အုပ်စုတွင်းပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ ဗီယက်နမ်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆီးမီးဖိုင်နယ်မှာ တွေ့ဆုံမယ့် မြန်မာ

အုပ်စုတွင်းပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ ဗီယက်နမ်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆီးမီးဖိုင်နယ်မှာ တွေ့ဆုံမယ့် မြန်မာ
August 24, 2017 Fame Asian

4:32 pm
အုပ်စုတွင်းပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ ဗီယက်နမ်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆီးမီးဖိုင်နယ်မှာ တွေ့ဆုံမယ့် မြန်မာ

20994077_1810948642499443_8823094126979494834_n-(1)

နေပြည်တော် သြဂုတ် ၂၄

မလေးရှားဆီးဂိမ်းရဲ့ အုပ်စု(ခ)နောက်ဆုံးပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ပြီး အုပ်စုတတ်ရေးအတွက်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ဗီယက်နမ်အသင်းနဲ့ထိုင်းအသင်းတို့ တွေ့ဆုံမှုမှာ ထိုင်းအသင်းက သုံးဂိုးဂိုးမရှိ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အုပ်စုဗိုလ်အဖြစ်တတ်ရောက်လာခဲ့တာကြောင့် (၂၆)ရက်နေ့မှာတော့ မြန်မာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရတော့မှာပါ။

အခုပွဲမတိုင်ခင်အထိ ဗီယက်နမ်အသင်းနဲ့ထိုင်းအသင်းတို့က ရမှတ်(၁၀)မှတ်စီရရှိထားပြီး ဗီယက်နမ်အသင်းက ဂိုးကွာခြားချက်နဲ့အုပ်စုကိုဦးဆောင်ထားခဲ့တာပါ။အင်ဒိုနီးရှားအသင်းကတော့ ရမှတ်(၈)မှတ်နဲ့ အုပ်စုတတိယနေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။

အုပ်စုတွင်းပွဲစဉ်တွေမှာ တိုက်စစ်အစွမ်းပြပြီး ဂိုးတွေသွင်းခဲ့တဲ့ ဗီယက်နမ်အသင်းကတော့ ထိုင်းအသင်းကို အုပ်စုတတ်ရေးအဆုံးအဖြတ် အဖြစ် ဒီနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု ကနေ ထွက်ခဲ့ရပါတယ်။ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်မှာ ဗီယက်နမ် ကစားသမားတွေရဲ့ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ကွင်းလယ်ကလည်းတိုက်စစ်ပိုင်းကို ထိရောက်တဲ့ပံ့ပိုးပေးမှုတွေမရှိခဲ့တာကြောင့် ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွေအထိ ထိုင်းအသင်းနဲ့ဗီယက်နမ်အသင်းကို အုပ်စုတတ်ရေးအတွက်အခက်အခဲဖြစ်စေခဲ့တဲ့အင်ဒိုနီးရှားအသင်းကတော့ ကမ္ဘော ဒီးယားအသင်းကို နှစ်ဂိုးဂိုးမရှိရလဒ်နဲ့အနိုင်ရခဲ့တာကြောင့် ရမှတ်(၁၁)မှတ်နဲ့အုပ်စုဒုတိယအဖြစ် ဆီမီးဖိုင်နယ်ကို တတ်ရောက်ခဲ့ပါတယ်။ဗီယက်နမ်အသင်းကတော့ ဒီနေ့ပွဲစဉ်မှာ သရေကစားရုံနဲ့ အုပ်စုဗိုလ်အဖြစ် တတ်ရောက်နိုင်မီာဖြစ်ပေမယ့်လည်း မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေဘဲ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်လာမယ့် (၂၆)ရက်နေ့မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် မြန်မာနဲ့ထိုင်း မလေးရှားနဲ့အင်ဒိုနီးရှား အသင်းတို့ ဗိုလ်လုပွဲတတ်ရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*