပဲဖွင့်ခွင့်ပေး ဖို့ အတွက်ပါ” လို့ ပြောပါတယ်။

ဒီမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားရာမှာ ” ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးဥပဒေ မှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်တဲ့အတွက် သီးသန့်ဥပဒေတစ်ခုထုတ်ရန်အစီအစဉ်မရှိကြောင်း ” ဆိုပါတယ်။

ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးဥပဒေ ၁၈ အရ အသံချဲ့စက်ဖွင့်မယ့်သူဟာ ခွင့်ပြုမိန့်ရယူရန် ၊ အသံချဲ့စက်ဖွင့်မည်ဆိုပါက ရပ်ကွက် (သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေ ပုဒ်မ ၁၄ (ဂ)အရ ဆောင်ရွက်ရတဲ့ကိစ္စတွေကိုလည်း ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းသွားပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*