မြေသိမ်းခံရ တောင်သူတွေကို တရားစွဲထားတဲ့ အမှုတွေ ဆိုင်းငံ့ပေးရန် မရှိဟု ဆို

မြေသိမ်းခံရ တောင်သူတွေကို တရားစွဲထားတဲ့ အမှုတွေ ဆိုင်းငံ့ပေးရန် မရှိဟု ဆို
August 23, 2017 Asian Fame

12:14 pm
မြေသိမ်းခံရ တောင်သူတွေကို တရားစွဲထားတဲ့ အမှုတွေ ဆိုင်းငံ့ပေးရန် မရှိဟု ဆို

myay(နေပြည်တော် ၊ သြဂုတ် ၂၃)

မြေသိမ်းခံရမှုတွေကို လက်ရှိမှာ ကော်မတီ အဆင့်ဆင့်က စစ်ဆေးနေတုန်းဖြစ်လို့ မြေသိမ်းခံ ရသူတွေကို တရား စွဲဆိုထားတဲ့ အမှုတွေ ဆိုင်းငံ့ပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က လွှတ်တော်ကို ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မှော်ဘီ မဲဆန္ဒနယ်အမတ် ဦးအောင်ဝင်း မေးမြန်းတဲ့ ” မြေသိမ်းပိုက်မှု ခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ် အတွင်း မူလသိမ်းပိုက်ထား သူများမှ သိမ်းပိုက် ခံရသည့် လယ်သမား များအား တရားရုံးများတွင် တရား စွဲဆိုနေခြင်း ကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန်” နဲ့ စပ်လျဉ်းတဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားရာမှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ကိုယ်စား ၎င်းက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

ဒီလို မြေသိမ်းခံရတဲ့ တောင်သူတွေကို တရား စွဲဆိုထားမှုတွေ ရုပ်သိမ်းပေးဖို့ ကိစ္စဟာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စစ်ဆေးရေး ဗဟိုကော်မတီက ပြောမှ သာ ဆောင်ရွက် လို့ရမှာဖြစ်တယ်လို့ တရား လွှတ်တော်ချုပ်က ဆိုပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီတရား စွဲဆိုမှုတွေဟာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက သူတို့ရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒအရ လုပ်တာဖြစ်တဲ့ အတွက် သူတို့ကျေအေး ရုပ်သိမ်းမှသာ ဖြစ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လကလည်း မန္တလေးမှာ သိမ်းဆည်းခံ လယ်မြေတွေပြန်ရဖို့ ၊တရားစွဲ ခံတောင်သူတွေရဲ့အမှုကို ရုတ်သိမ်းပေးဖို့ တောင်သူတွေ က သပိတ် စခန်း ဖွင့်ပြီး တောင်းဆိုခဲ့ကြပါသေးတယ်။

ဒါပေမယ့်လည်းပဲ ဇူလိုင် ၂၈ မနက် ၂ နာရီမှာတော့ ရဲ အင်အား ၁၀၀ ခန့်နဲ့ ၀င်ရောက် စီးနင်းလိုက်ကြတာ ဖြစ်ပြီး သပိတ်စခန်း ကတောင်သူ ၁၂ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြကာ လက်ရှိမှာ တောင်သူ အချို့တွေကို ပြန်လွှတ် ပေးထားပြီး တောင်သူအရေး ဦးဆောင်သူ ၁၂ ဦးကို ငြိမ်းစုစီဥပဒေနဲ့အရေးယူထားတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*